အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

စိုးသူ - မွေးရပ်မြေတောင်တွင်းကြီးမြို့က ချစ်စရာကောင်းတဲ့မြို့လေးပါ

ကျွန်တော့်ရဲ့မွေးရပ်ဇာတိမြို့ က တောင်တွင်းကြီးမြို့ကပါ။ ဘာ ဖြစ်လို့လဲဆိုတော့ (၂)နှစ်သား လောက်တည်းကစပြီး တောင်တွင်း ကြီးမြို့ကနေပြောင်းသွားခဲ့တာဆို တော့ သိပ်မမှတ်မိတော့ဘူး။
ဒါပေမဲ့ ကြီးလာတဲ့အခါမှာ သီချင်းဆိုဖို့ အတွက် မွေးရပ်မြေကို ပြန်ရောက် ခဲ့ပါတယ်။ အဲဒီချိန်မှာ ကိုစိုးသူက စီးရီးခွေတော်တော်များများနဲ့ ရုပ် ရှင်သရုပ်ဆောင်သက်တမ်းလည်း တော်တော်ရနေတဲ့အချိန်အခါဖြစ်နေပြီပေါ့။ အဲဒီချိန်မှာ ကျွန်တော့် ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင် တွင်းကြီးမြို့မှာ စတိတ်ရှိုး ပြန်ဆိုဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး ကိုစိုးသူရဲ့မွေးရပ်မြေကို ကြီးပြင်းမှ

"ကာတွန်းဇာတ်ကောင်နှင့်သရုပ်ဆောင်အနုပညာ"

မြန်မာကာတွန်းဆရာများ၏ အနုပညာလက်ရာဟန်များတွင် ကလောင်နာမည်နှင့်တွဲသိမြင်ပြီး လူကြိုက်များ၍ထင်ရှားအောင်မြင်ကျော်ကြားသည့်ဇာတ်ကောင်အရုပ်လက်ရာဟန်များရှိကြသည်။
အဆိုပါဇာတ်ကောင်များကိုရုပ်ရှင်ဗီဒီယိုဇာတ်လမ်းအဖြစ်ပြန်လည်အသက်သွင်းပုံဖော်ရိုက်ကူးခဲ့ကြသည် 
ကိုလည်းတွေ့ရသည်။ကာတွန်းမြင့်သိန်း၏" စံရွှေမြင့်" ဇာတ်ကောင်၊ကာတွန်းမောင်မောင်အောင်၏

ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူး ဆိုတဲ့ ရေဗက္ကာဝင်း

ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူးဆိုတဲ့ရေဗက္ကာဝင်းအောင်မြင်မှု ဆိုတာ ကိုယ့်ရဲ့ အောင်မြင်မှုက ကိုယ်ကိုယ်တိုင် လည်း စိတ်ချမ်း သာရမယ်။ အများ သူငါ ကလည်း လိုလိုလားလားလက် ခံထားတဲ့ အောင်မြင်မှုမျိုး ဖြစ်ရမယ်။ အဲဒါမျိုးကို အောင်မြင်မှုလို့ ရေဗက္ကာ ထင်ပါတယ်။ အောင်မြင်မှု ရဖို့က ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံးပေး ဆပ်ရမယ်။ မဆုတ်မနစ် ကြိုးစားရမယ်။ ကိုယ်က ဖြစ်ချင်တဲ့ စိတ်ရှိရင် မဖြစ်ဖြစ်အောင် ကြိုးစားရမယ်။ ဘယ်လောက် အထိကြိုး စားရမလဲ

လေမိုး ရုတ်တရက် ကျရောက်ခဲ့မှုကြောင့် ညောင်ဦးမှ ရန်ကုန်သို့ထွက်ခွာခါနီးလေယာဉ် ခရီးစဉ် နာရီဝက်ကျော်စောင့်ဆိုင်း ခဲ့ရ

ညောင်ဦးမြို့တွင် ဇွန် ၃ ရက်နေ့ ညနေပိုင်းက ညောင်ဦးမြို့မှ ရန်ကုန်မြို့ သို့ ထွက်ခွာခါနီးလေယာဉ်ခရီးစဉ် တစ်ခုလေမိုးရုတ်တရက်ကျရောက်
လာမှုကြောင့်ခရီးသည်များလေယာဉ် ပေါ်မှလေဆိပ်အဆောက်အအုံအတွင်း ပြန်လည်ပို့ဆောင်ကာ နာရီဝက်ကျော် စောင့်ဆိုင်းခဲ့ရကြောင်းသတင်းရရှိပါ သည်။
''မိနစ်ပိုင်းလေး နောက်ကျသွား တယ်။လေမိုးက ရုတ်တရက်ကျလာ တော့ နာရီဝက်ကျော်ကျော်လောက်

