အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

13 March, 2014

ရင်သွေးယူဖို့ သိပ်မဝေးတော့ပါဘူးလို့ဆိုလာတဲ့ သံသာဝင်း



အနဂ္ဂ နဲ့ သံသာဝင်းတို့ရဲ့ အိမ်ထောင်သက်တမ်းက တစ်နှစ်ကျော် ကာလထဲကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ချစ်သူ ဘဝထက် စာရင်တော့ အိမ်ထောင်သည် ဘဝကတော့ ခင်ပွန်းဖြစ်သူအပေါ်မှာ ဇနီးတစ်ယောက် အနေနဲ့ တာဝန်သိရတာမျိုးတွေတော့ ပိုလာတယ်လို့ သံသာဝင်း

ပျောက်ဆုံးနေသည့်မလေးရှားလေယာဉ်ရှာဖွေရန် မြန်မာပါဝင်ကူညီမည်

ပျောက်ဆုံးနေသည့်မလေးရှားလေယာဉ်ရှာဖွေရန် မြန်မာပါဝင်ကူညီမည်

ငါးရက်အကြာပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည် ရေဒါခြေရာခံမှုအရ မြန်မာရေပိုင်နက်နှင့်နီးသော မလက္ကာ ရေလက်ကြားသို့ မူလလမ်းကြောင်းကို သွေဖယ်ပြီးပျံသန်းသွားသည်ဟုခန့်မှန်းထားသည် ။ 

ထို့ကြောင့် မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ၏ညွှန်ကြားမှုဖြင့် SAR team က ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှအရာရှိတစ်ဦးကပြောသည် ။ 

ပျောက်ဆုံးနေသော လေယာဉ်ကို ကယ်ဆယ်ရေးများ ပြုလုပ်ရန် မြန်မာလေပိုင်နက်အတွင်းသို့ဝင်ရောက်ရှာဖွေခွင့်တောင်းထားပြီး မြန်မာဖက်ကခွင့်ပြုထားပြီးဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကပြောသည် ။ 

========================

ထင်တော့ထင်နေသေား မြန်မာ တွေ ရှာမှတွေ့မှာ ... 
ဒီမှာ ကဘယ်သူမှ မတွေးတဲ့ အတွေးအမြင်နဲ့ရှုထောင့်တွေရှိတယ်မဟုတ်လား .. 
setellite တွေ နတ်ဆရာတွေသိပ်မလိုဘူး 
ကွက်ကျော်တွေးတတ်ဖို့ပဲလိုတယ် .. :) 

သက်တန့်ချို 
ှSource 7 Days Daily
ငါးရက်အကြာပျောက်ဆုံးနေသော မလေးရှားလေယာဉ်သည် ရေဒါခြေရာခံမှုအရ မြန်မာရေပိုင်နက်နှင့်နီးသော မလက္ကာ ရေလက်ကြားသို့ မူလလမ်းကြောင်းကို သွေဖယ်ပြီးပျံသန်းသွားသည်ဟုခန့်မှန်းထားသည် ။

ထို့ကြောင့် မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ၏ညွှန်ကြားမှုဖြင့် SAR team က

ဆရာ ဖေမြင့်စာအုပ်တွေ စုစည်းမူ



၀၁။ ဖေမြင့် - နှလုံးသားအဟာရ(ရသစာများ)
http://www.mediafire.com/?mecbup3ux424ul1

၀၂။ ဖေမြင့် - နှလုံးသားအဟာရ(ပထမတွဲ)
http://www.mediafire.com/?jwqd623mee5atjc

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုသည့် မြန်မာစာနေ့၌ ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့


ဒဂုံမြို့နယ် အ.ထ.က (၁) ကျောင်းတွင် မြန်မာစာဖြေဆိုအပြီး ပြုံးပျော်ရွှင်လျက်ပြန်ထွက်လာသည့် ကျောင်းသားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင် မတ် ၁၂ ရက်၌ စတင်စစ်ဆေးခဲ့ပြီး စာမေးပွဲစတင်သည့် မြန်မာစာဖြေဆိုမှုအတွက် ကျောင်းသားအများစု ဖြေဆိုနိုင်ခဲ့ကြောင်း

