အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

တရုတ် ကြက်သားစက်ရုံမှာ မီးလောင် အနည်းဆုံး ၁၁၉ ဦးသေ

တရုတ်နိုင်ငံက ကြက်မွေးမြူထုတ်လုပ်ရေး စက်ရုံတရုံ က မီးလောင်မှု ကြောင့် အနည်းဆုံး လူပေါင်း ၁၁၉ ယောက်သေ ဆုံးသွားတယ်လို့သိ ရ ပါတယ်။ Jilin ပြည်နယ် Dehui မြို့က ကြက်သားစက်ရုံ မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။မီးစတင်လောင်ကျွမ်းချိန်မှာ စက်ရုံထဲမှာ အလုပ်သမားပေါင်း ၃၀၀ ရှိနေပြီး ဂိတ်တွေသော့ခတ်ထားတဲ့ အတွက်ကြောင့် အထဲမှာ ပိတ်မိခဲ့တယ်လို့ဆိုပါတယ်။
စက်ရုံရဲ့အတွင်းပိုင်း တည်ဆောက်ဖွဲ့စည်းပုံကလဲ ရှုပ်နေသလို လမ်းတွေလည်း ကျဉ်းမြောင်းတဲ့အတွက် အခြေအနေ ပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။

ပိုက်တခုက နေ စီးယိုထွက်နေတဲ့ အမိုနီးယား နဲ့ အနီးမှာ လျှပ်စစ်စနစ်က မီး တောက် တွေ့ထိပြီး မီးစတင်လောက်ကျွမ်းခဲ့တာလို့ လဲပြောနေကြပါတယ်။

အဲဒီ ကြက်ထုတ်လုပ်ရေး ကုမ္ပဏီဟာ အလုပ်သမားပေါင်း ၁၂၀၀ အလုပ်လုပ်ကိုင်တဲ့ နေရာဖြစ်ပြီး တီဗီ ရုပ်မြင်သံကြားတွေမှာ သွပ်နဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေ ကြားထဲက မီးခိုးလုံးတွေ အလိပ်လိုက် ထွက်ပေါ်လာတာကို မြင်နေရပါတယ်။

တရုတ် နိုင်ငံက အလုပ်ခွင်တွေ မှာ အခုလို မတော်တဆ အန္တရယ် ဖြစ်မှုတွေ နာမည် ကြီး ခဲ့ပေမဲ့ အခု လောက်အတိုင်းအတာအထိ ကြီးမားတဲ့ ဖြစ်ရပ်တွေသိပ်မရှိဘူးလို့ သိရပါတယ်။

ဒီလို ဖြစ်ရတာဟာ အစိုးရကနေ လုပ်ငန်းခွင်ဥပဒေ ကြပ်မတ်တာမလုပ်တဲ့အတွက် ဖြစ်ရတယ်လို့ ပြောကြသလို တချို့ကလည်း ကုမ္ပဏီတွေက လိုက်မနာလို့ ဖြစ်ရတယ်လို့ ပြောပါတယ်။

ဒီလို မတော်မဆ ဖြစ်မှုတွေမှာ စက်ရုံပိုင်ရှင် သို့မဟုတ် စက်ရုံအရာရှိကို ဖမ်းဆီး အပြစ်ပေးတာတွေ လုပ်လေ့ရှိပါတယ်။

၂၀၀၈ ခုနှစ်ကလည်း ဟောင်ကောင်ကျွန်းမှာ နှိုက်ကလပ် တစ်ခု မီးလောင်ခဲ့တဲ့အတွက် လူ ၄၄ ယောက် သေဆုံးခဲ့ရပါတယ်။ အဂတိလိုက်စားပြီး လိုင်စင်မဲ့ နှိုက်ကလပ်ကို ဖွင့်ခွင့်ပေးခဲ့တဲ့ ရဲအရာရှိတစ်ဦးကိုလည်း ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။

ABC Radio Australia
Jilin ပြည်နယ် Dehui မြို့က ကြက်သားစက်ရုံ မီးလောင်ပျက်စီးပုံ (Credit: Reuters)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...