အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

၈၈ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ရန်ကုန်မြို့ကို အလည်ပြန်ရောက်

ရှစ်လေးလုံးအရေးတော်ပုံမှာ ဗကသ ကျောင်းသားခေါင်းဆောင်တစ်ယောက် အနေနဲ့ ဦးဆောင်ခဲ့သလို ABSDF ခေါင်းဆောင်တစ်ယောက်အနေနဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ကိုမောင်မောင်ကျော်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၂ ရက်နေ့က ပြန်လည်ရောက်ရှိလာပါတယ်။
 သူက မတွေ့ရတာကြာပြီဖြစ်တဲ့ အမေဖြစ်သူကို ပြန်လာတွေ့တဲ့ ပုဂ္ဂိုလ်ရေး ခရီးစဉ်အနေနဲ့ အလည်ပြန်လာတာ အဓိကဖြစ်သလို ဖို့ဝိန်းမှာ ဇူလိုင်လကျရင် ပြုလုပ်မယ့် International 88 Generation Conference အတွက် ကူညီဖို့လည်း ရှိကြောင်း လေဆိပ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

သူ့ကို လေယာဉ်ကွင်းမှာ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လာရောက်ကြိုဆိုခဲ့ကြပြီး ၂၅နှစ်ကျော် မတွေ့ဖြစ်ခဲ့တဲ့ တူဖြစ်သူကို အခုလို ပြန်တွေ့ရတာ ၀မ်းသာကြောင်း ဦးလေးဖြစ်သူ ဟာသသရုပ်ဆောင် ဗေလုဝက ဆိုပါတယ်။

ကိုမောင်မောင်ကျော်တု့ မိသားစုဟာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး မိသားစု တစ်စုလုံး တောခိုခဲ့ကြပီးတော့ နောက်ပိုင်း အလင်းပြန်ဝင်လာခဲ့ချိန်မှာ ထောင်ကျခံခဲ့ကြရပါတယ်။

ရိုက်ကူး - ဖိုးသီဟ

DVB News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...