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

(၁) မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။

(၂) ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း

သင်တို့ရဲ့ ချစ်ခရီးလမ်း အဆုံးသတ်တော့မယ့် သင်္ကေတ(၅)မျိုး



ချစ်ခြင်းတစ်ခု ရေရှည်တည်မြဲဖို့ဆိုတာ အမျိုးသားတွေအဖို့တော့ အတော်လေး မလွယ်တဲ့ ကိစ္စတစ်ခု ပါပဲ။ သင့်အနေနဲ့ ဘယ်လောက်ပဲ တည်မြဲလိုစိတ်ရှိနေပေမယ့် တစ်ခါတစ်ရံမှာတော့ ညှိယူဖို့ မလွယ်တဲ့ အနေအထား ၊ အယူအဆ ၊ အတွေးအခေါ်တွေကြောင့် တစ်ဦးနဲ့တစ်ဦး အမြဲတစေ ကတောက်ကဆ ဖြစ်နေရတာမျိုး ရှိနေပါလိမ့်မယ်။ အခုပြောမယ့် ဒီအကြောင်းအရာတွေထဲက တချို့အချက်တွေများ သင်တို့နှစ်ဦးကြား ရှိနေခဲ့ပြီဆိုရင်တော့ အချိန်မီပြင်ဆင်ဖို့

နန်းခင်ဇေယျာ၏ မွေးနေ့ညစာစားပွဲအား ပရိသတ် ၁၀ ဦး ရွေးချယ်ကာ ကျင်းပ

Photo: နန်းခင်ဇေယျာ၏ မွေးနေ့ညစာစားပွဲအား ပရိသတ် ၁၀ ဦး ရွေးချယ်ကာ ကျင်းပ
Thursday, March 13, 2014

သရုပ်ဆောင်နန်းခင်ဇေယျာ၏ မွေးနေ့ ညစာစားပွဲအား မတ် ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ပရိသတ် ၁၀ ဦးကို ရွေးချယ်ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မွေးနေ့ညစာစားပွဲတွင်ပရိသတ် ၁၀ ဦးနှင့်အတူ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ နန်းခင်ဇေယျာသည် ၎င်း၏ မွေးနေ့ပွဲသို့ တက်ရောက်ရန်အတွက် ပရိသတ်များကို အွန်လိုင်းမှတစ်ဆင့် မေးခွန်းများမေးမြန်းကာ ဖြေကြားစေခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အဖြေမှန်သူ ၁၀ ဦးကို မွေးနေ့ပွဲသို့ ဖိတ်ကြားတက်ရောက်စေခဲ့ပြီး မွေးနေ့ရှင် နန်းခင်ဇေယျာက မွေးနေ့ဆုလက်ဆောင်များလည်း ချီးမြှင့်ခဲ့သည်။

“နန်းခင်ရဲ့မွေးနေ့ ညစာစားပွဲလေးကို ပရိသတ်တွေနဲ့အတူတူ ပြုလုပ်ချင်တဲ့ စိတ်ကူးလေးက အရင်ကတည်းက ရှိပါတယ်။ ဒါကြောင့်မွေးနေ့ကို ပရိသတ်တွေဖိတ်ကြားဖို့ စီစဉ်ဖြစ်ခဲ့တာပါ။ နန်းခင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေကို မေးမြန်းတဲ့အခါမှာလည်း  အားလုံးက စိတ်ဝင်တစားဖြေဆိုပေးခဲ့ကြတဲ့အတွက် အရမ်းဝမ်းသာကြည်နူးရပါတယ်။ ပရိသတ်တွေ အားလုံးကို ဖိတ်ခေါ်ချင်ပေမယ့် နေရာအနေအထားကြောင့် ရွေးချယ်ဖိတ်ခေါ်ခဲ့တာပါ။
ဒီနှစ်မွေးနေ့လေးကတော့ ပျော်စရာအကောင်းဆုံးအမှတ်တရအဖြစ်ဆုံး မွေးနေ့လေးလို့ ဆိုနိုင်ပါတယ်”ဟု နန်းခင်ဇေယျာက ဆိုသည်။

