အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

04 June, 2013

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများ ပြန်လည်ခေါ်ယူ

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန်အစည်း အဝေးများကို ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည်စတင် မည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့တွင် ပြန်လည်စတင်ရန် ခေါ်ယူထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
လွှတ်တော်ကိုယ်စားများအနေနှင့် လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန် ဇွန်လ ၂၃ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ လွှတ်တော်ရုံးသို့အကြောင်း ကြားရမည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် ထုတ်ပြန်သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်း အဝေးများကို မတ်လ ၂၂ ရက်နေ့တွင် အဆုံးသတ် ရပ်နားခဲ့ခြင်း ဖြစ်ရာ သုံးလခန့်အကြာတွင် ပြန်လည်စတင် ခြင်းဖြစ်သည်။

ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် အများစု
ဝေဖန်ထားသည့် ဒေါက်တာ ဆိတ်ဖွား ကိစ္စကို အပြီးသတ် ထုတ်ဖော်
ကြေညာမည့်အပြင် အငြင်းပွားလျက်ရှိသည့် မီဒီယာဥပဒေကြမ်းနှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုရန် ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပါတီ အသီးသီးနှင့် နိုင်ငံတကာ၏ စိတ်ဝင်တစား
စောင့်ကြည့်ခံထားရသည့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာ သုံးသပ်သည့် ကော်မရှင် နှင့် ကော်မတီများ ဖွဲ့စည်းရန်၊ ၂၀၁၅ခုနှစ် တွင်ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အသုံးပြုမည် မပြုမည်ကို ယခုပြန်လည် စတင်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေးမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...