အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ကမ္ဘောဒီးယားရှိ Nike ဖိနပ်စက်ရုံ အလုပ်သမားများ အဓိကရုဏ်းဖြစ်ပွား

Nike ဖိနပ်စက်ရုံ အလုပ်သမား ၄,၀၀၀ ခန့်က လုပ်ငန်းခွင် အဆင်မပြေမှုနှင့် လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ တိုးမြှင့်ရရှိလိုကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် Nike အမှတ်တံဆိပ် ဖိနပ်စက်ရုံ အလုပ်သမားများကြား ဇွန်လ ၃ ရက် (တနင်္လာနေ့) က အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ Nike ဖိနပ်စက်ရုံ အလုပ်သမား ၄,၀၀၀ ခန့်က လုပ်ငန်းခွင် အဆင်မပြေမှုနှင့် လုပ်ခလစာကို အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာ တိုးမြှင့်ရရှိလိုကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြအလုပ်သမားတို့၏ လုပ်ခလစာ တိုးမြှင့်တောင်းဆိုမှုကို Nike စက်ရုံ စီမံခန့်ခွဲးရေးအဖွဲ့က ငြင်းဆန်ခဲ့ပြီးနောက် ထိပ်တိုက်တွေ့ကာ ရန်ပွဲများ ပေါ်ပေါက်ခဲ့သည်။ ဖနွမ်းပင်ရှိ Nike စက်ရုံတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုအတွင်း စက်ရုံအရာရှိ ၁၁ ဦးနှင့် အလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆန္ဒပြအလုပ်သမား ၇ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

Planet.com.mm

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...