နန်းခင်ဇေယျာ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်လှီးခြင်း၊ တက်ရောက်လာသည့် ပရိသတ်များနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း၊ အမှတ်တရဓာတ်ပုံ တွဲဖက်ရိုက်ကူးခြင်း၊ လက်ဆောင်လဲလှယ်ခြင်း အစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
နန်းခင်ဇေယျာ၏ မွေးနေ့ပွဲဝတ်စုံများကို ဒီဇိုင်နာ မမဉ္ဇူ၊ မပုံ့၊ ကိုမျိုးမင်းစိုး၊ ကိုပြည်စိုးအောင်တို့က တာဝန်ယူဆောင်ရွက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group
သရုပ်ဆောင်နန်းခင်ဇေယျာ၏ မွေးနေ့ ညစာစားပွဲအား မတ် ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ပရိသတ် ၁၀ ဦးကို ရွေးချယ်ဖိတ်ခေါ်ကာ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မွေးနေ့ညစာစားပွဲတွင်ပရိသတ် ၁၀ ဦးနှင့်အတူ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ နန်းခင်ဇေယျာသည် ၎င်း၏ မွေးနေ့ပွဲသို့

ကိုယ်မအားလို့ဆိုပြီး ဒါရိုက်တာနဲ့ မျက်နှာလွှဲခဲပစ် ရိုက်ခိုင်းထားတာမျိုး မလုပ်ချင်ဘူးလို့ဆိုတဲ့ အဆိုတော် အိမ့်ချစ်

Photo: ကိုယ်မအားလို့ဆိုပြီး ဒါရိုက်တာနဲ့ မျက်နှာလွှဲခဲပစ် ရိုက်ခိုင်းထားတာမျိုး မလုပ်ချင်ဘူးလို့ဆိုတဲ့ အဆိုတော် အိမ့်ချစ်
Thursday, March 13, 2014

ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်အိမ့်ချစ်ဟာ သူမရဲ့ အချစ်ရေး ဗီစီဒီနဲ့ ပတ်သက်ပြီး သေချာစီစဉ်ဖြစ်နေတယ်လို့ သိရတာကြောင့် မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အိမ့်ချစ်ရဲ့ အချစ်ရေးဗီစီဒီမှာ ဇာတ်လမ်းပုံစံမျိုးလည်းပါမယ်။ အစုံပါပါမယ်။ သေသေချာချာလေးဖြစ်ဖို့ ကောင်းကောင်းလေး ပြင်ဆင်နေပါတယ်။ တစ်လနှစ်ပုဒ် ရိုက်တဲ့အတွက်ကြောင့် အဓိကကတော့ ဇာတ်လမ်းလေးတွေ သေချာစဉ်းစားဖြစ်တာပေါ့။ နောက်ပြီးတော့ အိမ့်ချစ်ကဘယ်လိုပြောရမလဲ။ မျက်နှာလွှဲခဲပစ် ကိုယ်မအားပဲနဲ့ လွှဲထားပြီး ရိုက်ခိုင်းထားတာမျိုး မလုပ်ချင်ဘူး။ အိမ့်ချစ် မျက်စိရှေ့မှာမြင်နေမှ၊ အရာအားလုံးကို အိမ့်ချစ်ကိုယ်တိုင်လိုက် လုပ်ရမှကျေနပ်တဲ့သူဖြစ်တဲ့ အတွက်ကြောင့် ကိုယ်အားတဲ့ရက်ကိုချိန်ပြီးတော့ ကိုယ်မပါလည်း၊ ကိုယ်သရုပ်မဆောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လိုက်စီစဉ်ပေးပြီးတော့ အားလုံးကိုလုပ်ပေးချင်တယ်။ အဲဒီ့အတွက်ကြောင့် ကြာတာလည်း ပါပါတယ်။ သူများတွေကျတော့ အလုပ်လုပ်နေတယ်။ ဒါရိုက်တာနဲ့ လွှဲထားလိုက်တယ် ဆိုတာမျိုးတွေ ရှိတယ်လေ။ အဲဒီ့လိုမျိုး အိမ့်ချစ်မလုပ်တတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မျက်နှာနဲ့ လာရိုက်ပေးကြတဲ့ အနုပညာရှင်ကိုကိုယ့်မျက်နှာကို သေချာပြပြီးတော့ ဂရုတစိုက်နဲ့ သူတို့လိုအပ်မဲ့ အရာအားလုံးကို အကုန်လိုက်လုပ်ပေးချင်တယ်။ အဲဒီ့အတွက်ကြောင့် နည်းနည်းတော့ကြာတာပေါ့။ သူတို့အားမဲ့ရက်နဲ့ ကိုယ်အားမဲ့ရက် ကိုချိန်နေရတာပေါ့နော်။ အိမ့်ချစ်ရဲ့ တတိယ တစ်ကိုယ်တော်အခွေ လုပ်ဖို့အတွက် နည်းနည်း စဉ်းစားနေတုန်းပေါ့။ အသစ်တွေပဲ လုပ်ရမလား။ အဟောင်းချည်းပဲ တစ်ခွေလုံး လုပ်ဖို့အစီအစဉ်ရှိတယ်။ အဲဒီ့အတွက်ကြောင့် လည်း ဘယ်ဟာကို အရင်လုပ်ရမလဲဆိုတာကို စဉ်းစားနေတာပါ’လို့ သူမက ဆိုပါတယ်။

