ကျောင်းများ ဖွင့်လှစ်လိုက်ပြီ ဖြစ် သော်လည်း ငဖဲမြို့နယ် ပဒါန်းကျေးရွာ
အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၌ အသစ်ဆောက်လုပ် ထား သော
ကျောင်းဆောင်သစ်မှာ ဆောက် လုပ်ရေး ကုမ္ပဏီမှ အပ်နှံနိုင်ခြင်း မရှိ
သေးသည့်အတွက် အခက်အခဲဖြစ်ပေါ် လျက်ရှိကြောင်း ကျောင်း သားမိဘ
တစ်ဦးကပြောသည်။ အဆိုပါ ကျောင်းဆောင်သစ်ကို အခြေခံပညာ ဦးစီးဌာနမှ ငွေကျပ် ၆၄၈
သိန်းချထားပေးပြီးကုမ္ပဏီ မှ တာဝန်ယူဆောက်လုပ်ပေးခြင်း ဖြစ် သည်။
ကျောင်းဆောင် အကျယ်အဝန်း မှာ ပေ ၁၈ဝ x ၃ဝ ရှိ (၆) ခန်းတွဲ ဖြစ် သည်။ ၂ဝ၁၃
ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် ဆောက် လုပ် နိုင်ခြင်း
ရှိသော်လည်း အဆောက်အအုံ အင်္ဂါရပ် ခိုင်မာမှုမရှိခြင်းကြောင့် ယခု ထက်တိုင်
ကျောင်းဆောင်သစ် လွှဲ ပြောင်းအပ်နှံနိုင်ခြင်း မရှိဟု သိရသည်။
”ပထမဆုံး ဆောက်ကတည်းကကို ပဲ အောက်ခံဖောင်ဒေးရှင်းကို ကျောက် ကြီးအပွတွေနဲ့ ခံတယ်။ သဲဒယ် ၂ဝ ကို ဘိလပ်မြေ ၂ ဒယ်လောက်နဲ့ အသုံးပြု တယ်လို့ သိရတယ်ဗျ။ ဘိဆောင့်တာ တောင် ၃/ ၂
ပြားလေးနဲ့ ဆောင့်တာ။ ကျောင်းအကျိုးတော်ဆောင်တွေ၊ အလုပ်အမှုဆောင်တွေ မလာခင်
လုပ် သွားတာ။ ပေ ၁၈ဝကို ၃ဝ စီခွဲလုပ် သွားတာ။ ဟိုးမြောက်ဘက်လည်း ရောက်ရော
ဖောင်ဒေးရှင်းက လွဲသွား တယ်။ အပေါ်က နံရံတွေစီတော့ ကျိုက် ထီးရိုးဘုရား
တည်သလို တစောင်း ကြီးဖြစ်နေတာ။ သုံးထားတဲ့ သစ်တွေက လည်း မမှန်ဘူး။
တံခါးတွေဆိုတာ ခု ပိတ်မ ရတော့ဘူး။ နံရံတွေအက်ကွဲကုန် ပြီ။
အောက်ခံဖောင်ဒေးရှင်းတွေလည်း
ကျိုးပျက်လာပြီ။ သဘာဝဘေးဒဏ်နဲ့ ကြုံတွေ့လာရင် ဥပမာ ငလျင်များ လှုပ်
လို့ကတော့ ကျောင်းသားမိဘ တစ် ယောက်အနေနဲ့ ရင်လေးမိတယ်ဗျာ” ဟု
ကျောင်းအကျိုးတော်ဆောင်ဖြစ် သူ ကျောင်းသားမိဘ ဦးမြင့်ေ ဆာင်မှ ပြော ပြသည်။
ယခုအခါ ကျောင်းများ ဖွင့်လှစ် ပြီဖြစ်သော်လည်း ကျောင်းအရည်အ သွေး မခိုင်မာမှုကြောင့် ကျောင်းဆောင် သစ် အပ်နှံနိုင်ခြင်း မရှိသေး ဘဲ ကျောင်း သားဦးရေနှင့် ကျောင်းဆောင် ထားရှိ နိုင်မှု မမျှတမှု ဖြစ်နေသောကြောင့် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်း ကော်မတီလူကြီးများ စိုးရိမ်လျက်ရှိ သည်ဟု ဆိုသည်။ အဆိုပါ ကျောင်းဆောင်သစ်မှာ ကွဲအက်ခြင်း၊ ရွဲ့စောင်းခြင်းများ ဖြစ်နေ သည့်အတွက် ကျောင်းသားမိဘများ အနေဖြင့် ဘေးအန္တရာယ်ဆိုး ကျရောက် မည်ကို စိုးရိမ်ပူပန်နေကြောင်း သိရ သည်။
ဦးမင်း
Popular Myanmar News Journal
”ပထမဆုံး ဆောက်ကတည်းကကို ပဲ အောက်ခံဖောင်ဒေးရှင်းကို ကျောက် ကြီးအပွတွေနဲ့ ခံတယ်။ သဲဒယ် ၂ဝ ကို ဘိလပ်မြေ ၂ ဒယ်လောက်နဲ့ အသုံးပြု တယ်လို့ သိရတယ်ဗျ။ ဘိဆောင့်တာ တောင် ၃/