အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

အငြင်းပွားရေပိုင်နက်မှာ တရုတ်ရေတပ် ဆက်လက်စောင့်ကြပ်မည်

အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ အငြင်းပွားနေတဲ့ကြား ကပဲ တရုတ်အစိုးရက သူပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ရေပြင်ပိုင်နက် နယ်မြေတွေထဲမှာ စစ်သင်္ဘောတွေနဲ့ ဆက်ပြီး ကင်းလှည့်မှာဖြစ်တယ်လို့ အကြီးတန်း တရုတ်စစ်ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Shangri-La Dialogue နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ လက်ထောက်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး Qi Jianguo က အခုလိုပြောကြား လိုက်တာပါ။ အရှေ့ တရုတ်ပင်လယ်ပြင်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့ဟာ တရုတ်အစိုးရရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်တဲ့ နယ်မြေတွေလို့ လည်း ပြောကြားခဲ့ပါတယ်။

တရုတ်စစ်သင်္ဘောတွေနဲ့ ကင်းလှည့်လည်တာတွေဟာ တရားဝင်ပြီး ဒါကို အငြင်းပွားနေစရာမလိုဘူးလို့လည်း Qi က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဒီပင်လယ်ပြင် နှစ်ခုထဲမှာရှိတဲ့ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ကျွန်းတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေနဲ့ အငြင်းပွားနေတာ ဖြစ်ပါတယ်။

VOA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...