စန္ဒီမြင့်လွင်က ၂၇ ကြိမ် မြောက် ဆီးဂိမ်းအား ကစားပြိုင်ပွဲ အကြို
လှုံ့ဆော်မှု ဖျော်ဖြေပွဲမှာ ဖျော် ဖြေဖို့ ပြင်ဦးလွင်မြို့ကို ရောက်
ရှိနေပါတယ်။ သူ့အနေနဲ့ ကို ဘိုစန်းက ဟစ်ဟော့ပ်အဖွဲ့တွေ ဖျော်ဖြေမယ်ဆိုတာနဲ့
ဒီပွဲမှာ ပါဝင်ဖြစ်တာပါလို့ ပြောပါ တယ်။ သူ့အနေနဲ့ ဒီဖျော်ဖြေ ပွဲအတွက်
ထူးထူးခြားခြား ပြင်ဆင်လာတာမရှိဘဲ တခြား
ပွဲတွေလိုပဲ ပြင်ဆင်ပြီးလာ တယ်လို့ စန္ဒီမြင့်လွင် ကပြော ပါတယ်။
စန္ဒီမြင့်လွင်က ရှိုးပွဲအနေနဲ့ အဓိက မြို့ကြီးတွေမှာပဲ ဆိုဖြစ်ပြီး ရန်
ကုန်၊ မန္တလေး၊ ပြင် ဦးလွင်မြို့တွေ မှာ ဆိုဖြစ်နေတယ်လို့ ပြောပါတယ်။
သူ့ပရိ သတ်ကတော့ ဘယ် မြို့သွားဆိုဆို အားပေး ပုံကတော့ အ တူတူ ပဲလို့သိရပါ
တယ်။ စန္ဒီမြင့် လွင်က အခု အချိန်မှာ တော့ အဆိုဘက်ကို ပိုပြီးလုပ်ဖြစ် နေတယ်
လို့ပြောပြီး ပရိသတ် ကတော့ သူ့ရဲ့တစ်ကိုယ်တော် ခွေ နှစ်ခွေလုံးထဲက
သီချင်းတွေကို ဘာဆို ဆို အားပေးကြတယ်လို့ ပြောပါတယ်။ စန္ဒီမြင့်လွင်
ရဲ့ဖေ့စ်ဘုတ်ကိုလည်း သူ့ ပရိသတ်တွေက စိတ်ဝင် စားကြပါတယ်။ ဖေ့စ်ဘုတ်မှာ
ပရိသတ်က ဘာတွေဝေဖန် အကြံပေးကြလဲဆိုတော့ “တချို့ လည်း ချစ်တာရှိပါတယ်။
တချို့ လည်း မုန်းတာရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်တဲ့သူ ရော၊
မုန်းတဲ့သူပါ သမီးက လေးစားပါတယ်။ အကုန် လုံးကိုချစ်ပါတယ်” လို့ပြောပါ တယ်။
ဟစ်ဟော့ပ်ဆိုတဲ့ အမျိုးသမီး အဆိုရှင်တွေပေါ် ထွက်လာကြဦးမှာ လို့ပြောပြီး
အခုတောင် ထက်ထက်နဲ့ မိစန္ဒီတို့ ထွက်လာပြီလို့ပြောပါတယ်။
ဟစ်ဟော့ပ် သီချင်းဆိုတဲ့ အမျိုး သမီးအဆိုရှင် အနေနဲ့ ဘာအခက် အခဲရှိလဲဆိုတော့“ယောက်ျားလေး
တွေနဲ့ရင် ပေါင်တန်းပြီးလုပ်ရတာ။ နုနုနွဲ့နွဲ့ လေး လုပ်နေလို့မရဘူး။
နည်းနည်း ခပ်ကြမ်းကြမ်းပုံစံလေး လုပ်မှဖြစ်မှာ။ အဲဒါကြောင့်ပါ။
နောက်ပိုင်းအမျိုးသမီး အဆိုရှင်ထွက် လာမှာပါ” လို့ ပြောပါတယ်။ စန္ဒီ မြင့်
လွင်က ပြင် ဦးလွင်မြို့မှာ ဇာတ်ကားရိုက် အနေ နဲ့ တစ်လ၊ နှစ်လ ကြာအောင် နေရ
တာရှိခဲ့ပြီး ဒီမှာ နေရတာ ကြိုက် တယ်၊ သဘော ကျတယ်လို့ ပြင် ဦး
လွင်မြို့နဲ့ပတ် သက်ပြီး ပြောပြ ခဲ့ပါတယ်။
Popular Myanmar
ဟစ်ဟော့ပ် သီချင်းဆိုတဲ့ အမျိုး သမီးအဆိုရှင် အနေနဲ့ ဘာအခက် အခဲရှိလဲဆိုတော့“ယောက်ျားလေ
Popular Myanmar