မြန်မာနိုင်ငံသည်
၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်ကို ယခုနှစ်ကုန်ပိုင်းတွင်
အိမ်ရှင်အဖြစ် လက်ခံကျင်းပလိမ့်မည် ဖြစ်သည်။ မကြာသေးမီက
ထုတ်ပြန်ကြေညာချက်အရ ဖိလစ်ပိုင်နိုင်ငံက အားကစားပွဲကို သပိတ်မှောက်မည်ဟု
ဆိုသည်။ ၂ဝ၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသို့ ပို့လွှတ်ခဲ့သည့်
အားကစားသမား အရေအတွက်၏ ၁ဝ ရာခိုင်နှုန်းထက် လျှော့နည်းစေလွှတ်လိမ့်မည်ဟု ဆိုသည်။သို့ဆိုလျှင် စိုးရိမ်ဖွယ်ပင်ဖြစ်သည်။ ဤ ထုတ်ပြန်ကြေညာချက်မှာ
မြန်မာအားကစားပွဲတွင် အချို့သောကစားနည်း များကို တစ်ဖက်သတ်
တရားမျှတမှုမရှိဘဲ ဖယ်ချန်ထားမည်ဟု ကြေညာပြီးနောက် ဖိလစ်ပိုင်နိုင်ငံဖက်မှ
ဤသို့ ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်အဖြစ် ကျင်းပရသည့်အတွက်
ကွင်းအသာစီးရမှုကို အသုံးချ၍ ဗိုလ်စွဲနိုင်ရန် ကြိုးပမ်းကြသည်မှာ
မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်သည်မှာ သေချာပါသည်။
၂ဝဝ၇ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပွဲတုန်းကလည်း မလေးရှားခြင်းလုံး (တကရော) အသင်းက သပိတ်မှောက်ခဲ့ဖူးပါသည်။ အိမ်ရှင်ထိုင်း နိုင်ငံက ခြင်းလုံးအတုကို အသုံးပြုမည်ဟူသော ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဖြစ်သည်။ အဓိကကျသည့် ပြိုင်ဖက်များ မရှိသောကြောင့်လည်း ထိုင်းအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံက ဤကဲ့သို့ လမ်းမျိုးကို ပုံတူလျှောက်ချင်နေပါသလော။ ပြိုင်ပွဲကွင်းကို ညစ်ပတ်ကန့်သတ်၍ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ် သီချင်းကို သီဆိုနေပါသလော။
လူနည်းစုကသာ မြန်မာအသင်း အောင်ပွဲခံနိုင်မည့် အရေးကို ထောက်ခံပြောဆိုကြပါ လိမ့်မည်။ သို့သော် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာရုံနှင့်၊ ¤င်းနှင့် လိုက် လျောညီထွေ အားကောင်းမောင်းသန် အားကစားသမား များ နေ့ချင်းညချင်း ပေါ်ထွက်လာ လိမ့်မည် မဟုတ်ပါ။ သို့သော် နိုင်ငံတကာ အားကစားပွဲ ကျင်းပနိုင်ခြင်းကပင် လျှင် နိုင်ငံအတွက် အောင်ပွဲ တစ်ခု ဖြစ်ပ သည်။ အရှေ့တောင်အာရှ အားကစားပွဲသည် ဒေသအတွက် ပွဲလမ်းကြီး တစ်ခု ဖြစ်သလို၊ မြန်မာနိုင်ငံအတွက်လည်း ဒေသဆိုင်ရာအုပ်စု၏ အဓိကကျသည့် အဖွဲ့ဝင်တစ်ဦး ဖြစ်နေပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံက တတ်နိုင်စွမ်းသမျှ အင်အားစုအားလုံး ပါဝင်ဆင်နွှဲနိုင်စေရန် ကြိုးပမ်းဆောင်ရွက် သင့်ပါသည်။
မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝသည့်၊ ဂုဏ်ယူနိုင်သည့် အိမ်ရှင်နိုင်ငံတစ်ခုအဖြစ် ဆုံးဖြတ်ရန်မှာ ဆုတံဆိပ်အရေ အတွက်ဖြင့်သာ ဆုံးဖြတ်မှု မဟုတ်ပါ။ အားကစားအစွမ်း၊ အရည်အ သွေးဖြင့် ပြသကြရမည် ဖြစ်ပေသည်။ အိမ်ရှင်နိုင်ငံက ဆိုခဲ့သည့် ထူးခြားကျွမ်းကျင်မှု စွမ်းရည်ကို ပြသကြရပါလိမ့်မည်။ ဤသို့ အရည်အချင်းပြသနိုင်ရန်မှာ မြန်မာနိုင်ငံက ပို၍ထူးချွန်သည့် အားကစားလူရည်ချွန်များ၊ ပိုစည်ပင်များပြားသည့် အားကစားပွဲများ၊ ပို၍ ကျွမ်းကျင်သေသပ်မှုများဖြင့် သာ ဆွဲဆောင်ကြရမည် ဖြစ်ပါသည်။
၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာနိုင်ငံက လူလားမြောက်သည့် နိုင်ငံတော်တစ်ခုအနေဖြင့်
