မန္တလေးတံတားဦး
အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ဗီဇာ စတင်ထုတ်ပေးသည့် နေ့မှစ၍
ခုနစ်လအတွင်း ၂၅၇ ဦး ၀င်ရောက်ခဲ့ကြောင်း သိရသည်။ထိုသို့ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ရာတွင် tour visa မှလွဲ၍ Business
Visa၊ Entry Visa နှင့် Transit Visa တို့ကို ထုတ်ပေးလျက်ရှိရာ Business
Visa ဖြင့်လာရောက်သူ ၂၅၂ ဦးရှိပြီး အမေရိကန်နိုင်ငံသား
အများဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လုပ်ငန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ် လာ ၅၀၊ ပြည်ဝင် ဗီဇာ (အစည်းအဝေး/ အလုပ်ရုံဆွေးနွေးပွဲ/ တွေ့ဆုံမှု) ဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၄၀၊ ဖြတ်သန်းဗီဇာဖြင့် လာရောက်ပါက အမေရိကန်ဒေါ်လာ ၂၀ ကောက်ခံကြောင်း၊ ခွင့်ပြုကာလမှာ လုပ်ငန်းဗီဇာဖြင့် ၇၀ ရက်၊ ပြည်ဝင်ဗီဇာဖြင့် ၂၈ ရက်၊ ဖြတ်သန်းဗီဇာဖြင့် ၂၄ နာရီ ခွင့်ပြုထားကြောင်း သိရသည်။
နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိ...
''သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်တယ်ဆိုရင် ထုတ်ပေးပါတယ်။ စည်းကမ်းတွေအရ မိဘရဲ့ နိုင်ငံကူးလက်မှတ်မှာ ပူးတွဲပါရှိတဲ့ အသက်ခုနစ်နှစ်အောက် ကလေးတွေကို အခမဲ့ ပြည်ဝင်ခွင့်ပြုပါတယ်။ သတ်မှတ်ချက် မပြည့်စုံလို့ ဆိုက်ရောက် ဗီဇာထုတ်မပေးလို့ ပြန်သွားရတာ တစ်ဦးရှိခဲ့တယ်'' ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။
နိုင်ငံပေါင်း ၂၆ နိုင်ငံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပသမဂ္ဂ နိုင်ငံများအပါအ၀င် ၂၂ နိုင်ငံကို လည်းကောင်း၊ မတ်လ ၂၀ ရက်မှစ၍ နီပေါနိုင်ငံ စုစုပေါင်း ၄၉ နိုင်ငံကို တိုးမြှင့်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း မန္တလေးသို့ နိုင်ငံခြားသား ခရီးသွား ၁၆၀၇၉၅ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ပထမ လေးလပတ်အတွင်း ၇၈၀၀၀ ကျော် ၀င်ရောက်ခဲ့သည်။
EMG
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံခြားသားများ ၀င်ရောက်လာစဉ်