အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအတွက် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေး သမ္မတက ဖွဲ့စည်းပေးသည့် ဥပဒေအကြံပေးအဖွဲ့မှ အကြံပြုသွားမည်

တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် လိုအပ်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသည့် ဥပဒေအကြံပေးအဖွဲ့က အကြံပြုသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ စစ်ဥပဒေချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ဥပဒေအကြံပေး အဖွဲ့ကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးထားကြောင်း သိရသည်။

ဥပဒေအကြံပေး အဖွဲ့သည် တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ အခြေအနေများအရ လည်းကောင်း လိုအပ်မည့် ဥပဒေသစ်များ ပြဋ္ဌာန်းနိုင်ရေး အကြံပြုရမည် ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ပြီးသော ပြည်တွင်းဥပဒေများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လည်းကောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် လည်းကောင်း ကိုက်ညီမှုရှိစေရန်၊ တရားစီရင်ရေးဆိုင်ရာ မူများနှင့်အညီ စစ်ဆေးစီရင်သည့် အများပြည်သူက ယုံကြည်ကိုးစားသော တရားစီရင်ရေးစနစ် ဖြစ်စေရန် အတွက်လည်း ဥပဒေအကြံပေးအဖွဲ့က အကြံပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရှိရသည်။

အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် စပ်လျဉ်း၍ အကြံပြုခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စု အဖွဲ့အစည်းအသီးသီးမှ ဥပဒေအကြံပြုရန် အကြောင်းကြားလာသည့် ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ဥပဒေအကြံဥာဏ်ပေးခြင်း၊ နိုင်ငံအများ သို့မဟုတ် နှစ်နိုင်ငံ ပါဝင်ချုပ်ဆိုမည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ၊ နားလည်မှု သဘောတူညီချက်နှင့် နားလည်မှု စာချွန်လွှာများနှင့် ပတ်သက်၍လည်း ဥပဒေအကြံဥာဏ် ပေးခြင်းများကို အဆိုပါ အဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်၌လည်း တရားဥပ ဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ်၊ သြဂုတ် ၇ ရက် မှ စတင်ကာ အသစ်ဖွဲ့စည်းခဲ့ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံးများကို စက်တင်ဘာ ၂၅ ရက်မှစတင်ကာ လေ့လာမှုများ စတင်ပြုလုပ်ခဲ့ကြောင်း တရားစီရင်ရေး အခန်းကဏ္ဍတွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုများ ရှိနေသောကြောင့် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ သိရသည်။

EMG
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန် )

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...