ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် မအူကွင်း နွေစပါးစိုက် တောင်သူ
လယ်သမားကြီးများ စပါးများ ရိတ်သိမ်း ခြွေလှေ့ ပြီးချိန်တွင်
စပါးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဈေးကောင်း ရရှိနေကြောင်း
သိရသည်။ ယခုနှစ် စပါးဈေးသည် ယခင်နှစ်နှင့် မတူဘဲ မေလမှာ စပါးတင်း တစ်ရာကို ငစိန်
ငွေကျပ် ၃၈ဝဝဝဝ၊ ဧည့်မထနှင့် ပေါ် ကျွဲ ငွေကျပ် ၄၂ဝဝဝဝ ၊ ပေါ်ဆန်း ငွေကျပ်
၅၁ဝဝဝဝ ပေါက်ဈေး ရှိကြောင်း၊ ယခုလို စပါးဈေး ကောင်းသည့်အတွက် စပါးစိုက်
တောင်သူများ အနေဖြင့် ဝင်ငွေ တိုးတက်နေကြောင်း နွေစပါးစိုက် တောင်သူ
လယ်သမား တစ်ဦးထံမှ သိရသည်။
မအူကွင်း တောင်သူ လယ်သမားကြီးများ နွေစပါးများအားလုံး ရိတ်သိမ်းပြီး မိုးစပါးများ ပြန်လည် စိုက်ပျိုးရန် လယ်မြေများ အတွင်း မြေသြဇာ ချခြင်း၊ မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မြ၀တီ