အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဆဲဆို၍ခဲဖြင့်ပစ်ပေါက်သူများအား ဖမ်းဆီးအရေးယူ

၁-၆-၂၀၁၃ ရက်နေ့ ၁၉၂၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂) ဈေးလေးမီးပွိုင့်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ယာဉ်/လမ်းစည်းကမ်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့နယ်၊ နောင်ခမ်းကြီးရွာနေသူများဖြစ်သော ဇော်စိုင်း(၂၃)နှစ်နှင့် ဝေဖြိုးထွန်း(ခ) ကတုံး(၂၃)နှစ်တို့(၂)ဦးသည် နံပါတ်မပါုညေဘသ -၁၂၅ ဆိုင်ကယ်စီးနင်းလာပြီး ဆိုင်ကယ်အားရပ်ကာ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ညစ်ညမ်းစွာဆဲဆိုခြိမ်းခြောက်ပြောဆိုပြီး အသင့်ပါလာသော ကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့သည်။ ထိုသို့ ခဲဖြင့်ပစ်ပေါက်မှုကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးတွင် ၀ဲပါးအောက်ဖူးရောင်နာကျင် ဒဏ်ရာရရှိခဲ့၍ ပြင်ဦးလွင်ဆေးရုံသို့ တင်ပို့ကုသထားပြီး ဇော်စိုင်းနှင့် ဝေဖြိုးထွန်း(ခ)ကတုံးတို့(၂)ဦးအား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၁၆၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၃/၂၉၄/၅၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...