အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

တရားမ၀င်သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား တင်ဆောင်လာသည့် စက်လှေနစ်မြုပ်၍ ၃ ဦးသေ၊ ၄၁ ဦး ဆယ်ယူရရှိ

၃၁-၅-၂၀၁၃ ရက်နေ့ ၀၁၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၁၂)မိုင်ခန့်အကွာ၊ ထိုင်းနိုင်ငံ၊ ရနောင်းမြို့နှင့်(၁၄)မိုင်ခန့်အကွာ ထိုင်းနိုင်ငံပိုင် ကော့ချန်ကျွန်း(ခ)ဆင်ကျွန်း ရေဒါစခန်း၏ အနောက်တောင်ဘက်(၃)ဖာလုံခန့်အကွာတွင် ထိုင်းနိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား(၄၄)ဦးကို တင်ဆောင်လာ သည့် စက်လှေ(၁)စီးနစ်မြုပ်ကြောင်း သတင်းရရှိသဖြင့် ကော့ချန်ကျွန်း(ခ)ဆင်ကျွန်း ရေဒါစခန်း အခြေစိုက်စစ်ရေယာဉ်အမှတ်(၉၉၃)မှ သွားရောက်ကယ်ဆယ်ခဲ့သည်။ ထိုသို့ ကယ်ဆယ်ရာတွင် အလုပ်သမား(၄၁)ဦးအား အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပြီး မနန်သူရာမူပါ(အသက်စိစစ်ဆဲ)၊ မမြင့်သန်း(အသက်စိစစ်ဆဲ)နှင့် မနန်းအားပါ(အသက်စိစစ်ဆဲ)တို့၏ အလောင်းများအား ဆယ်ယူရရှိ ခဲ့သဖြင့် အလောင်းများအား ထိုင်းနိုင်ငံရှိ ရနောင်းဆေးရုံသို့ တင်ပို့ထားကြောင်းနှင့် အသက်ရှင်လျက် ဆယ်ယူရရှိသူ ၄၁ ဦးတို့အား ရနောင်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...