ရေရှည်မြော်မြင်ချက်ကို ထုတ်ဖော်ပြသရမည့် ပွဲဖြစ်သင့်သည်။
အင်အားစုအားလုံး ပါဝင်ဆင်နွှဲကြမည့်ပွဲ၊ ပျော်ရွှင်စွာ ကျင်းပနိုင်မည့် ပွဲတော် ဖြစ်စေသင့်ပါ သည်။ ဒေသဆိုင်ရာ အုပ်စုအတွက် သန်မာအားကောင်းသည့် သတင်းစကားအဖြစ်၊ ၂ဝ၁၃ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရုံမျှသာမဟုတ်၊ အရှေ့တောင်အာရှ တစ်ခုလုံးနှင့်အတူ မြန်မာနိုင်ငံက အင်အားစုအများ ပါဝင်ဆင်နွှဲနိုင်ကြရေးအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးသည်ဟူသည့် သတင်းကောင်းသာ ဖြစ်သင့်သည်။
မဇ္စျိမ
၂ဝဝ၇ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပွဲတုန်းကလည်း မလေးရှားခြင်းလုံး (တကရော) အသင်းက သပိတ်မှောက်ခဲ့ဖူးပါသည်။ အိမ်ရှင်ထိုင်း နိုင်ငံက ခြင်းလုံးအတုကို အသုံးပြုမည်ဟူသော ဆုံးဖြတ်ချက်ကို မကျေနပ်၍ ဖြစ်သည်။ အဓိကကျသည့် ပြိုင်ဖက်များ မရှိသောကြောင့်လည်း ထိုင်းအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံက ဤကဲ့သို့ လမ်းမျိုးကို ပုံတူလျှောက်ချင်နေပါသလော။ ပြိုင်ပွဲကွင်းကို ညစ်ပတ်ကန့်သတ်၍ နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ် သီချင်းကို သီဆိုနေပါသလော။
လူနည်းစုကသာ မြန်မာအသင်း အောင်ပွဲခံနိုင်မည့် အရေးကို ထောက်ခံပြောဆိုကြပါ လိမ့်မည်။ သို့သော် နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာရုံနှင့်၊ ¤င်းနှင့် လိုက် လျောညီထွေ အားကောင်းမောင်းသန် အားကစားသမား များ နေ့ချင်းညချင်း ပေါ်ထွက်လာ လိမ့်မည် မဟုတ်ပါ။ သို့သော် နိုင်ငံတကာ အားကစားပွဲ ကျင်းပနိုင်ခြင်းကပင် လျှင် နိုင်ငံအတွက် အောင်ပွဲ တစ်ခု ဖြစ်ပ သည်။ အရှေ့တောင်အာရှ အားကစားပွဲသည် ဒေသအတွက် ပွဲလမ်းကြီး တစ်ခု ဖြစ်သလို၊ မြန်မာနိုင်ငံအတွက်လည်း ဒေသဆိုင်ရာအုပ်စု၏ အဓိကကျသည့် အဖွဲ့ဝင်တစ်ဦး ဖြစ်နေပါသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံက တတ်နိုင်စွမ်းသမျှ အင်အားစုအားလုံး ပါဝင်ဆင်နွှဲနိုင်စေရန် ကြိုးပမ်းဆောင်ရွက် သင့်ပါသည်။
မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝသည့်၊ ဂုဏ်ယူနိုင်သည့် အိမ်ရှင်နိုင်ငံတစ်ခုအဖြစ် ဆုံးဖြတ်ရန်မှာ ဆုတံဆိပ်အရေ အတွက်ဖြင့်သာ ဆုံးဖြတ်မှု မဟုတ်ပါ။ အားကစားအစွမ်း၊ အရည်အ သွေးဖြင့် ပြသကြရမည် ဖြစ်ပေသည်။ အိမ်ရှင်နိုင်ငံက ဆိုခဲ့သည့် ထူးခြားကျွမ်းကျင်မှု စွမ်းရည်ကို ပြသကြရပါလိမ့်မည်။ ဤသို့ အရည်အချင်းပြသနိုင်ရန်မှာ မြန်မာနိုင်ငံက ပို၍ထူးချွန်သည့် အားကစားလူရည်ချွန်များ၊ ပိုစည်ပင်များပြားသည့် အားကစားပွဲများ၊ ပို၍ ကျွမ်းကျင်သေသပ်မှုများဖြင့်
၂ဝ၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာနိုင်ငံက လူလားမြောက်သည့် နိုင်ငံတော်တစ်ခုအနေဖြင့်
ရေရှည်မြော်မြင်ချက်ကို ထုတ်ဖော်ပြသရမည့် ပွဲဖြစ်သင့်သည်။
အင်အားစုအားလုံး ပါဝင်ဆင်နွှဲကြမည့်ပွဲ၊ ပျော်ရွှင်စွာ ကျင်းပနိုင်မည့် ပွဲတော် ဖြစ်စေသင့်ပါ သည်။ ဒေသဆိုင်ရာ အုပ်စုအတွက် သန်မာအားကောင်းသည့် သတင်းစကားအဖြစ်၊ ၂ဝ၁၃ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရုံမျှသာမဟ
မဇ္စျိမ