၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖက်ဒရယ်မူ မပါဝင်ကြောင်း ဇိုမီးဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က ဇွန် ၂ ရက်က ရန်ကုန်မြို့
ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။
''၂၀၀၈ အခြေခံဥပဒေမှာ ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူဆိုတာတော့ ဘာမှမဆိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ဖတ်ကြမယ်ဆိုရင် အဓိကမူများဆိုတဲ့ နေရာမှာ ဖက်ဒရယ်မူ လုံးဝမပါဘူး။ တိုင်းရင်းသားတွေ အမြင်နဲ့ ခင်ဗျားတို့ ဖက်ဒရယ်မူဟာ ဒီထဲမှာ ပါသလားဆိုတဲ့ အမြင်မျိုးနဲ့ ပြောမယ်ဆိုရင် လုံးဝမပါပါဘူး'' ဟု ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူလူထုကို အားကိုးပြီးရေးဆွဲခဲ့သည့် အခြေခံဥပဒေ မဟုတ်ကြောင်း၊ ပင်လုံစိတ်ဓာတ်နှင့် လုပ်ထားသည့် ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်အထိ ပြည့်စုံမှု မရှိသေးကြောင်း၊ တိုင်းပြည်တွင် အေးချမ်းစွာ အေးအတူ ပူအမျှ နေထိုင်ကြရန်နှင့် ဒီမိုကရေစီ စနစ်အရ နေထိုင်ကြရန် ဆိုသည်မှာ ဖက်ဒရယ်စနစ်ကိုသာ အားလုံးက မြင်ကြကြောင်းလည်း...
တိုင်းရင်းသားများ၏ အမြင်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ပြီး တစ်ချိန်လုံး ဖက်ဒရယ်မူကို အခြေခံဥပဒေထဲမှာ မပါမချင်း ပြေလည်မူ ရမှာမဟုတ်ဘူးဟု တိုင်းရင်းသားများ အားလုံးက ပြောနေခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သလဲ ဆိုသည်ကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူလူထုကို အားကိုးပြီးရေးဆွဲခဲ့သည့် အခြေခံဥပဒေ မဟုတ်ကြောင်း၊ ပင်လုံစိတ်ဓာတ်နှင့် လုပ်ထားသည့် ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်အထိ ပြည့်စုံမှု မရှိသေးကြောင်း၊ တိုင်းပြည်တွင် အေးချမ်းစွာ အေးအတူ ပူအမျှ နေထိုင်ကြရန်နှင့် ဒီမိုကရေစီ စနစ်အရ နေထိုင်ကြရန် ဆိုသည်မှာ ဖက်ဒရယ်စနစ်ကိုသာ အားလုံးက မြင်ကြကြောင်းလည်း ၎င်းက ဆိုသည်။
''လက်ရှိ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် လုံးဝမပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းကစပြီး ဒီအမွေကို ဆက်ခံတဲ့အဖွဲ့တွေက ဒီအတိုင်းသာ ဆက်ခံလိုတဲ့ သဘောရှိလို့ မပါတာပေါ့'' ဟုလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသွားသည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်ပြုလုပ်နေခြင်းဖြစ် သည့်
ယခုအကြိမ်သည် ဆဋ္ဌမ အကြိမ်မြောက်ဖြစ်ကာ ဇွန် ၁၅ ရက်တွင် ပြုလုပ်မည့်
သတ္တမအကြိမ်မြောက် ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီက
ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
EMG
ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-ဖြိုးပြည့်စုံ)See More
''၂၀၀၈ အခြေခံဥပဒေမှာ ပြောစရာတွေ အများကြီးရှိပါတယ်။ ဒီ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ကျွန်တော်တို့ ဖက်ဒရယ်မူဆိုတာတော့ ဘာမှမဆိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ဖတ်ကြမယ်ဆိုရင် အဓိကမူများဆိုတဲ့ နေရာမှာ ဖက်ဒရယ်မူ လုံးဝမပါဘူး။ တိုင်းရင်းသားတွေ အမြင်နဲ့ ခင်ဗျားတို့ ဖက်ဒရယ်မူဟာ ဒီထဲမှာ ပါသလားဆိုတဲ့ အမြင်မျိုးနဲ့ ပြောမယ်ဆိုရင် လုံးဝမပါပါဘူး'' ဟု ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူလူထုကို အားကိုးပြီးရေးဆွဲခဲ့သည့် အခြေခံဥပဒေ မဟုတ်ကြောင်း၊ ပင်လုံစိတ်ဓာတ်နှင့် လုပ်ထားသည့် ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်အထိ ပြည့်စုံမှု မရှိသေးကြောင်း၊ တိုင်းပြည်တွင် အေးချမ်းစွာ အေးအတူ ပူအမျှ နေထိုင်ကြရန်နှင့် ဒီမိုကရေစီ စနစ်အရ နေထိုင်ကြရန် ဆိုသည်မှာ ဖက်ဒရယ်စနစ်ကိုသာ အားလုံးက မြင်ကြကြောင်းလည်း...
တိုင်းရင်းသားများ၏ အမြင်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ပြီး တစ်ချိန်လုံး ဖက်ဒရယ်မူကို အခြေခံဥပဒေထဲမှာ မပါမချင်း ပြေလည်မူ ရမှာမဟုတ်ဘူးဟု တိုင်းရင်းသားများ အားလုံးက ပြောနေခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သလဲ ဆိုသည်ကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူလူထုကို အားကိုးပြီးရေးဆွဲခဲ့သည့် အခြေခံဥပဒေ မဟုတ်ကြောင်း၊ ပင်လုံစိတ်ဓာတ်နှင့် လုပ်ထားသည့် ဖက်ဒရယ်ဆိုသည်မှာ ယခုအချိန်အထိ ပြည့်စုံမှု မရှိသေးကြောင်း၊ တိုင်းပြည်တွင် အေးချမ်းစွာ အေးအတူ ပူအမျှ နေထိုင်ကြရန်နှင့် ဒီမိုကရေစီ စနစ်အရ နေထိုင်ကြရန် ဆိုသည်မှာ ဖက်ဒရယ်စနစ်ကိုသာ အားလုံးက မြင်ကြကြောင်းလည်း ၎င်းက ဆိုသည်။
''လက်ရှိ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် လုံးဝမပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်နေ၀င်းကစပြီး ဒီအမွေကို ဆက်ခံတဲ့အဖွဲ့တွေက ဒီအတိုင်းသာ ဆက်ခံလိုတဲ့ သဘောရှိလို့ မပါတာပေါ့'' ဟုလည်း ဦးပူကျင့်ရှင်းထန်က ပြောကြားသွားသည်။
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲများကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်ပြုလုပ်နေခြင်းဖြစ်