ထိုင်ဝမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ထိုင်ဝမ်သမ္မတဟောင်း Chen
Shui-bian ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့ ကြိုးစားခဲ့တယ်လို့
ထိုင်ဝမ်အာဏာပိုင်တွေက ပြောပါတယ်။
သူ့အပေါ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြတာလို့ သိရပါတယ်။
ဒါပေမယ့် ထောင်အစောင့်တွေက အချိန်မှီတွေ့ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်သေကြောင်းကြံ တဲ့ အစီအစဉ် အထမမြောက်ခဲ့သလို သမ္မတဟောင်းရဲ့ စိတ်အခြေအနေက တည်ငြိမ်နေတယ်လို့လည်း ထိုင်ဝမ်အာဏာပိုင်က ပြောပါတယ်။
အသက် ၆၂ နှစ်အရွယ် သမ္မတဟောင်း Chen Shui-bian ဟာ ထိုင်ဝမ်ကျွန်းကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ထိုင်ဝမ်ကျွန်းကို လွတ်လပ်ရေးပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပြီးနောက်ပိုင်း တရုတ်အစိုးရကို အမျက်ထွက်စေခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ အမှုဟာ နိုင်ငံရေး မသမာမှုနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဟောင်း Chen Shui-bian က ပြောပါတယ်။
ဆရာဝန်တွေက သူ့ကို အိမ်မှာပဲ စောင့်ရှောက်သင့်တယ်လို့ အကြံပြုခဲ့ပေမယ့် ထိုင်ဝမ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။
ထောင်သားတစ်ဦးကို အိမ်မှာ ကျန်းမာရေးစောင့်ရှောက်ခွင့် ပေးလို့ မရဘူးလို့ ပြောပါတယ်။
သူ့ကို ထောက်ခံသူတွေနဲ့ မိသားစုဝင်တွေကတော့ လက်ရှိ အစိုးရဟာ နိုင်ငံရေး မသမာမှုကြောင့် နေမကောင်း ဖြစ်နေတာတောင် ထောင်တွင်းမှာပဲ နေခိုင်းနေတာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။
ABC Radio Australia
ထိုင်ဝမ်သမ္မတဟောင်း Chen Shui-bian (Credit: Reuters)
သူ့အပေါ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြတာလို့ သိရပါတယ်။
ဒါပေမယ့် ထောင်အစောင့်တွေက အချိန်မှီတွေ့ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်သေကြောင်းကြံ
အသက် ၆၂ နှစ်အရွယ် သမ္မတဟောင်း Chen Shui-bian ဟာ ထိုင်ဝမ်ကျွန်းကို ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ ထိုင်ဝမ်ကျွန်းကို လွတ်လပ်ရေးပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပြီးနောက်ပိုင်း တရုတ်အစိုးရကို အမျက်ထွက်စေခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ရဲ့ အမှုဟာ နိုင်ငံရေး မသမာမှုနဲ့ ဆက်စပ်နေတယ်လို့ သမ္မတဟောင်း Chen Shui-bian က ပြောပါတယ်။
ဆရာဝန်တွေက သူ့ကို အိမ်မှာပဲ စောင့်ရှောက်သင့်တယ်လို့ အကြံပြုခဲ့ပေမယ့် ထိုင်ဝမ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။
ထောင်သားတစ်ဦးကို အိမ်မှာ ကျန်းမာရေးစောင့်ရှောက်ခွင်