အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

"ကာတွန်းဇာတ်ကောင်နှင့်သရုပ်ဆောင်အနုပညာ"

မြန်မာကာတွန်းဆရာများ၏ အနုပညာလက်ရာဟန်များတွင် ကလောင်နာမည်နှင့်တွဲသိမြင်ပြီး လူကြိုက်များ၍ထင်ရှားအောင်မြင်ကျော်ကြားသည့်ဇာတ်ကောင်အရုပ်လက်ရာဟန်များရှိကြသည်။
အဆိုပါဇာတ်ကောင်များကိုရုပ်ရှင်ဗီဒီယိုဇာတ်လမ်းအဖြစ်ပြန်လည်အသက်သွင်းပုံဖော်ရိုက်ကူးခဲ့ကြသည် 
ကိုလည်းတွေ့ရသည်။ကာတွန်းမြင့်သိန်း၏" စံရွှေမြင့်" ဇာတ်ကောင်၊ကာတွန်းမောင်မောင်အောင်၏ "ရွှေဂေါင်းပြောင်"၊ဆွေမင်း(ဓနုဖြူ)၏ "တွတ်ပီ၊ဗိုက်ကလေး" ၊
သောက၏"အရိုင်း"၊ပိုးဇာ၏"လေးမွန်၊ထွေးမွန်နှင့်မောင်မောင်ဇာ"စသည်ဖြင့် ရှိကြရာထိုကာတွန်း ဇာတ်ရုပ်ဇာတ်ကောင်များ နေရာ၌ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသော အနုပညာရှင်တို့၏ကာတွန်း အနုပညာအပေါ်ထားရှိသည့်ခံစားမှုအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဒီဘက်ခေတ်မှာ ကာတွန်းဇာတ်ရုပ်ပြန်ပြီး သရုပ်ဆောင်တာနည်းပါတယ်....

ထွန်းထွန်းဝင်း

" စံရွှေမြင့်ဇာတ်ကားလေးက ပရိသတ်တွေတအားကြိုက် ကြတဲ့ကားလေးဖြစ်ခဲ့တယ်။ ကာတွန်းမှာလည်းပရိသတ် တွေကြိုက်ကြတယ်။အဲဒီကားရိုက်တုန်းကဇာတ်ဝင်ခန်းကို လည်းပီပြင်အောင်သရုပ် ဆောင် ခဲ့ကြတယ်။ဦးတို့ဇာတ်ကား မရိုက်ခင်တုန်းကလည်း ကာတွန်းစာအုပ်တွေအရင် လေ့လာခဲ့ရတယ်။ အဲဒီဇာတ် လမ်းလေးကလည်းကောင်း တယ်။ဟန်ပန်ကလည်းနည်း နည်း နီးစပ်သွားတယ်ဆိုတော့ အဲဒီကားလေးက အောင်မြင် သွားတယ်။ကာတွန်းကို ရုပ်ရှင် အဖြစ်ပြန်ရိုက်တဲ့ထဲမှာလည်း အောင်မြင်ခဲ့တဲ့ ဇာတ်လမ်း လေးဖြစ်တယ်။စံရွှေမြင့်ဇာတ် ကောင်ကို သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက်လည်း တအားဝမ်းသာပါတယ်။ ဒီဘက် ခေတ်မှာကာတွန်းဇာတ်ရုပ် ပြန်ပြီးသရုပ်ဆောင်တာနည်း
ပါတယ်။အရင်ခေတ်က ဆိုရင် တော်တော်ရိုက်ကြတယ်"

ကာတွန်းကိုပြန်ပြီးသရုပ်ဆောင်ရတဲ့အခါမှာ တော်တော်လေးကိုခက်တယ်....

ခင်လှိုင်

" ကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက် သွင်းတာကို တော်တော်များများ လုပ်ခဲ့ကြပါတယ်။ သမိန်ပေါသွပ်မတိုင်ခင် စိတ်တို၊မျောက်ညိုဆိုတဲ့ ကာတွန်းကို ရိုက်ခဲ့ဖူးတယ်။

ဦးမိုးဒီကစိတ်တို၊ အစ်ကိုက မျောက်ညိုနေရာကသရုပ် ဆောင်ရတယ်။ ကာတွန်းထဲမှာ တော့မျောက်ကအစစ်၊ အပြင် မှာတော့အစ်ကိုက မျောက်စိတ် နည်းနည်းပေါက်နေတဲ့လူ၊
ဇာတ်လမ်းအရတော့မျောက် လို မျိုးသရုပ်ဆောင်ရတယ်။ နည်းနည်းတော့ ခက်ခဲတယ်။ နောက်တစ်ခါကျတော့ သမိန် ပေါသွပ်ကာတွန်းကို စီးရီးလေး ခုလောက်ရိုက်ခဲ့ဖူးတယ်။

သမိန်ပေါသွပ်ရိုက်တဲ့အခါမှာ ပိုခက်သွားတယ်။ သူကကျတော့ မျောက်ညိုလိုမျောက်ပုံစံ မဟုတ်ဘဲနဲ့ တကယ့်ကာတွန်း ထဲမှာလည်း သမိန်ပေါသွပ်က လူဖြစ်တဲ့အတွက်ကြောင့်သူ့
ပုံစံအတိုင်း အားလုံးလုပ်ပြီး လုပ်ပြီး သရုပ်ဆောင်ရတယ်။ ဥပမာ သူယောင်ရင်လည်း သွပ်...သွပ်...သွပ် ဆိုတာ မျိုးကအစ ကိုယ်က လိုက်ပြီး တူအောင် သရုပ်ဆောင်ရတယ်။

အဝတ်အစား ဒီဇိုင်းကအစ တူအောင်ဝတ်ရတယ်။ အစစ အရာရာပီပြင်အောင်လုပ်ရ တယ်။စီးရီးလေးခုလောက် ရိုက်ရတယ်။လေးကားစလုံး လည်း အောင်မြင်ခဲ့တယ်။ ကာ
တွန်းကိုပြန်ပြီးသရုပ်ဆောင် ရတဲ့အခါမှာ တော်တော်လေး ကိုခက်တယ်။ ကလေးအကြိုက် ဟာသဇာတ်ကားလေးကိုရိုက်ပြ ရတဲ့အတွက်တခြားဇာတ် ကောင် တွေရိုက်ရတာနဲ့ဆိုတော် တော်လေးကွာခြားပါတယ်။ ကလေးတွေအတွက် ကာတွန်း ဇာတ်ကောင် ဇာတ်ကားလေး တွေကို ရိုက်ပြသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ခေတ်ကလေးတွေ ရုပ်ရှင်ကြည့်တဲ့အလေ့အထ အရမ်းနည်းသွားပြီးဂိမ်း ဆော့မယ်၊အင် တာနက်သုံး မယ်၊ဒီလောက်ပဲ ရှိတော့တယ်။ အဲဒါကြောင့်ကိုယ့် ဘက်ကိုပါ
လာအောင်ဆိုရင်ကာတွန်း ဇာတ်ကောင်လေးတွေကို ရိုက်ပြီးမြှူဆွယ်သင့်တယ်လို့ ထင်ပါတယ်။

Popular Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...