Trend Myanmar
ဆွဲဆောင်မှုရှိတဲ့ အသံကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်အိမ့်ချစ်ဟာ သူမရဲ့ အချစ်ရေး ဗီစီဒီနဲ့ ပတ်သက်ပြီး သေချာစီစဉ်ဖြစ်နေတယ်လို့ သိရတာကြောင့် မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘အိမ့်ချစ်ရဲ့ အချစ်ရေးဗီစီဒီမှာ ဇာတ်လမ်းပုံစံမျိုးလည်းပါမယ်။ အစုံပါပါမယ်။ သေသေချာချာလေးဖြစ်ဖို့ ကောင်းကောင်းလေး ပြင်ဆင်နေပါတယ်။ တစ်လနှစ်ပုဒ်

ပျောက်ဆုံးလေယာဉ် ၁၂ နိုင်ငံ ပူးပေါင်းရှာဖွေ



လူပေါင်း ၂၃၉ ယောက်ပါ ပျောက်ဆုံးနေတဲ့ မလေးရှားခရီးသည်တင်လေယာဉ်နဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေက အမျိုးမျိုး ပြောဆိုနေတယ်လို့ စွပ်စွဲထားတဲ့အပေါ်မှာ မလေးရှား အစိုးရတာဝန်ရှိသူတွေကတော့ ဒါကို ငြင်းဆိုလိုက်ပါတယ်။ အခုဆိုရင် ပျောက်ဆုံးနေတဲ့လေယာဉ်ကို ရှာဖွေနေတာ ၅ ရက်မြောက်

ရေကစားမဏ္ဍပ်တိုင်း စီစီတီဗွီတပ်ရမည် ၊ စီစီတီဗွီမတပ်က ဒဏ်ငွေဆယ်သိန်း

ရေကစားမဏ္ဍပ်တိုင်း စီစီတီဗွီတပ်ရမည် ၊ စီစီတီဗွီမတပ်က ဒဏ်ငွေဆယ်သိန်း

ရန်ကုန်မြို့ရေ ကစားမဏ္ဍပ်ကြီးများတွင် စီစီတီဗွီ မတပ်ဆင်လျှင် ဒဏ်ငွေကျပ် ၁ဝ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းနှင့်တံတားဌာန မှ ဒုတိယဌာနမှူးဦးမျိုးလွင်က ပြော သည်။

''လုံခြုံရေးအတွက် စီစီ တီဗွီတွေကို လိုအပ်တဲ့နေရာတွေ မှာ တပ်ရမှာပါ။ စီစီတီဗွီနေ့စဉ် မှတ်တမ်းတွေကို သက်ဆိုင်ရာရုံး ကို ည ၈နာရီမတိုင်မီပေးရမယ်''ဟု ယင်းကပြောသည်။

