မန္တလေးမြို့တွင် ဖွဲ့စည်းထားသော ပဋိပက္ခ တားဆီးကာကွယ်ရေး အဖွဲ့ကမနေ့ကနေ့လယ် ၂နာရီကျော်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ဘုရားကြီးအလယ်တိုက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ အဖွဲ့၏
ဆရာတော်များဖြစ်သော ဦးသောဘိတ၊ ဘ၀အလင်းဆရာတော် ဦးသုမန၊ ရွှေငါးကျောင်းဂဠုနီ
ဆရာတော်၊ ရေတော်ဆရာတော် ဦးဝိသုတ တို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲသို့ ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ တက်ရောက်သည့် ဆွေးနွေးခဲ့ကြသည်။
လားရှို့မြို့တွင် မကြာသေးခင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၊ ပဋိပက္ခများကို မည်သို့ ကြိုတင်တားဆီးမည်၊ ပဋိပက္ခ ဖြစ်ပွားနေချိန် ဘာသာပေါင်းစုံ အဖွဲ့စည်းများက မည်သို့ ၀င်ရောက် ဖျန်ဖြေမည်၊ ပြန်လည် ထူထောင်ရေး မည်သို့ လုပ်ဆောင်သင့်သည်၊ ယခုအဖွဲ့အစည်း တရားဝင် အဖွဲ့ဖြစ်စေရန်အတွက် မည်သို့ လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီ