အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

မြန်မာ ယူ ၁၄ အသင်း အာရှချန်ပီယံရှစ် ခြေစစ်ပွဲမှ ထွက်ခွာခဲ့ရ

လာမည့် ၂ဝ၁၄ ခုနှစ်တွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ ၁၄ ချန်ပီယံ ရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကစားနေသော မြန်မာ ယူ ၁၄ အသင်းသည် ပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့သောကြောင့် ခြေစစ်ပွဲအုပ်စု အဆင့်မှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။အိမ်ရှင်အဖြစ် လက်ခံကစားခွင့်ရခဲ့သောကြောင့် မြန်မာလူငယ်အသင်းအား အုပ်စုမှတက်ရောက်ကာ အာရှ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရန်ပရိသတ်များက မျှော်လင့်ထားခဲ့ကြပြီး မြန်မာလူငယ်အသင်းမှာ ခြေစွမ်းမညံ့လှသော်လည်း ပြိုင်ဘက်အသင်းများမှာ ခြေစွမ်း ပိုမိုကောင်း မွန်သောကြောင့် အုပ်စုအဆင့်နှင့်ပင် ကျေနပ်လိုက်ရခြင်း ဖြစ်သည်။ အုပ်စု (င)တွင် ကျရောက်နေသော မြန်မာယူ ၁၄ အသင်းသည် မလေးရှားနှင့် ကစားခဲ့သော အဖွင့်ပွဲစဉ်တွင် (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ဖိလစ်ပိုင်အား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဗီယက်နမ်အား (၁-၃) ဂိုးဖြင့်လည်းကောင်း၊ အရှေ့တီမောအသင်းအား (၆-၁) ဂိုးတို့ဖြင့် ဆက်လက်ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ ၁၄ လူငယ်အသင်းမှာ ရမှတ် (၃) မှတ်သာ ရရှိခဲ့ကာ ဘရူနိုင်းအသင်းနှင့် နောက်ဆုံးပွဲ ကစားရန် ကျန်ရှိသေးသော်လည်း
ခြေစစ်ပွဲအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။

Mizzima

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...