အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူး ဆိုတဲ့ ရေဗက္ကာဝင်း

ခဏလေး ထလောင်တဲ့ ကောက်ရိုးမီးလို အောင်မြင်မူ မဖြစ်ချင်ဘူးဆိုတဲ့ရေဗက္ကာဝင်းအောင်မြင်မှု ဆိုတာ ကိုယ့်ရဲ့ အောင်မြင်မှုက ကိုယ်ကိုယ်တိုင် လည်း စိတ်ချမ်း သာရမယ်။ အများ သူငါ ကလည်း လိုလိုလားလားလက် ခံထားတဲ့ အောင်မြင်မှုမျိုး ဖြစ်ရမယ်။ အဲဒါမျိုးကို အောင်မြင်မှုလို့ ရေဗက္ကာ ထင်ပါတယ်။ အောင်မြင်မှု ရဖို့က ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံးပေး ဆပ်ရမယ်။ မဆုတ်မနစ် ကြိုးစားရမယ်။ ကိုယ်က ဖြစ်ချင်တဲ့ စိတ်ရှိရင် မဖြစ်ဖြစ်အောင် ကြိုးစားရမယ်။ ဘယ်လောက် အထိကြိုး စားရမလဲ ဆိုရင်တော့ အောင်မြင်မှု မရမချင်း ပေါ့။ အောင်မြင်မှုနဲ့ ကျော်ကြားမှုက မတူပါဘူး။

အောင်မြင်မှုဆိုတာ ကျော်ကြားချင်မှ ကျော်ကြားမှာပါ။ ရေဗက္ကာ ကတော့ အောင်မြင်မှုဆိုတာမျိုးပဲ လိုချင်ပါတယ်။ ကျော် ကြားမှုဆိုတာ ကြာရင်မေ့ကုန်တာပါပဲ။ လွန်ခဲ့တဲ့ နှစ် ၁၀ဝ ကျော်က ကျော်ကြားခဲ့တဲ့သူက အခုချိန်ထိ ကျော်ကြားတယ် ဆိုတာ မရှိပါဘူး။ အတိုင်းအတာ တစ်ခုထိပဲ
ကျော် ကြားတာပါ။ အောင်မြင်မှုဆိုတာ ကိုယ်ကိုယ်တိုင်လည်း ကျေနပ်စေ နိုင်တဲ့ အရာ၊ ပြီးတော့ ကိုယ့်ပတ် ဝန်းကျင်က လိုလိုလားလားနဲ့ပေး အပ်ထားတဲ့အရာဆိုတော့ အောင် မြင်မှုက ပိုတန်ဖိုးရှိတယ်လို့ ရေဗက္ကာ ထင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတာ ဘယ်ပေတံနဲ့ တိုင်းမလဲပေါ့။ တိုင်းတာ စရာပေတံတွေ အများကြီး ရှိမယ်ထင်ပါတယ်။
ရေဗက္ကာက တော့ ဘုရားပေး သလောက်ပဲပေါ့။ ကိုယ့်ရဲ့လက်ရှိ အနေ
အထားကို အမြဲတမ်း လက်ခံနိုင်အောင်ကြိုးစားတယ်။ ဒါက ရေဗက္ကာ လက်ခံထားတဲ့ အောင်မြင်မှု ပေတံပါ။

ပတ်ဝန်းကျင် ကတိုင်းတာတဲ့ ပေတံနဲ့ယှဉ်ရင်တော့ ကိုယ်အောင်မြင်လား၊ မအောင်မြင် ဘူးလားဆိုတာ ပတ်ဝန်းကျင်ကပဲ သိမှာပါ။ ရေဗက္ကာ
ကတော့ အောင် မြင်မှုဆိုတာ အရည်အချင်းပေါ်မှာ မူတည်တာပဲဖြစ်
စေချင်တယ်။ ငါး ပွက်ရာငါးစာချပြီးတော့ ခဏလေး ထလောင်တဲ့
ကောက်ရိုးမီးလိုမဖြစ် စေချင်ဘူး။ အောင်မြင်မှုဟာ အရည်အချင်းပေါ်မှာပဲ အခြေခံပါစေလို့ပဲ လူငယ်တွေကို အကြံပေးချင်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...