အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

စင်္ကာပူရောက် မြန်မာ ၂ ဦး နဲ့ ဟန်ဆောင်လက်ထပ်မှု

စင်္ကာပူမှာ နေထိုင်ခွင့်ရဖို့အတွက် ဒေသခံအမျိုးသားတဦးနဲ့ ဟန်ဆောင်လက်ထပ်ခဲ့တယ် ဆိုတဲ့ မြန်မာအမျိုးသမီးတဦးကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ် လို့ Straits Times သတင်းစာ အွန်လိုင်းမှာ သောကြာနေ့က ရေးထားပါတယ်။စင်္ကာပူအမျိုးသားကိုလည်း ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ်လို့ ဆိုတယ်။သူတို့နှစ်ဦးကြား အကျိုးဆောင်ပေးတဲ့ မြန်မာအမျိုးသားကိုတော့ ထောင်ဒဏ် ၉ လ ချမှတ်တယ်လို့ ရေးထားပါတယ်။
သတင်းထဲမှာ ရေးထားချက်အရဆိုရင် သူတို့က
ကိုကျော်ကျော်ဦး - အသက် ၃၅ နှစ်
မအေးအေးငြိမ်း - အသက် ၃၁ နှစ်
Mr. Safari Minhad - အသက် ၅၂ နှစ် တို့ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၄ ရက်နေ့က Jurong West Community Club မှာ လက်ထပ်ခဲ့တာလို့ ဆိုပါတယ်။

သတင်းထဲ ဆက်ရေးထားတာကတော့ မအေးအေးငြိမ်းက အိမ်အကူအလုပ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတာကြောင့် ဟန်ဆောင်လက်ထပ်မယ့် အမျိုးသား
တဦး ရှာဖွေပေးဖို့ ကိုကျော်ကျော်ဦးကို အကူအညီ တောင်းခဲ့တယ်၊ ဒီအစီအစဉ်အတွက် မအေးအေးငြိမ်း ကုန်ကျခံမယ့်ငွေက ဒေါ်လာ သုံးထောင် လို့ ဆိုပါတယ်။ စင်္ကာပူဒေါ်လာ ဖြစ်ဖွယ် ရှိပါတယ်။

ဒီအချက်အလက်တွေသာ မှန်မယ် ဆိုရင်တော့ ဟန်ဆောင်လက်ထပ်ခြင်းအတွက် ကုန်ကျတဲ့ငွေပမာဏဟာ အမေရိကန်က စင်္ကာပူထက် ပိုများတာကို တွေ့ရပါတယ်။
အမေရိကန်မှာတော့ ဟန်ပြလက်ထပ်တဲ့အတွက် ပေးရတဲ့ နှုန်းက အမေရိကန်ဒေါ်လာ တသောင်း အနည်းဆုံး ရှိပါလိမ့်မယ်။

ဟန်ပြလက်ထပ်တာတွေဟာ တရားမ၀င်ဘူး ဆိုပေမယ့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ရေရှည်နေထိုင်လိုသူတွေ ရွေးချယ်ကြတဲ့ နည်းလမ်းတခု ဖြစ်နေပါတယ်။

ဟန်ပြလက်ထပ်တဲ့နည်းနဲ့ အမြဲတမ်းနေထိုင်ခွင့် အဆင့်အတန်း ရရှိဖို့ မျှော်လင့်ထားကြတာလို့ သိရပါတယ်။

ဧရာဝတီblog
စင်ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာ ပလာဇာ အတွင်းပိုင်း မြင်ကွင်းတခု (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...