ရေကစားမဏ္ဍပ်ပြုလုပ် မည့်သူများအနေဖြင့် လိုက်နာရ မည့် စည်းကမ်းများကို သတ်မှတ် ပေးထားပြီး မဏ္ဍပ်တွင် စီစီတီဗွီ တပ်ဆင်ထားခြင်းမရှိလျှင် ဒဏ်ငွေ ကျပ် ၁ဝ သိန်း၊ မဏ္ဍပ်အမည်ကို မြန်မာလို ရေးထားခြင်း၊ အမည် ကိုက်ညီမှုမရှိပါက ဒဏ်ငွေကျပ်၁ဝ သိန်း၊ အမည်ရေးရာတွင် သတ်မှတ် စာလုံးအရွယ်အစားထက် သေးပါ က ငါးသိန်းမှရှစ်သိန်း၊ မဏ္ဍပ်တာ ဝန်ရှိသူများ၏ ဓာတ်ပုံနှင့် ဖုန်းနံ ပါတ်များ ချိတ်ဆွဲမထားလျှင် သိန်း ၂ဝအစရှိသည့် ဒဏ်ကြေးငွေများ ကို ပေးသွင်းရမည်ဖြစ်ကြောင်း စည်ပင်၏ သင်္ကြန်မဏ္ဍပ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည်။

''စီစီတီဗွီ တပ်တာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ အ ကြောင်းကိစ္စရှိရင် ဒီကနေပြန်ကြည့် လို့ရတာပေါ့''ဟု ၂ဝ၁၃ သင်္ကြန် တွင် ဘူငဖဖမေိ ရေကစားမဏ္ဍပ်ပြု လုပ်ခဲ့သူ ကိုထက်အောင်က ပြော သည်။

ဒဏ်ကြေးများအား ပေး ဆောင်ရာတွင် စည်းကမ်းချက်များ ချိုးဖောက်သည့် ဒဏ်ကြေးအပြင် မဏ္ဍပ်ဆောက်လုပ်ဖျက်သိမ်းမှု ကြောင့် လမ်း၊ သစ်ပင်အစရှိသည့် ပျက်စီးမှုများအတွက် ဒဏ်ကြေး များကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။

၂ဝ၁၃ခုနှစ် ရန်ကုန်မြို့ တော် မဟာသင်္ကြန်တွင် မဏ္ဍပ်၄၆ခု ခွင့်ပြုပေးခဲ့ပြီး ထိုစဉ်က ရေကစား မဏ္ဍပ်များ၏ စည်ကမ်းဖောက်ဖျက်မှု အတွက် ဒဏ်ကြေးငွေ၅၉၇သိန်း၊ ပျက်စီးမှုဒဏ်ကြေးငွေ ၁၇၈သိန်း ရရှိခဲ့ကြောင်း မြို့တော်စည်ပင်လမ်း နှင့်တံတားဌာနစာရင်းများအရ သိရသည်။

စည်းကမ်းဖောက်ဖျက် သည့်ဒဏ်ကြေးများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ သိမ်းဆည်းခဲ့ ပြီး ပျက်စီးမှုဒဏ်ကြေးများကို စည် ပင်မှသိမ်းဆည်းခဲ့ကြောင်း လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူးက ပြောသည်။

ယခု၂ဝ၁၄ခုနှစ် သင်္ကြန် တွင် ရေကစားမဏ္ဍပ် ၉၃ခု ခွင့် ပြုရန် စီစဉ်ထားကြောင်း သိရသည်။ ရေကစားမဏ္ဍပ်များကို ကန်တော် ကြီးပတ်လမ်း၊ အင်းလျားကန်ပေါင်၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် အခြားမြို့နယ်များ တွင်လည်း ဆောက်လုပ်ခွင့်ပေး မည်ဟု သိရသည်။

The Flower News Journal
ရန်ကုန်မြို့ရေ ကစားမဏ္ဍပ်ကြီးများတွင် စီစီတီဗွီ မတပ်ဆင်လျှင် ဒဏ်ငွေကျပ် ၁ဝ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းနှင့်တံတားဌာန မှ ဒုတိယဌာနမှူးဦးမျိုးလွင်က ပြော သည်။

''လုံခြုံရေးအတွက် စီစီ တီဗွီတွေကို လိုအပ်တဲ့နေရာတွေ မှာ တပ်ရမှာပါ။ စီစီတီဗွီနေ့စဉ် မှတ်တမ်းတွေကို

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...