သံဖြူဇရပ်မြို့မဈေး ပြန်လည်တည်ဆောက်နေပြီ

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မီးလောင်ကျွမ်းခဲ့သည့် မြို့မဈေးကြီးအား မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဖူးကုမ္မဏီက အသစ်ပြန်လည်တည်ဆောက်နေပြီ ဖြစ်သည်။
 အဆိုပါ ဈေးသစ်ကြီးကို ဇွန်လ ၂ ရက်နေ့တွင် စတင်ပန္နက်ချ၍ တစ်ထပ်သံဖရိမ် အမိုးအောက်အခင်း

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများ ပြန်လည်ခေါ်ယူ

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်း အဝေးများကို ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင် မည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့တွင် ပြန်လည်စတင်ရန် ခေါ်ယူထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
လွှတ်တော်ကိုယ်စားများအနေနှင့် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် ဇွန်လ ၂၃ ရက်နေ့

ကမ္ဘာ့ တောင်ပိုင်း ရေပိုင်နက်သို့ရေငုပ်သင်္ဘောများ စေလွှတ်ရန် ရုရှားစီစဉ်

ရုရှားနိုင်ငံသည် နျူကလီးယား ထိပ်ဖူးပါရှိပြီး ပဲ့ထိန်းဒုံး စနစ် တပ်ဆင်ထားသော ဒုံးပျံများ တပ်ဆင်ထားသည့် ရေငုပ်သင်္ဘောများကို ကမ္ဘာ့တောင်ပိုင်းရှိ နိုင်ငံတကာ ရေပြင်သို့ ဆိုဗီယက် ယူနီယံ ပြိုကွဲပြီး ကတည်းကပထမဆုံးအကြိမ် အဖြစ် စေလွှတ်သွားရန် စီစဉ်လျက်ရှိကြောင်း ရုရှား စစ်ဘက်ဆိုင်ရာ

ရန်ကုန်မြို့ရှိ မြို့တွင်း မြို့ပြင် လမ်းပေါင်း ၃ဝဝ ကျော်ကို အဆင့်မြှင့်တင်ရန် လျာထား

ရန်ကုန်မြို့တော် လမ်းပန်းဆက်သွယ် သွားလာမှု ပိုမိုတိုးတက် ကောင်းမွန်ရန် အတွက်
၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် မြို့တွင်း၊ မြို့ပြင် လမ်းပေါင်း ၃ဝဝ ကျော်ကို အဆင့်မြှင့်တင်ရန် အတွက် ငွေကျပ် သန်းပေါင်း ၄ဝဝဝဝ ကျော် သုံးစွဲရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး

တရုတ် ကြက်သားစက်ရုံမှာ မီးလောင် အနည်းဆုံး ၁၁၉ ဦးသေ

တရုတ်နိုင်ငံက ကြက်မွေးမြူထုတ်လုပ်ရေး စက်ရုံတရုံ က မီးလောင်မှု ကြောင့် အနည်းဆုံး လူပေါင်း ၁၁၉ ယောက်သေ ဆုံးသွားတယ်လို့သိ ရ ပါတယ်။ Jilin ပြည်နယ် Dehui မြို့က ကြက်သားစက်ရုံ မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။မီးစတင်လောင်ကျွမ်းချိန်မှာ စက်ရုံထဲမှာ အလုပ်သမားပေါင်း ၃၀၀ ရှိနေပြီး ဂိတ်တွေသော့ခတ်ထားတဲ့ အတွက်ကြောင့် အထဲမှာ ပိတ်မိခဲ့တယ်လို့ဆိုပါတယ်။
စက်ရုံရဲ့အတွင်းပိုင်း တည်ဆောက်ဖွဲ့စည်းပုံကလဲ ရှုပ်နေသလို လမ်းတွေလည်း ကျဉ်းမြောင်းတဲ့အတွက်

ရှမ်းပြည်တောင်ပိုင်းတပ်ဥက္ကဌ ယွက်စစ် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) အဖွဲ့ဥက္ကဌ ဦးယွက်စစ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဇွန်လ ၁၀ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။
 အခုလိုတွေ့ဆုံနိုင်ဖို့ SSAအဖွဲ့က တောင်းဆိုခဲ့တာလို့ သိရပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒု-ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းတွေ

