လက်ဘနွန်မှ ဟက်ဇဘိုလာလှုပ်ရှားမှုမှ တိုက်ခိုက်ရေးသမားထောင်ပေါင်းများစွာ ပါဝင်တိုက်ခိုက်ပြီးနောက် မဟာဗျူဟာကျနေရာတွင် တည် ရှိသည့် ကူဆေယာမြို့ကို ဆီးရီးယားအစိုးရတပ်က သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က မီဒီယာထုတ်ပြန်ချက်တစ်ခုတွင် ပါရှိသည်။
“အကြမ်းဖက်သမားတွေအများအပြားကို
သတ်ခဲ့ပြီး တချို့ကို ဖမ်းဆီးပြီးနောက်မှာတော့ ဆီးရီးယားတပ်ဟာ ဟွန်းစ်နယ်က
ကူဆေယာကို လုံးဝ ထိန်းချုပ်လိုက်ပါပြီ” ဟု နိုင်ငံပိုင်တီဗီသတင်းတွင်
ပါရှိသည်။
နိုင်ငံပိုင်သတင်းအေဂျင်စီ ဆာနာတွင် စစ်တပ်သည် ကူဆေယာမြို့တွင် လုံးဝ လုံခြုံရေးကို ပြန်လည်တည်ဆောက်ပြီးစီးကြော င်းပြောကြားပြီး ကူဆေယာတွင် ရောက်ရှိနေသည့် သတင်းထောက်တစ်ဦးက ကူဆေယာမှ သူပုန်များထွက်ပြေးသွားပြီ ဖစ်ကြောင်း ပြောကြားချက်ကို တီဗီ တွင် ထုတ်လွှင့်ပြသခဲ့သည်။
သမ္မတအာဆတ်တပ်များနှင့် ဟက်ဇဘိုလာတိုက်ခိုက်ရေးအဖွဲ့ များသည် မေ ၁၉ မှစတင်၍ ဘက်ဘနွန်နယ်စပ်ရှိကူဆေယာကို ပြန်လည်ရရှိရေးအတွက် တိုက်ခိုက်မှုစတင်ခဲ့သည်။
သူပုန်များသည်လည်း ရှေ့တန်းတပ်မှ ခြောက်မိုင်သာယေးသည့် မြို့ကိုချုပ်ကိုင်ထားနိုင် ရေးအတွက် တိုက်ခိုက်ကြပြီး လက်ဘနွန်မှ အကူ တပ်သားရာပေါင်းများစွာ ကူညီတိုက်ခိုက်ခဲ့ကြသည်။
၎င်းတို့တိုက်ပွဲအရှိန်မြင့်တက်လာပြီး
ဒဏ်ရာရ အရပ်သားများသည် မြို့ထဲတွင် ပိတ်မိနေခဲ့သည်။ ဆရာဝန်များက
ဒဏ်ရာရရှိထားသူများကို ကုသခွင့် ပေးရန် ကြက်ခြေနီတပ်ဖွဲ့တောင်းဆိုခဲ့သော်လည်း
အစိုးရက သူပုန်များ ရှုံးနိမ့်သွားမှသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။ ကူဆေယာမှ ထွက်ပြေးရန် ကြံစည်ခဲ့သောအရပ်သားများက “
ပျက်စီးနေတဲ့မြို့လေ၊ အရမ်းပျက်စီးနေတယ်ပြီးတော့ ဗုံးသံတွေလည်း ပြည့်နေ
တယ်” ဟု ပြောကြားကြောင်း ဒုက္ခသည်များမဟာဝန်ရှင်တော်မ င်းကြီးရုံးမှ အင်္ဂါနေ့က ပြောကြားသည်။
ယောကျားများသည် စောင့်ကြပ်နေရာများတွင် အသတ်ခံရသောကြောင့် လွတ်မြောက်လာသူအများစုသည် မိန်းမများနှင့် ကလေးများ ဖြစ်ကြ ကြောင်း ပြောရေး ဆိုခွင့်ရှိသူ မီလစ်ဆာ ဖလီးမင်းက ဆိုသည်။
ကူဆေယာမြို့ကို ထိန်းချုပ်ထားခြင်းသည် သူပုန်များအတွက်အရေးကြီးပြီး လက်ဘနွန်မှ လက်နက်များ တိုက်ခိုက်ရေးသမားများ ပို့ဆောင် လာသည့် အဓိက လမ်းကြောင်းနေရာဖြစ်သည်။
အစိုးရတပ်များအတွက်လည်း ဒမက်စကတ်နှင့် နောက်တန်းတပ်ရှိသောကမ်းခြေပိုင်းကို ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိ သောကြောင့် အရေးကြီးသည်။
သံတမန်ဘက်တွင်လည်း ဂျနီဗာ အရာရှိများတွေ့ဆုံပွဲတွင် သမ္မတအာဆတ်အစိုးရနှင့် သူပုန်တို့ကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး မည်ဖြစ်မြောက်ရေးအတွက် သတ်မှတ်ချက်များထုတ်ပြန်ရန် မျှော်လင့်နေကြသည်။
ယခုတွေ့ဆုံပွဲသည်ပြင်သစ်နို င်ငံက သမ္မတအာဆတ်တပ်သည် ဆီးရီးယားပြည်တွင်းစစ်အတွင်း ဓာတုလက်နက်ကို အသုံးပြုခဲ့ကြောင်း သက်သေရှိကြောင်း ပြောကြား ပြီးချိန်တွင်ကျင်းပခြင်းဖြ စ်သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး
