အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

06 June, 2013

ငြိမ်းချမ်းစွာ စီတန်းလှည့်လှယ်ခြင်းဆိုင်ရာဥပဒေအရ ပြစ်ဒဏ်များချမှတ်

မုံရွာမြို့နယ် တရားရုံးမှ ယခုလ ၅ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲအချိန်ခန့်ကငြိမ်းချမ်းစွာစီတန်းလှည့် လှယ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ငွေဒဏ် သုံးသောင်းကျပ် ပေးဆောင်စေရန်နှင့် ငွေဒဏ်ပေးဆောင်ရန်ပျက်ကွက် ခဲ့ပါက ထောင်ဒဏ်တစ်လကျခံစေဟု ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း ရဲမှုခင်း
မှတ်တမ်းများအရ သိရသည်။
အဆိုပါ ပြစ်ဒဏ်များချမှတ်ခြင်းခံရသူ ကိုနွေဦးကို၊ ကိုဟိန်းဇော်ဝင်း၊နှင့် ကိုထင်သျှားပြည့်လျှံဦး ဆိုသူ သုံးဦးတို့သည် ပြီးခဲ့သည့်လ ၂၄ ရက်နေ့ ကဆုန်လပြည့်နေ့ ညနေ ၄ နာရီအချိန်ခန့်က ညောင်ရေသွန်းပွဲ၌ အောက်ခံ
အဖြူရောင်ပေါ်တွင် အနီရောင်စာသားဖြင့် ဗမာ နိုင်ငံတွင်ဖြစ်ပွားနေသော အကြမ်း ဖက်ဖြေရှင်းမှုများကို ရှုတ်ချခြင်းနှင့် ဆုတောင်းညောင်ရေသွန်းပွဲဟု စာတမ်းပါ လက်ကိုင်ပိုစတာများ ကိုင်ဆောင်၍ ကျင်းပပြုလုပ်ခဲ့ ခြင်းအပေါ်
ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးအဖွဲ့များမှ ယင်းကဲသို့ အရေးယူခဲ့ခြင်း
ဖြစ်ကြောင်း ရဲဌာနပိုင် သတင်းများက ဆိုသည်။

၎င်း အမှုအား မုံရွာ အမှတ်(၁)ရဲစခန်း (ပ) ၃၂၈/၂၀၁၃ ငြိမ်းချမ်းစွာစုဝေးခွင်
့နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) အရ အမှုရေးဖွင့်ခဲ့ပြီး တရားစွဲဆိုခဲ့ရာ မုံရွာမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၁၉၃၃/၂၀၁၃ ၊
ငြိမ်းချမ်းစွာစီတန်း လှည့်လှယ်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ အရ အမိန့်ချမှတ်ခဲ့ခြင်း
ဖြစ်သည်။

Monywa Times

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...