ထိုင်ဝမ်သမ္မတဟောင်း ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့ ကြိုးစားခဲ့

ထိုင်ဝမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း Chen Shui-bian ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ ကြိုးစားခဲ့တယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။
သူ့အပေါ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြတာလို့ သိရပါတယ်။
ဒါပေမယ့် ထောင်အစောင့်တွေက အချိန်မှီတွေ့ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်သေကြောင်းကြံတဲ့ အစီအစဉ်

မြန်မာဟာ ကမ္ဘာ့စီးပွားရေးညီလာခံ အိမ်ရှင်အဖြစ် ထိုက်တန်လို့ သြစီသံအမတ်ဆို

မြန်မာ နိုင်ငံမှာ တာဝန်ကျနေတဲ့ သြစတြေးလျသံအမတ်ကြီး Bronte Moules က မြန်မာ နိုင်ငံဟာ အပြောင်းအလဲတွေ လုပ်ဖို့ တစိုက်မတ်မတ် တကယ့်ကို လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွါးရေး ညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် တာဝန် ရသင့် ရထိုက်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ။် ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကြောင်းဆီကို ဦးတည်နေသလဲ ဆို တာ က တော့ မေးခွန်း ထုတ်စရာ ဖြစ်နေသေးတဲ့ အတွက် ခုလို ကမ္ဘာ့စီးပွားရေး ညီလာခံကို အိမ်ရှင်အဖြစ်

သြစီက ရခိုင်ပြည်က ဒုက္ခသည်တွေအတွက် ဒေါ်လာ ၁.၅ သန်းပေးမယ်

သြစတြေးလျအစိုးရက ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် နေရာရွှေ့ပြောင်းနေရသူတွေကို ကူညီဖို့အတွက် ဒေါ်လာ ၁.၅ သန်းကို ထပ်မံ ကူညီထောက်ပံ့မယ်လို့ သိရပါတယ်။
 ရခိုင်ပြည်တွင်းက ဒုက္ခသည်အယောက်ပေါင်း ၄၀၀၀၀ သောက်သုံးရေရရှိရေး၊ ကိုယ်လက်သန့်စင်ရေးတွေအတွက် ကုလသမဂ္ဂကလေးသူငယ်များ ရံပုံငွေအသင်း UNICEF ကနေ တဆင့်

ရိုဟင်ဂျာတွေကလေး ၂ယောက်ထက် မယူရ အမိန့်ကို အစိုးရ ပြန်လည်သုံးသပ်မယ်

မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်စလင်တွေ ကလေး ၂ယေက်ထက် ပိုပြီး မယူရ ဆိုတဲ့ အမိန့် ထွက်ပေါ်လာတာကို ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ဝိုင်းပြီး ဝေဖန်ခဲ့တဲ့ အတွက် အခု အခါမှာ မြန်မာ အစိုးရက ပြန်လည် သုံးသပ်တော့မယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ စစ်အုပ်ရေးကာလကတည်းက ချမှတ်ခဲ့တဲ့ စည်းမျဉ်းကို အာ ဏာ ပိုင် တွေ က

လက်သည်းများနှင့် ကျန်းမာရေး

၁။ လက်သည်းများ အရောင် ဖျော့နေခြင်း
သွေးအားနည်းခြင်း၊ နှလုံးသွေး အိုင်၍ အလုပ်မလုပ်နိုင်ခြင်း (Congestive Heart Failure)၊ အသည်း ရောဂါနှင့်အာဟာရမပြည့်ဝမှုတို့၏ လက္ခဏာဖြစ်နိုင်ပါတယ်။
၂။ လက်သည်းများဖြူနေပြီး လက် သည်း၏နှုတ်ခမ်းသားများ အရောင် ရင့်နေခြင်း က အသည်းရောဂါ လက္ခဏာတစ်ခုဖြစ်သည့် အသည်း ရောင်ခြင်းဖြစ်နိုင်ပါတယ်။
၃။ လက်သည်းများဝါနေခြင်း

တက္ကသိုလ်ဘာသာရပ်ကို ဆယ်တန်းအမှတ်ဖြင့် မဆုံးဖြတ်ရန် တစ်နိုင်ငံလုံးက သဘောတူသည်ဟုဆို

တက္ကသိုလ်တွင်သင်ကြားမည့် အထူးပြုဘာသာရပ်ကို ဒသမတန်းအောင်မြင်သည့် အမှတ်အရေအတွက်ဖြင့် မဆုံးဖြတ်ရန် နိုင်ငံအနှံ့အပြား၌ ပြုလုပ်ခဲ့သည့် ပညာရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲရေး ကွန်ရက်၏ကိုယ်စား ဒေါက်တာသိန်းလွင် က ပြောသည်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ညီလာခံကျင်းပရေး အကြိုရှင်းလင်းသည့် ရန်ကုန်မြို့တွင်

တိုက်လေယာဉ်များတွင် အသုံးပြုနိုင်သည့် ပဲ့ထိန်းဗုံးများ အိန္ဒိယ ထုတ်လုပ်.

