အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စမ်းသပ်ပို့လွှတ်ရန် အသင့်ဖြစ်နေ

သုံးနှစ်ကြာ ဆောက်လုပ်ပြီးနောက် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် စမ်းသပ်ပို့လွှတ်နိုင်ရေးအတွက် အသင့်ဖြစ်နေပြီဖြစ်ကြောင်း တရုတ်အစိုးပိုင် CNPC က ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ထို့ပြင် ရေနံပိုက်လိုင်း တည်ဆောက်မှုမှာလည်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ရေနံပိုက်လိုင်းမှာ အရှည် ၇၇၁ ကီလိုမီတာရှိပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာမူ ၇၉၃ ကီလိုမီတာ အရှည်ရှိကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကျောက်ဖြူဒေသမှ စတင်၍ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ကနဦးကာလပိုင်းတွင် တစ်နှစ်လျှင် ကုဗမီတာ ၅ ဒသမ ၂ ဘီလျံ ပို့လွှတ်မည်ဖြစ်ပြီး နောက်ပိုင်းကာလတွင် တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံ ပို့ဆောင်မည်ဖြစ်ကြောင်းနှင့် Process Stations ခြောက်ခုကို တည်ဆောက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအတွက်မူ အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလျံကိုသာ ပို့ဆောင်ပေးမည်ဖြစ်ကာ ပိုက်လိုင်းတည်ရှိမှုအတွက် ပိုက်လိုင်းဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ကြောင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်ပြီး SEAOP နှင့် SEAGP ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကိုရီးယားနိုင်ငံ Daewoo International Corporation ဦးဆောင်သည့် အစုရှယ်ယာဝင်များနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ဖြင့် ရခိုင်ကမ်းလွန် လုပ်ကွက် A-1 နှင့် A-3 တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေခဲ့ကြောင်း၊ တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့များအား မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC-SEAP မှ ၅၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနမှ ၄၉ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းဆောင်ရွက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရေနံပိုက်လိုင်းဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းနှင့် ဖြတ်သန်းခအဖြစ် ရေနံတစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာသာ ရရှိမည်ဖြစ်ကာ တစ်နှစ်ရေနံစည် ၂၂ သန်း တင်ပို့မည် ဖြစ်သည့်အတွက် နှစ်စဉ်ရေနံ တင်ပို့ခ ၂၂ သန်း ရရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားထားသည်။

EMG

ကျောက်ဖြူမြို့နယ် မလကျေးရွာရှိ ရွှေသဘာဝဓာတ်ငွေ့ ဓာတ်ငွေ့သန့်စင်စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...