အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

မူးယစ်ရမ်းကားတဲ့ ပြည်ထောင်စုဝန်ကြီးသား ၀န်ချတောင်းပန်လိုက်ပြီ

(1-6-2013)ညပိုင်းက ကျူးလွန် ခဲ့မိသော ရမ်းကားမှု တစ်ရပ်အား စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး (ပြည်ထောင်စု) ၀န်ကြီး၏သား၊ စစ်ကိုင်းတိုင်း ဒေသကြီး ဂုဏ်ဆောင် ဇေယျာရွှေမြေ ဘောလုံးကလပ် အသင်း ဥက္က-သူရိန် ဆိုသူက ယနေ့(3-6-2013)နေ့ ညနေ(၅)နာရီခန့်က ဦးတင်အေး နှင့် သားဖြစ်သူ
မောင်လိမ္မာဖြိုး တို့၏ နေအိမ်သို့ လာရောက်ကာ မိမိမှားပါကြောင်း အမှုမဖွင့်ဘဲ ကျေအေး ပေးနိုင်ပါရန် ၀န်ချတောင်းပန်ခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

"ညနေ(၅)နာရီလောက်မှာပါ ဦးတင်အေး ရဲ့ အိမ်ကို ကားနဲ့လာပြီးတောင်း ပန်တယ်။သူမှားသွားတယ်ဆိုတဲ့အကြောင်း နောက်နောင်ဒါမျိုးမဖြစ်စေရပါ ဘူး အမှုဖွင့်တိုင်ကြားတာတွေလည်း မလုပ်ဖို့ ပြောဆိုပြီး တောင်းပန်သွားပါ တယ်။ သူငေါက်လွတ် ဆဲလွတ်တဲ့ ရဲအရာရှိကိုတော့ ကိုယ်တိုင်ကိုယ်ကျ သွားပြီးမတောင်းပန်ဘဲ ဖုန်းဆက်ပြီးတော့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်" လို့ ဦးတင်အေး မိသားစုနှင့် နီစပ်သူတစ်ဦးကဆိုပါတယ်။

ThanLarWaddy Times

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...