မြန်မာ နိုင်ငံမှာ တာဝန်ကျနေတဲ့ သြစတြေးလျသံအမတ်ကြီး Bronte Moules က
မြန်မာ နိုင်ငံဟာ အပြောင်းအလဲတွေ လုပ်ဖို့ တစိုက်မတ်မတ် တကယ့်ကို
လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွါးရေး ညီလာခံကို
အိမ်ရှင်နိုင်ငံအဖြစ် တာဝန် ရသင့် ရထိုက်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ။် ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကြောင်းဆီကို ဦးတည်နေသလဲ ဆို တာ က
တော့ မေးခွန်း ထုတ်စရာ ဖြစ်နေသေးတဲ့ အတွက် ခုလို ကမ္ဘာ့စီးပွားရေး ညီလာခံကို
အိမ်ရှင်အဖြစ် ကျင်းပခွင့်နဲ့ ထိုက်တန် ပါ့မလား ဆိုတာမျိုး ပြောလာကြတာ
ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ အာဏာရရှိချိန်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်လာခဲ့တဲ့အတွက် ဒါကို အသိအမှတ်ပြုရမယ်လို့လည်း ပြောပါတယ်။
အစိုးရရော၊ လူမှုအသင်းအဖွဲ့တွေရော၊ လွှတ်တော်အမတ်တွေကရော တိုးတက်ပြောင်းလဲမှုတွေ အမှန်တကယ်လိုလားတယ်ဆိုတာတော့  သိသာတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားနေရတာဟာလည်း မြန်မာနိုင်ငံ လူမှုအခြေအနေ ပွင့်လင်းလာလို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
လူမှုအခြေအနေ ပွင့်လာတဲ့အခါ ကောင်းကျိုးတွေ များပေမယ့် တခါတရံမှာ အစွန်းရောက်သမားတွေကလည်း မိမိဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် လုပ်ကိုင်ကြတဲ့အတွက် အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရတွေ ဖြစ်ပေါ်လာတာလို့ မြင်ကြောင်း ပြောခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို မလိုလားတဲ့ စစ်တပ်လို အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်လို့တော့ သူ့အနေနဲ့ မမြင်မိကြောင်း စစ်တပ်တွင်းက ထိပ်တန်းအရာရှိတချို့က သမ္မတဦးသိန်းစိန်လိုပဲ ဆန္ဒရှိကြတဲ့အကြောင်း ဒါပေမယ့် ခုအခါမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်ပြီး ရဲ၊ စစ်တပ်နဲ့ ဒေသခံ လုံခြုံရေးအဖွဲ့အစည်းတွေ မျှဝေ ကိုင်တွယ်ရတဲ့အတွက် ဒီလို အတွေ့အကြုံဆန်းတွေမှာ တခါတရံ နားလည်မှု လွဲမှားတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
မြန်မာ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသခံပြည်သူတွေ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် အားလုံးကျေနပ်အောင်ဆောင်ရွက်ဖို့ ဆိုတာ ခက်ခဲ တဲ့ အကြောင်း ABC ကိုပြောပြခဲ့ပါတယ်။
တိုင်းရင်းသားပြန်လည်ပေါင်း စည်း
ရေး ကိုဘဲ ပြောမလား လူ့အခွင့် အရေး ကိစ္စတွေ နဲ့ ပတ်သက်ပြီးပြောမလား
အကြီးအကျယ်စွန့်စားမှု တွေ အန္တရယ်တွေ ရှိ တယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ
သံအမတ်ကြီး bronte Moules က ပြောပါတယ်။
အဲ့ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရော၊ အစိုးရကပါ ရိုဟင်ဂျာအရေးကို သတိနဲ့ ကိုင်တွယ်နေတာဟာ အများပြည်သူတွေရဲ့ ဆန္ဒကြောင့် ဖြစ်မယ်လို့ သူ့အနေနဲ့ ယူဆတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လိုလားကြပေမယ့် ဖြေရှင်းဖို့ ခက်ခဲကြတဲ့အကြောင်း ဒါပေမယ့် ခုအခါမှာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း ပြန်လည်ဆောင်ရွက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသားပေးလိုက်ရင် ပြဿနာ လျော့ကျသွားမယ်လို့ ယူဆကြသူတွေ များတယ်လို့လည်း ပြောပြခဲ့ပါတယ်။
ABC Radio Australia
မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် Bronte Moules
မြန်မာအစိုးရအနေနဲ့ အာဏာရရှိချိန်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် လုပ်လာခဲ့တဲ့အတွက် ဒါကို အသိအမှတ်ပြုရမယ်လို့လည်း ပြောပါတယ်။
အစိုးရရော၊ လူမှုအသင်းအဖွဲ့တွေရော၊ လွှတ်တော်အမတ်တွေကရော တိုးတက်ပြောင်းလဲမှုတွေ အမှန်တကယ်လိုလားတယ်ဆိုတာတော
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားနေရတာဟာလည်း မြန်မာနိုင်ငံ လူမှုအခြေအနေ ပွင့်လင်းလာလို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
လူမှုအခြေအနေ ပွင့်လာတဲ့အခါ ကောင်းကျိုးတွေ များပေမယ့် တခါတရံမှာ အစွန်းရောက်သမားတွေကလည်း မိမိဆန္ဒကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ် လုပ်ကိုင်ကြတဲ့အတွက် အနှုတ်လက္ခဏာဆောင်တဲ့ ဖြစ်ရတွေ ဖြစ်ပေါ်လာတာလို့ မြင်ကြောင်း ပြောခဲ့ပါတယ်။
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လုပ်ရပ်တွေကို မလိုလားတဲ့ စစ်တပ်လို အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်လို့တော့ သူ့အနေနဲ့ မမြင်မိကြောင်း စစ်တပ်တွင်းက ထိပ်တန်းအရာရှိတချို့က သမ္မတဦးသိန်းစိန်လိုပဲ ဆန္ဒရှိကြတဲ့အကြောင်း ဒါပေမယ့် ခုအခါမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်ပြီး ရဲ၊ စစ်တပ်နဲ့ ဒေသခံ လုံခြုံရေးအဖွဲ့အစည်းတွေ မျှဝေ ကိုင်တွယ်ရတဲ့အတွက် ဒီလို အတွေ့အကြုံဆန်းတွေမှာ တခါတရံ နားလည်မှု လွဲမှားတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
မြန်မာ နိုင်ငံတွင်းမှာ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသခံပြည်သူတွေ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် အားလုံးကျေနပ်အောင်ဆောင်ရွက
တိုင်းရင်းသားပြန်လည်ပေါင်း