အိန္ဒိယ နိုင်ငံသည် ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှု စွမ်းရည်ကို မြှင့်တင်သည့် အနေဖြင့် တိုက်လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်သော ပဲ့ထိန်းဗုံးများကို ထုတ်လုပ်လျက်ရှိ ကြောင်းနှင့် ၎င်းပဲ့ထိန်းဗုံးပါ
တိုက်လေယာဉ်များကို ၂ဝ၁၄ ခုနှစ် အကုန်ပိုင်းတွင် ဖြန့်ချနိုင်ဖွယ် ရှိကြောင်း ဇွန် ၂ ရက်က အိန္ဒိယနိုင်ငံ

ဘီဘီစီ မြန်မာပိုင်း မိုဘိုင်းဖုန်းမှ တဆင့် သတင်းရောင်းမည်

မိုဘိုင်းဖုန်း မှတဆင့် တရက်လျှင် နှစ်ကြိမ် သတင်းနားထောင်နိုင်မည့် သတင်းရောင်းချသည့် ဝန်ဆောင်မှုကို ဘီဘီစီ ရေဒီယို မြန်မာပိုင်းက စတင် ဆောင်ရွက်နေပြီဟု ယင်းဝန်ဆောင်မှုကို လုပ်ပေးသည့် Blue Ocean Operating Management ကုမ္ပဏီ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင် က ဇွန် ၃ ရက်တွင်ပြောကြား လိုက်သည်။ ဘီဘီစီ၏ အသံလွှင့် သတင်းလွှာကို မနက် ၈ နာရီတွင် တကြိမ်၊ ညနေ ၆ နာရီ မိနစ် ၃၀ တွင် တကြိမ် မိုဘိုင်းဖုန်း များသို့ ပို့ပေးသွားမည်ဖြစ်ပြီး ရယူလိုပါက မိမိ၏

စင်ကာပူ နိုင်ငံ Dimensions International ကောလိပ်မှ ကျောင်းဝင်ခွင့်ခေါ်ယူ

စင်ကာပူ နိုင်ငံရှိ Dimensions International ကောလိပ်တွင် တက်ရောက်ရန် မြန်မာ နိုင်ငံမှ တက္ကသိုလ် ဝင်တန်း ဖြေဆို၊ အောင်မြင် ထားသော ကျောင်းသား၊ ကျောင်းသူများ
IELTS/TOFEL မလိုဘဲ အလုပ်သင်ပါ တွဲဖက် ပါဝင်မည့် ဟိုတယ်ဆိုင်ရာ ဘာသာရပ် များနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များကို ဇွန်၊ ဇူလိုင် ကျောင်းဝင်ခွင့် အတွက် စတင် လျှောက်ထားနိုင်ကြောင်း

နွေစပါးများ ဈေးကောင်းရရှိ

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် မအူကွင်း နွေစပါးစိုက် တောင်သူ လယ်သမားကြီးများ စပါးများ ရိတ်သိမ်း ခြွေလှေ့ ပြီးချိန်တွင် စပါးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဈေးကောင်း ရရှိနေကြောင်း သိရသည်။ ယခုနှစ် စပါးဈေးသည် ယခင်နှစ်နှင့် မတူဘဲ မေလမှာ စပါးတင်း တစ်ရာကို ငစိန် ငွေကျပ် ၃၈ဝဝဝဝ၊ ဧည့်မထနှင့် ပေါ် ကျွဲ ငွေကျပ် ၄၂ဝဝဝဝ ၊ ပေါ်ဆန်း ငွေကျပ် ၅၁ဝဝဝဝ ပေါက်ဈေး ရှိကြောင်း၊

ကမ္ဘာ့ သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) မှ ၂၀၁၃ ခုနှစ်အတွက် ချီးမြှင့်သော ရွှေကလောင်ဆု (Golden Pen of Freedom) ပေးပွဲအခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော မိန့်ခွန်း

