အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့က လုပ်ဆောင်

မြန်မာနိုင်ငံတွင် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့မှ (Consumers International) သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း စားသုံးသူများ အပြည်ပြည်ဆိုင်ရာ အဖွဲ့မှ သိရသည်။
ယင်းလုပ်ငန်းများအတွက် စားသုံးသူများ အပြည်ပြည်ဆိုင်ရာ အဖွဲ့သည် ကျန်းမာရေး ၀န်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည့် ဌာနများ အပါအ၀င် စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၌ အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် စားသုံးသူများ အပြည်ပြည်ဆိုင်ရာအဖွဲ့ (Consumers International) မှ ကနဦး အချက်အလက်များ စတင်ကောက်ခံလျက်ရှိပြီး နိုင်ငံအလိုက် လိုအပ်သည့် အချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မေ ၃၀ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းစီမံချက်၌ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ အစားအသောက် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် လက်ရှိကြုံတွေ့မှု အခြေအနေများ၊ ယင်းနိုင်ငံများရှိ အစားအသောက် ဖြန့်ချိရေးစနစ်များ စသည့်အချက်အလက်များကို မှတ်တမ်းတင်သွားမည်ဖြစ်ပြီး အစားအသောက်နှင့် ပတ်သက်သည့် သွင်းကုန်၊ ထုတ်ကုန် ထိန်းချုပ်မှု စနစ်များကို လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အစားအသောက် လုံခြုံစိတ်ချမှုနှင့် ပတ်သက်ပြီး ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများ၊ World Trade Organization မှ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ စသည့်လုပ်ငန်းများကို လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အစားအသောက်နှင့် ပတ်သက်၍ နည်းဥပဒေ စံချိန်စံညွှန်းများ သတ်မှတ်ရေး၊ အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်သည့် အဖွဲ့အစည်းများ ထားရှိရေး၊ အစားအသောက်များ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို ယင်းစီမံချက်တွင် ထည့်သွင်းလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

EMG
ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသော စားသောက်ကုန် အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...