အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ရှမ်းပြည်တောင်ပိုင်းတပ်ဥက္ကဌ ယွက်စစ် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမယ်

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရယူထားတဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) အဖွဲ့ဥက္ကဌ ဦးယွက်စစ်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ဇွန်လ ၁၀ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။
 အခုလိုတွေ့ဆုံနိုင်ဖို့ SSAအဖွဲ့က တောင်းဆိုခဲ့တာလို့ သိရပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒု-ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇွန်လ ၁၀ရက်နေ့နောက်ပိုင်းတွေ
ဆုံဖို့ ၁ရက်နေ့က အကြောင်းကြားခဲ့တာဖြစ်တယ်လို့ RCSS/SSA ရဲ့ ပြော ခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

ရင်နှီးမှုတည်ဆောက်ဖို့အတွက်၊ နောက်ပြီးတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့အတွက် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ပါ အချက်များတွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကျနော်တို့တောင်း ဆိုထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တနိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်သူတရပ်လုံး၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်ပြီးတော့ ဆွေးနွေးနိုင်ရေး အဲဒါတွေကို ကျနော်တို့က တောင်းဆိုသွားမယ်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးဆောင် ရွက်နေတဲ့အဖွဲ့တွေ၊ တသီးပုဂ္ဂလတွေ၊ ပညာရှင်တွေ အကြိုသဘောမျိုး တွေ့ဆုံဆွေးနွေးနိုင်ရေးနဲ့ မတရားအသင်း ကနေ ပယ်ဖျက်ပေးဖို့၊ မတရားအသင်းဆက်သွယ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့သူတွေ၊ နိုင်ငံရေး အကျဉ်း သားတွေ လွတ်ပေးဖို့လည်း တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် သမ္မတနဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးမဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်သူလူထုတွေရဲ့ သ ဘောထားတွေ၊ ရှမ်းနိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်တွေ ရယူနိုင်ဖို့အတွက် ရှမ်းအဖွဲ့အစည်းတွေရဲ့ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးကို ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ရှမ်းနိုင်ငံရေးပါတီတွေ ရှမ်းလူထုအခြေပြုအဖွဲ့ အစည်း စုစုပေါင်း ၂၀နီးပါးတက်ရောက်ခဲ့ပြီး သမ္မတနဲ့ တွေ့ဆုံတဲ့အခါ တင်ပြမယ့် အချက်အလက်တွေကို အကြံပြုဆွေးနွေးခဲ့ကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

ABC Radio Australia

ရှမ်းပြည်တောင်ပိုင်း SSA အဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးမှု တစ်ခုအတွင်း တွေ့ရစဉ် (Credit: ABC)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...