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် အယ်ဒီတာများ ခင်ဗျား . . .
အခုလို ဒီနေရာမှာ ပြောခွင့်ရတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ဒီဆုချီးမြှင့်ခံရတယ်လို့ အကြောင်းကြားလာတဲ့ အချိန်မှာ တကယ့်ကို အံ့အားသင့်မိပါတယ်။ ကျွန်တော့်ရဲ့ Profession နဲ့ အလုပ်အတွက် အခုလို အသိအမှတ်ပြု ခံရမယ်လို့ တစ်ခါမှ မျှော်လင့်မထားမိပါဘူး။ရိုးရိုးသားသား ပြောရမယ်ဆိုရင် အရင်တုန်းက ဒီဆုအကြောင်းကို

ရုရှား၌ ဆေးလိပ် မသောက်ရ ဥပဒေ အာဏာ သက်ဝင်ပြီ

ရုရှားနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌
ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်၍ ဆေးရွက်ကြီး ကြော်ငြာများကို တားမြစ်သော ဥပဒေသည် ဇွန် ၁ ရက်မှစ၍ အာဏာသက်ဝင်မည် ဖြစ်ကြောင်း ဇွန် ၂ ရက် သတင်းတွင် ဖော်ပြသည်။ လုပ်ငန်းခွင်များ၊ တိုက်ခန်းများ၏ လှေကားများ၌ လည်းကောင်း၊ ဘတ်(စ်)ကားများ၊ လူစီးရထားများပေါ်၌ လည်းကောင်း၊

မျိုးဆက်ပွား ကျန်းမာရေး စီမံကိန်းသစ် မြန်မာနိုင်ငံတွင် ကုလစတင်မည်

သားဆက်ခြားပစ္စည်း လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) နှင့် နိုင်ငံတကာအဖွဲ့အစည်း IPPF(International Planned Parenthood Federation) တို့ ပူးပေါင်းကာ မျိုးဆက်ပွား ကျန်းမာရေး စီမံကိန်းသစ် စတင်မည် ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ထိ မလေးရှားနိုင်ငံတွင် ကျင်းပသော အမျိုးသမီး

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား။

တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။
အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက်

ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့Global Platform Action Aidဒုတိယအသုတ် လေ့လာရေးအစီအစဉ်

ဇွန်လ၊ ၃ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ ''Global Platform Action Aid'' မှ ဒုတိယအသုတ် သင်တန်းသား ကျောင်းသားကျောင်းသူ၂၃ ဦးသည် လေ့လာရေးအစီအစဉ်အဖြစ်ရောက်ရှိခဲ့ကြသည်။
အဆိုပါကျောင်းသားကျောင်းသူများအား ၈၈မျိုးဆက်မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ပြုံးချိုနှင့်

ကမ္ဘောဒီးယားရှိ Nike ဖိနပ်စက်ရုံ အလုပ်သမားများ အဓိကရုဏ်းဖြစ်ပွား

Nike ဖိနပ်စက်ရုံ အလုပ်သမား ၄,၀၀၀ ခန့်က လုပ်ငန်းခွင် အဆင်မပြေမှုနှင့် လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ တိုးမြှင့်ရရှိလိုကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် Nike အမှတ်တံဆိပ် ဖိနပ်စက်ရုံ အလုပ်သမားများကြား ဇွန်လ ၃ ရက် (တနင်္လာနေ့) က အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ Nike ဖိနပ်စက်ရုံ အလုပ်သမား ၄,၀၀၀ ခန့်က

မမ်မတ်သ်ဆင်များ မွေးထုတ်ပေးရန် သုတေသနပညာရှင်များ မျှော်လင့်

လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရေခဲသင်္ချိုင်းမြေတွင် နစ်မြုပ်နေခဲ့ပြီး ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည့် မမ်မတ်သ်ဆင်ကြီး တစ်ကောင်၏ ရုပ်အလောင်းအတွင်း သွေးနှင့် ကြွက်သား တစ်သျှူးများကို ရရှိခဲ့သည့်နောက် ယင်းတို့ကို DNAနည်းဖြင့် ပုံတူမျိုးပွားကာ ကမ္ဘာမြေပေါ် ပြန်လည် ဆောင်ကြဉ်းလာရန် ပညာရှင်များက မျှော်လင့်ေ
ရုရှားနှင့် တောင်ကိုရီးယား သုတေသန ပညာရှင်များသည် အေးခဲနေသည့် ရှေးဟောင်း ရေခဲခေတ် မွေးထူ