လောရင့်ဖေးဘီယတ်စ်က ဆီးရီးယားမှသယ်ဆောင်လာသည့် နမူနာများကို
ကျွမ်းကျင်သူများက ဓာတ်ခွဲစမ်းသပ်ခဲ့ပြိး ကုလသမဂ္ဂထံ ရလာဒ်များကို
ပို့ဆောင်ခဲ့ကြောင်း ပြောကြားသည်။
၎င်းက တွေ့ရှိရသည့် ဓာတုလက်နက်သည် ဆာရင်းဓာတ်ငွေ့ဖြစ်ကြောင်းေ ပြာကြားခဲ့ပြီး အစိုးရနှင့် အပေါင်းအပါတပ်များသုံးစွဲသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း ဆိုသည်။
ဝါရှင်တန်အစိုးရနှင့် မော်စကိုအစိုးရသည် လူပေါင်း ၉၄၀၀၀ ကျော် သေဆုံးခဲ့ရပြီးသည့် နှစ်ဆယ့်ခြောက်လကြာ ပြည်တွင်းစစ်ပြီးဆုံးစေရန် အစိုးရနှင့် အတိုက်အခံတို့စေ့စပ်ညှိနှိုင်းရန်ကြိုးပမ်းနေကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇွန်လအစောပိုင်းတွင်ကျင်းပေ စရန် ရည်ရွယ်သော်လည်း ဇူလိုင်လတွင်ကျင်းပမည်ဖြစ်ကာ အိမ်ဖြူတော်ကလည်း ဓာတုလက်နက်သုံးစွဲမှုစွပ်စွဲ သည့်အချက်ကို ၎င်းလက်နက်များသုံးခဲ့ကြောင်း ကောက်ချက်မဆွဲမီထပ်မံသိချင် သေးကြောင်း သတိကြီးစွာတုံ့ပြန်ခဲ့သည်။ “ဆုံးဖြတ်ချက်ချဖို့ဆိုရင် ကျွန်တော်တို့ဆီမှာရှိတဲ့ သက်သေတွေပိုများဖိုလိုအပ်တယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဂျေး ကာနေးက ဆိုသည်။ ဂျနီဗာရှိ ဆီးရီးယားစုံစမ်းစစ်ဆေးရေးေ က်ာမရှင်က “ဓာတုပစ္စည်းကို လက်နက်အဖြစ်သုံးခဲ့တယ်ဆိုတာ သင့်လျော်တဲ့ သံသယဖြစ်ဖွယ်ရာအချက်တွေရှိပါတယ်” ဟု အင်္ဂါနေ့တွင်ပြောကြားသည်။
မြန်မာ့ခေတ်
“အကြမ်းဖက်သမားတွေအများအပြာ
နိုင်ငံပိုင်သတင်းအေဂျင်စီ ဆာနာတွင် စစ်တပ်သည် ကူဆေယာမြို့တွင် လုံးဝ လုံခြုံရေးကို ပြန်လည်တည်ဆောက်ပြီးစီးကြော
သမ္မတအာဆတ်တပ်များနှင့် ဟက်ဇဘိုလာတိုက်ခိုက်ရေးအဖွဲ
သူပုန်များသည်လည်း ရှေ့တန်းတပ်မှ ခြောက်မိုင်သာယေးသည့် မြို့ကိုချုပ်ကိုင်ထားနိုင်
၎င်းတို့တိုက်ပွဲအရှိန်မြင့်တက
ယောကျားများသည် စောင့်ကြပ်နေရာများတွင် အသတ်ခံရသောကြောင့် လွတ်မြောက်လာသူအများစုသည် မိန်းမများနှင့် ကလေးများ ဖြစ်ကြ ကြောင်း ပြောရေး ဆိုခွင့်ရှိသူ မီလစ်ဆာ ဖလီးမင်းက ဆိုသည်။
ကူဆေယာမြို့ကို ထိန်းချုပ်ထားခြင်းသည် သူပုန်များအတွက်အရေးကြီးပြီ
အစိုးရတပ်များအတွက်လည်း ဒမက်စကတ်နှင့် နောက်တန်းတပ်ရှိသောကမ်းခြေပ
သံတမန်ဘက်တွင်လည်း ဂျနီဗာ အရာရှိများတွေ့ဆုံပွဲတွင် သမ္မတအာဆတ်အစိုးရနှင့် သူပုန်တို့ကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေး မည်ဖြစ်မြောက်ရေးအတွက် သတ်မှတ်ချက်များထုတ်ပြန်ရန်
ယခုတွေ့ဆုံပွဲသည်ပြင်သစ်နို
ပြင်သစ်နိုင်ငံခြားရေးဝန်ကြ
၎င်းက တွေ့ရှိရသည့် ဓာတုလက်နက်သည် ဆာရင်းဓာတ်ငွေ့ဖြစ်ကြောင်းေ
ဝါရှင်တန်အစိုးရနှင့် မော်စကိုအစိုးရသည် လူပေါင်း ၉၄၀၀၀ ကျော် သေဆုံးခဲ့ရပြီးသည့် နှစ်ဆယ့်ခြောက်လကြာ ပြည်တွင်းစစ်ပြီးဆုံးစေရန် အစိုးရနှင့် အတိုက်အခံတို့စေ့စပ်ညှိနှိုင
ငြိမ်းချမ်းရေးဆွေးနွေးပွဲက
မြန်မာ့ခေတ်