အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

မျိုးဆက်ပွား ကျန်းမာရေး စီမံကိန်းသစ် မြန်မာနိုင်ငံတွင် ကုလစတင်မည်

သားဆက်ခြားပစ္စည်း လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ (UNFPA) နှင့် နိုင်ငံတကာအဖွဲ့အစည်း IPPF(International Planned Parenthood Federation) တို့ ပူးပေါင်းကာ မျိုးဆက်ပွား ကျန်းမာရေး စီမံကိန်းသစ် စတင်မည် ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ထိ မလေးရှားနိုင်ငံတွင် ကျင်းပသော အမျိုးသမီး ကျန်းမာရေးညီလာခံတွင် အတည်ပြုလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် အဆိုပါ စီမံကိန်းသစ်အတွက် ညှိနှိုင်းရေးဆွဲသည့် အဆင့်သာ ရှိပြီး စတင်အကောင်အထည်ဖော်မည့် အချိန်ကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မိခင်နှင့် ကလေး ကျန်းမာရေး) ဒေါက်တာသိင်္ဂီမြင့်ကThe Voice သို့ပြောကြားသည်။

ကုလသမဂ္ဂ၏ စီမံကိန်းသစ်တွင် သားဆက်ခြားပစ္စည်းအပြင် မူဝါဒပိုင်း နှင့် ငွေကြေးပိုင်း ဆိုင်ရာ လိုအပ်ချက်များ ပံ့ပိုးပေးခြင်း၊ အမျိုးသားအဆင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု များထောက်ပံ့ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း UNFPA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အမျိုးသမီးများကြား မလိုလားအပ်သော ကိုယ်ဝန်ဆောင်မှုများ လျော့နည်းစေနိုင်ပြီး မိခင်နှင့် ကလေး သေဆုံးမှုကို လျော့ကျ စေနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး မျိုးဆက်ပွားနိုင်သော အမျိုးသမီးများ၏ လေးပုံ တစ်ပုံသည် သားဆက်ခြားပစ္စည်းများ အလွယ်တကူ မရရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက State of World Population ၂၀၁၂ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr.Mohamed Abdel-Ahad ကဆိုသည်။

နိုင်ငံတွင်း ကျေးလက်နှင့် မြို့ပြ ကျန်းမာရေးအသိပညာ ကွာခြားချက်ကြောင့် မိခင် သေဆုံးမှုသည် လူဦးရေ တစ်သိန်းတွင် ၂၃၀ မှ ၅၈၀ ဦးထိ ရှိပြီး ၎င်းတို့ထဲက တစ်ဝက်နီးပါးသည် တရားမဝင် ကလေး ဖျက်ချမှုများကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၈ ခုနှစ် အတွင်း ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...