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများ သဘောထားထုတ်ပြန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း မစတင်မီ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ လိုအပ်ချက်များကို ပိုမိုတိုးတက်အောင် ပထမဦးစားပေး ဆောင်ရွက်သင့်ကြောင်း ဒေသခံများက သဘောထား ထုတ်ပြန်ခဲ့သည်ဟု သတင်းရရှိသည်။ယင်းသို့ သဘောထုတ်ပြန်ရခြင်းမှာ ဒေသခံအများစုမှာ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ကြသေးဘဲ အခြေခံလူမှုဘ၀ လိုအပ်ချက်များမှာလည်း ပြည့်စုံမှု မရှိသေးကြောင်းနှင့်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဇွန် ၂ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။
''၂၀၀၈ အခြေခံဥပဒေမှာ ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူဆိုတာတော့ ဘာမှမဆိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ဖတ်ကြမယ်ဆိုရင် အဓိကမူများဆိုတဲ့ နေရာမှာ ဖက်ဒရယ်မူ လုံးဝမပါဘူး။ တိုင်းရင်းသားတွေ အမြင်နဲ့

အောက်တိန်းအရည်အသွေး မပြည့်သည့်အတွက် မော်ဒယ်မြင့်ကားများပါ မကြာခဏ ပြင်နေရ၊ စက်သုံးဆီအား အရည်အသွေးမီ၊ မမီ စစ်ဆေးသင့်ဟု ကားလုပ်ငန်းရှင်များ ပြောကြား

မော်ဒယ်မြင့်ကားများ မကြာခဏ ပြင်ဆင်နေရပြီး အဓိကအားဖြင့် အောက်တိန်း အရည်အသွေး မပြည့်မီသည့် အတွက်ဖြစ်ကြောင်း ကား Services စင်တာများက ပြောကြားခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း အဓိကကြုံတွေ့ရသည့် ပြဿနာမှာ ကားပလပ်များ မကြာခဏ လဲနေရသည့် ပြဿနာ ဖြစ်ကြောင်း၊ ထိုပလပ်လဲရခြင်း၏ အဓိကပြစ်ချက်မှာ စက်သုံးဆီအရည်အသွေး မမှန်သည့်အတွက်

အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့က လုပ်ဆောင်

မြန်မာနိုင်ငံတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ (Consumers International) သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း စားသုံးသူများ အပြည်ပြည်ဆိုင်ရာ အဖွဲ့မှ သိရသည်။
ယင်းလုပ်ငန်းများအတွက် စားသုံးသူများ အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ကျန်းမာရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့်

တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအတွက် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေး သမ္မတက ဖွဲ့စည်းပေးသည့် ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုသွားမည်

တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် လိုအပ်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် ဥပဒေအကြံပေးအဖွဲ့က အကြံပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ စစ်ဥပဒေချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ

ဖြတ်သန်းခွင့်ပိတ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဒေသအချို့မှ ကုန်တင်နှင့် ခရီးသည်တင်ယာဉ်များ အခက်အခဲဖြစ်ပေါ်

ဇွန် ၁ ရက်မှစ၍ ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ဆို့ခဲ့ခြင်းကြောင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အချို့၌ ကုန်တင်ယာဉ်များ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ဟင်္သာတ-ရန်ကုန် လမ်းမကြီးတွင် ၁၆ တန်နှင့်အထက် ကုန်တင်ယာဉ်များအား ဇွန် ၁ ရက်မှ စက်တင်ဘာလကုန်အထိ လေးလဖြတ်သန်းခွင့် ပိတ်ထားရန် ခရိုင်ဆောက်လုပ်ရေးမှ ညွှန်ကြားထားပြီး ဇွန် ၂ ရက်၊ ညနေ ၅ နာရီတွင် ယာဉ်ပိုင်ရှင်များထံသို့

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စမ်းသပ်ပို့လွှတ်ရန် အသင့်ဖြစ်နေ

သုံးနှစ်ကြာ ဆောက်လုပ်ပြီးနောက် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် စမ်းသပ်ပို့လွှတ်နိုင်ရေးအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်အစိုးပိုင် CNPC က ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ထို့ပြင် ရေနံပိုက်လိုင်း တည်ဆောက်မှုမှာလည်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ရေနံပိုက်လိုင်းမှာ အရှည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာသည့်အခါ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များ ဆွေးနွေးပွဲပြုလုပ်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်လာသည့်အခါ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်သည့် ဆွေးနွေးပွဲကို ဇွန် ၃ ရက်က UMFCCI တွင် ကျင်းပပြုလုပ်ခဲ့သည်။မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး အတွက် တာဝန်သိကာ ပြီးပြည့်စုံသည့် စီးပွားရေး ဖြစ်နိုင်ရန်အတွက် သိကောင်းစရာနှင့် လိုက်နာရမည့် ကျင့်ဝတ်များဆိုင်ရာ ဆွေးနွေးပွဲကို

