အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ရင်သားခွဲစိတ်ပြီးနောက် ပထမဆုံးအကြိမ် ပရိသတ်ရှေ့မှောက် ရောက်လာသည့် စူပါမင်းသမီး အင်ဂျလီနာဂျိုလီ

လန်ဒန်တွင် ပြုလုပ်သည့် “World War Z,” အထူး ရုံတင်ပွဲသို့ ခင်ပွန်းသည် ဘရက်ပစ်နှင့် အတူ စူပါမင်းသမီး အိန်ဂျလီနာဂျိုလီ တက်ရောက်ခဲ့သည်။အော်စကာဆုရှင် ကမ္ဘာကျော် မင်းသမီးသည် အင်ဂျလီနာဂျိုလီသည် ရင်သားကင်ဆာ ဖြစ်နိုင်သည့် အလားအလာကြောင့် သူမ၏ ရင်သားကို ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ပြီးနောက် ပရိသတ်၏ အားပေးမှုများဖြင့် ပြန်လည် နလန်ထူလာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။သူမ၏ အလျှင်အမြန် ပြန်လည် နလန်ထူမှုမှာ အံ့သြဖွယ် ကောင်းကြောင်းလည်း ခွဲစိတ်ခန်းမှ ထွက်လာပြီးချိန်တွင် ပြောကြားခဲ့သည်။ ဂျိုလီ၏ မိခင်မှာ အသက် ၅၆ နှစ် အရွယ်တွင် သားပြွန်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ပြီး အဒေါ် ဖြစ်သူမှာလည်း ရင်သားကင်ဆာ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဂျိုလီသည် သူမ၏ ကျန်းမာရေးကို အထူးဂရုပြုခဲ့ပြီး ရင်သားကင်ဆာ သံသယဖြင့် ယခုကဲ့သို့ ကြိုတင် ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။ အော်စကာမင်းသား ဖြစ်သော ဂျိုလီ၏ ဖခင် Jon Voight မှ ဂျိုလီမှာ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု အလားအလာ ၅% သာရှိတော့ကြောင်း ပြောကြားခဲ့ပြီး ခင်ပွန်းသည် ဘရက်ပစ်မှလည်း မိမိတို့ မိသားစုမှာ ယခင်ကထက် ပိုမိုစည်းလုံးပြီး ချစ်ခင်လျက်ရှိကြောင်း မီဒီယာများထံ ပြောကြားခဲ့သည်။

source- ABC

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...