အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ကားရိုက်နားတဲ့ရက်တွေဆိုရင် သီ ချင်းဘက်ကို ပြန်ပြီး စီစဉ်ဖြစ်နေသူ ဝိုင်းစုခိုင်သိန်း

ဒါရိုက်တာ သိန်း ဟန်(ဖီးနစ်) ရိုက်ကူးနေတဲ့ ချုပ်ရိုး(ယာယီ)ဇာတ်ကားကို ဝိုင်းစုခိုင်သိန်းက ဖြိုးငွေစိုးနဲ့ အတူရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားထဲ မှာဝိုင်းစုခိုင်သိန်းကသူဌေးသမီးဖြစ်ပြီး ဘုဘောက် ပြောတဲ့ကောင်မလေးအဖြစ် ဖြိုးငွေစိုးနဲ့ သရုပ်ဆောင် ထားပါတယ်။ ထွက်သမျှ အခွေတွေက ကိုယ်အနု ပညာဘဝအတွက် မှတ်တိုင်တစ်ခုပါပဲလို့ ဝိုင်း စုခိုင်သိန်းက “ဝိုင်းစုက ကားရိုက်နားတဲ့ရက်တွေ ဆိုရင် သီချင်းဘက်ကိုပြန်ပြီး စီစဉ်ဖြစ်တယ်။ သီချင်းရွေးတယ်။ ဘယ်အခွေမှာ ဘယ်လိုလုပ် ရမလဲဆိုတာစဉ်းစားဖြစ်တယ်။

သီချင်း ကျ တော့ ကိုယ့်ရဲ့စိတ်တိုင်းကျပုံဖော် ရိုက်ကူး လို့ရတယ်။ ‘မျက်လှည့်’ အခွေဆိုရင် သီချင်းတွေကအစ ဝိုင်းစု တစ်ယောက် တည်း စိတ်တိုင်းကျရွေးထားပြီး အစအဆုံး တစ်ယောက်တည်း လုပ်ထားတယ်။ သီချင်းတွေ ရွေးရင်လည်း ပရိသတ် အနေနဲ့ ပရိသတ်နားနဲ့ နားထောင်ပြီး ရွေးဖြစ်တယ်။ ဆိုရင်လည်း ကြိုးစားပြီး ဆိုဖြစ်တယ်” လို့ ပြောပါတယ်။

ငယ်ငယ်တုန်းက သူနှစ် သက်တဲ့ ကာတွန်းလေး တွေ အကြောင်းကို ဝိုင်းစုခိုင်သိန်း က” ငယ်ငယ်တုန်းက ဆိုရင် ဝိုင်းစု တွတ်ပီ နဲ့ မောင် မောင်ဇာတို့ ကာတွန်း တွေ ကို ဖတ်ခဲ့တယ်။ ကာတွန်း ဖတ်တဲ့အခါမှာ ကလေး တွေ အတွက် အသိဥာဏ် လေးတွေတိုးစေတယ်။ ဥာဏ်ရည် လည်း ပွင့် စေတယ်။

ကလေးတွေ စာဖတ်တဲ့ အကျင့် လည်း ရတယ်။ ဝိုင်းစု ကလေးဘဝကလည်းကာတွန်းတွေဖတ်ပြီး ပျော်လည်းပျော်၊ ဗဟုသုတလေးတွေ လည်းရခဲ့တယ်။ အခု ခေတ်ကလေးတွေကို လည်း ကာတွန်းလေးတွေကို ဖတ်စေချင် တယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...