အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

တိုက်လေယာဉ်များတွင် အသုံးပြုနိုင်သည့် ပဲ့ထိန်းဗုံးများ အိန္ဒိယ ထုတ်လုပ်.

အိန္ဒိယ နိုင်ငံသည် ၎င်းတို့၏ လေကြောင်း တိုက်ခိုက်မှု စွမ်းရည်ကို မြှင့်တင်သည့် အနေဖြင့် တိုက်လေယာဉ်များတွင် တပ်ဆင် အသုံးပြုနိုင်သော ပဲ့ထိန်းဗုံးများကို ထုတ်လုပ်လျက်ရှိ ကြောင်းနှင့် ၎င်းပဲ့ထိန်းဗုံးပါ
တိုက်လေယာဉ်များကို ၂ဝ၁၄ ခုနှစ် အကုန်ပိုင်းတွင် ဖြန့်ချနိုင်ဖွယ် ရှိကြောင်း ဇွန် ၂ ရက်က အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပဲ့ထိန်းဗုံးများသည် တိုက်လေယာဉ်မှ ပစ်ချပြီးနောက် ပစ်မှတ် များဆီသို့ ပဲ့ထိန်းစနစ်ကို အသုံးပြုလျက် သွားရောက်ထိမှန် ပေါက်ကွဲနိုင်ကြောင်း နိုင်ငံပိုင် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း ဥက္ကဋ္ဌ ဗီကေ ဆာရက်စ် ဝတ်က ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့အစည်းသည် အဆိုပါ ဗုံးအား နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ၎င်းတို့အား၂ဝ၁၄ ခုနှစ်အကုန်ပိုင်းတွင် ဖြန့်ချသွားမည် ဖြစ်ကြောင်း ဆာရက်စ်ဝတ်က ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...