ရန်ကုန်မြို့ရေ ကစားမဏ္ဍပ်ကြီးများတွင် စီစီတီဗွီ မတပ်ဆင်လျှင် ဒဏ်ငွေကျပ်
၁ဝ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ
လမ်းနှင့်တံတားဌာန မှ ဒုတိယဌာနမှူးဦးမျိုးလွင်က ပြော သည်။
''လုံခြုံရေးအတွက် စီစီ တီဗွီတွေကို လိုအပ်တဲ့နေရာတွေ မှာ တပ်ရမှာပါ။ စီစီတီဗွီနေ့စဉ် မှတ်တမ်းတွေကို သက်ဆိုင်ရာရုံး ကို ည ၈နာရီမတိုင်မီပေးရမယ်''ဟု ယင်းကပြောသည်။
ရေကစားမဏ္ဍပ်ပြုလုပ် မည့်သူများအနေဖြင့် လိုက်နာရ မည့် စည်းကမ်းများကို သတ်မှတ် ပေးထားပြီး မဏ္ဍပ်တွင် စီစီတီဗွီ တပ်ဆင်ထားခြင်းမရှိလျှင် ဒဏ်ငွေ ကျပ် ၁ဝ သိန်း၊ မဏ္ဍပ်အမည်ကို မြန်မာလို ရေးထားခြင်း၊ အမည် ကိုက်ညီမှုမရှိပါက ဒဏ်ငွေကျပ်၁ဝ သိန်း၊ အမည်ရေးရာတွင် သတ်မှတ် စာလုံးအရွယ်အစားထက် သေးပါ က ငါးသိန်းမှရှစ်သိန်း၊ မဏ္ဍပ်တာ ဝန်ရှိသူများ၏ ဓာတ်ပုံနှင့် ဖုန်းနံ ပါတ်များ ချိတ်ဆွဲမထားလျှင် သိန်း ၂ဝအစရှိသည့် ဒဏ်ကြေးငွေများ ကို ပေးသွင်းရမည်ဖြစ်ကြောင်း စည်ပင်၏ သင်္ကြန်မဏ္ဍပ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည်။
''စီစီတီဗွီ တပ်တာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ အ ကြောင်းကိစ္စရှိရင် ဒီကနေပြန်ကြည့် လို့ရတာပေါ့''ဟု ၂ဝ၁၃ သင်္ကြန် တွင် ဘူငဖဖမေိ ရေကစားမဏ္ဍပ်ပြု လုပ်ခဲ့သူ ကိုထက်အောင်က ပြော သည်။
ဒဏ်ကြေးများအား ပေး ဆောင်ရာတွင် စည်းကမ်းချက်များ ချိုးဖောက်သည့် ဒဏ်ကြေးအပြင် မဏ္ဍပ်ဆောက်လုပ်ဖျက်သိမ်းမှု ကြောင့် လမ်း၊ သစ်ပင်အစရှိသည့် ပျက်စီးမှုများအတွက် ဒဏ်ကြေး များကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။
၂ဝ၁၃ခုနှစ် ရန်ကုန်မြို့ တော် မဟာသင်္ကြန်တွင် မဏ္ဍပ်၄၆ခု ခွင့်ပြုပေးခဲ့ပြီး ထိုစဉ်က ရေကစား မဏ္ဍပ်များ၏ စည်ကမ်းဖောက်ဖျက်မှု အတွက် ဒဏ်ကြေးငွေ၅၉၇သိန်း၊ ပျက်စီးမှုဒဏ်ကြေးငွေ ၁၇၈သိန်း ရရှိခဲ့ကြောင်း မြို့တော်စည်ပင်လမ်း နှင့်တံတားဌာနစာရင်းများအရ သိရသည်။
စည်းကမ်းဖောက်ဖျက် သည့်ဒဏ်ကြေးများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရမှ သိမ်းဆည်းခဲ့ ပြီး ပျက်စီးမှုဒဏ်ကြေးများကို စည် ပင်မှသိမ်းဆည်းခဲ့ကြောင်း လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူးက ပြောသည်။
ယခု၂ဝ၁၄ခုနှစ် သင်္ကြန် တွင် ရေကစားမဏ္ဍပ် ၉၃ခု ခွင့် ပြုရန် စီစဉ်ထားကြောင်း သိရသည်။ ရေကစားမဏ္ဍပ်များကို ကန်တော် ကြီးပတ်လမ်း၊ အင်းလျားကန်ပေါင်၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်းနှင့် အခြားမြို့နယ်များ တွင်လည်း ဆောက်လုပ်ခွင့်ပေး မည်ဟု သိရသည်။
The Flower News Journal