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန်

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခုနစ်လအတွင်း ဆိုက်ရောက် ဗီဇာဖြင့် ကမ္ဘာလှည့်ခရီးသွား ၂၅၀ ကျော် ၀င်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံသား အများဆုံးပါဝင်

မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍ ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက

နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား အပြန်အလှန်

ပအို့(ဝ်)ကလေးငယ်များ ကောက်ရထားပါသည်

၁.၆.၂၀၁၃ မနက်တွင် ပါရမီလမ်းနှင့်ဝေဇယန္တာလမ်းထောင့် ၊ လမ်းခင်းနေသောနေရာတွင်
တွေ့ရှိခြင်းဖြစ်ပါသည်။အကြီးကလေးတစ်ယောက်သာမြန်မာစကားအနည်းငယ်တက်ပါသည်။  ပအို့(ဝ်) စကားကောင်းစွာပြောတတ်ပါသည်။
တောင်ကြီး ဟိုပုန်းမြို့နယ်မှ အဘ ဦးပြူးနဲ့

RCSS/SSA (S) အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ၇ ဦးကို ပြန်ပေးဆွဲ

ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံရွာသားတဦးအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့ကအပစ်မဲ့ပစ်သစ်ပြီး ကျန်ရွာသား (၇) ဦးကိုပါ ပြန်ပေးဆွဲသွားခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်ပွန်ချောင်းအနီးရှိ သစ်မြစ် သစ်ငုတ်တူးစားနေသည့် ကျေးရွာသားအား အပစ်မဲ့သတ်ဖြတ်ခဲ့

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ရဲ့ အမှားများ

သမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ်၊ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကို မလေးရှား မှာ မြန်မာ တချို့ ရိုက်နှက် သတ်ဖြတ်ခံရတဲ့ ကိစ္စအပေါ် သတင်းမှားတွေသာဖြစ်တယ်လို့ ဇွန်လ ၁ ရက်နေ့ က ဖေ့စ်ဘုတ် စာမျက်နှာမှာ အသိပေး ရေးသားတုံ့ပြန်လိုက်တဲ့အပေါ် လူတွေ အတော်ဝေဖန်နေကြပါ တယ်။
မလေးရှားရှိ မြန်မာသံအမတ်ကြီးကို သူ ဆက်သွယ်မေးမြန်းပြီး သတင်းမှားတွေဖြစ်လို့ မယုံကြည် ဖို့

နိုင်ငံတော် တည်ဆောက်ရေးအတွက် အားကစားပွဲ

မြန်မာနိုင်ငံသည် ၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်ကို ယခုနှစ်ကုန်ပိုင်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိမ့်မည် ဖြစ်သည်။ မကြာသေးမီက ထုတ်ပြန်ကြေညာချက်အရ ဖိလစ်ပိုင်နိုင်ငံက အားကစားပွဲကို သပိတ်မှောက်မည်ဟု ဆိုသည်။ ၂ဝ၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ပို့လွှတ်ခဲ့သည့် အားကစားသမား အရေအတွက်၏ ၁ဝ ရာခိုင်နှုန်းထက် လျှော့နည်းစေလွှတ်လိမ့်မည်ဟု ဆိုသည်။သို့ဆိုလျှင် စိုးရိမ်ဖွယ်ပင်ဖြစ်သည်။ ဤ ထုတ်ပြန်ကြေညာချက်မှာ မြန်မာအားကစားပွဲတွင်

"သမ္မတမိန့်ခွန်း ယနေ့ညနေထုတ်လွှင့်မည်"

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ရေဒီယို အစီစဉ်များမှ တစ်ဆင့် ပြောကြားမည့် မိန့်ခွန်းအား မြန်မာ့အသံ၊ မန္တလေး FM၊ ပဉ္စ၀တီ FM၊ ရွှေ FM၊ ချယ်ရီ FM၊ ပတ္တမြား FM၊ FMပုဂံနှင့် သဇင်အသံလွှင့် ဌာနတို့မှ ဇွန်လ (၄)ရက်နေ့တွင် ညနေ

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဆဲဆို၍ခဲဖြင့်ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူ

၁-၆-၂၀၁၃ ရက်နေ့ ၁၉၂၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂) ဈေးလေးမီးပွိုင့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ယာဉ်/လမ်းစည်းကမ်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးရွာနေသူများဖြစ်သော ဇော်စိုင်း(၂၃)နှစ်နှင့် ဝေဖြိုးထွန်း(ခ) ကတုံး(၂၃)နှစ်တို့(၂)ဦးသည် နံပါတ်မပါုညေဘသ -၁၂၅ ဆိုင်ကယ်စီးနင်းလာပြီး ဆိုင်ကယ်အားရပ်ကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ပြောဆိုပြီး

တရားမ၀င်သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား တင်ဆောင်လာသည့် စက်လှေနစ်မြုပ်၍ ၃ ဦးသေ၊ ၄၁ ဦး ဆယ်ယူရရှိ

၃၁-၅-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၂)မိုင်ခန့်အကွာ၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့်(၁၄)မိုင်ခန့်အကွာ ထိုင်းနိုင်ငံပိုင် ကော့ချန်ကျွန်း(ခ)ဆင်ကျွန်း ရေဒါစခန်း၏ အနောက်တောင်ဘက်(၃)ဖာလုံခန့်အကွာတွင် ထိုင်းနိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား(၄၄)ဦးကို တင်ဆောင်လာ သည့်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို ၂၀၁၃ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
 ပြည်သူ့လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၆ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ အရ ပထမအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးများကို နေပြည်တော်၌ ဇွန် ၂၅ ရက် နံနက် ၁၀ နာရီ တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အမျိုးသား လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၅၅ နှင့်

ပြည်ပမှ တင်သွင်းလာသည့် ထိခိုက်တိုက်ကြေ ကား ၆၉ စီး ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

ပြည်ပမှ တင်သွင်းလာသည့် ပျက်စီးမှုများသော ထိခိုက်တိုက်ကြေကား ၆၉ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် မေလအတွင်းက သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
 ပြည်ပမှ တင်သွင်းလာသော ပျက်စီးမှု များသည့် ထိခိုက်တိုက်ကြေကား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမှု အခြေအနေမှာ မေ ၁၄ ရက်တွင် ပထမအကြိမ်အဖြစ် မော်တော်ယာဉ် ၂၇ စီး၊ မေ ၃၁ ရက်တွင် ၄၂ စီး သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် စီမံချက်ဖြင့် အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များ အစားထိုး လဲလှယ်ရေး

ရင်သားခွဲစိတ်ပြီးနောက် ပထမဆုံးအကြိမ် ပရိသတ်ရှေ့မှောက် ရောက်လာသည့် စူပါမင်းသမီး အင်ဂျလီနာဂျိုလီ

လန်ဒန်တွင် ပြုလုပ်သည့် “World War Z,” အထူး ရုံတင်ပွဲသို့ ခင်ပွန်းသည် ဘရက်ပစ်နှင့် အတူ စူပါမင်းသမီး အိန်ဂျလီနာဂျိုလီ တက်ရောက်ခဲ့သည်။အော်စကာဆုရှင် ကမ္ဘာကျော် မင်းသမီးသည် အင်ဂျလီနာဂျိုလီသည် ရင်သားကင်ဆာ ဖြစ်နိုင်သည့် အလားအလာကြောင့် သူမ၏ ရင်သားကို ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ပြီးနောက် ပရိသတ်၏ အားပေးမှုများဖြင့် ပြန်လည် နလန်ထူလာပြီ ဖြစ်ကြောင်း

ချမ်းမြေ့အေးယာဉ်လိုင်းကို ပုသိမ်မှာဆန္ဒပြတာ ဘာကြောင့်လဲ

ပုသိမ်-ရန်ကုန် နေ့စဉ် ပြေးဆွဲနေတဲ့ ချမ်းမြေ့အေး ခရီးသည်တင်ယာဉ်လိုင်းကို ပုသိမ်မြို့ခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။လူမှုရေးအရ တာဝန်ယူဖို့ ပျက်ကွက်တာကြောင့်လို့ ဆိုပါတယ်။
၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က ချမ်းမြေ့အေးယာဉ်လိုင်းက ယာဉ်တစီးက ဆိုင်ကယ်မောင်းလာတဲ့ ဈေးသည်လင်မယားကို ၀င်တိုက်ခဲ့ကြောင်း၊ ကိုကျော်မျိုးလှိုင်နဲ့ ဇနီးဖြစ်သူ မအေးအေးမွန်တို့ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ရန်ကုန်မြို့မှာ ကုသမှု ခံယူဖို့ အရေးပေါ်ပို့ခဲ့ရကြောင်း

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...