ကမ္ဘာ့ ကျန်းမာရေး ကဏ္ဍတွင် အာဖရိက အမျိုးသမီးများသည် သားအိမ် လမ်းကြောင်းနာ
ရောဂါဖြင့် အများ အပြား အသက်ဆုံးရှုံး နေကြရသည်။ ဤရောဂါမျိုးကို အမေရိကန်
ပြည်ထောင်စုနှင့် အနောက်တိုင်း နိုင်ငံ များတွင် မကြားဘူးသေးသည့်
လက်တွေ့ရောဂါမျိုး ဖြစ်နေသည်။ ထိုနိုင်ငံမှ အမျိုး သမီးတို့၏ အခြေအနေ နှင့်
ဂုဏ်သိက္ခာသည် ခင်ပွန်းသည် တစ်ယောက်အား
ကလေး အများအပြား မွေးဖွား ပေးနေရသည့် ဓလေ့ ထုံးစံပင် ဖြစ်နေပေ သည်။
မီးယပ်ဆိုင်ရာ သားအိမ်လမ်းကြောင်းနာ ရောဂါသည် အာဖရိက အမျိုး သမီး များ တွင်
အဖြစ် များနေပေသည်။ သို့သော်လည်း ဤအမျိုးသမီးများ အတွက် ခန္ဓာဗေဒ အနာတရ
ရရှိမှု ထက်ပင် ပိုနေပေသည်။
သူတို့သည် အသက်ရှင်လျက်နှင့် အသက်ဝိညာဉ် ကင်းမဲ့နေကြသူများ ဖြစ်ကြ ကြောင်း ကွန်ဂိုနိုင်ငံ ဂိုမားမြို့(Goma)ရှိ အာဖရိက HEAL ဆေးရုံမှ သားဖွားမီးယပ် ရောဂါဌာန၏ အကြီး အကဲ Dr. Justin Paluku Lussy (ဒေါက်တာဂျက်စတင် ပါလုကုလူစီ)က ပြောကြားသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသည် မီးဖွားရန် ရက်အတော်ကြာကြာ တောင့်ခံ နေရပြီး သန္ဓေသား၏ ဦးခေါင်း သည် မီးဖွားနေစဉ် မိခင်၏ တင်ပါးဆုံရှိ အရိုးကို အဆက်မပြတ် တိုးထွက် နေရသဖြင့် Obsteric Fistula ခေါ် သားအိမ်လမ်းကြောင်း ဒဏ်ရာ ဖြစ်ပေါ် လာစေခဲ့သည်။ ထို့ကြောင့် မိခင်၏ သွေးစီးထွက်မှုနှင့် တစ်သျှူးမျှင် များကို ထိခိုက်၍ အကြောသေသွား တတ်ပေသည်။
ဤသို့အားဖြင့် အခေါင်းပေါက် တစ်ခု ဖြစ်ပေါ်စေပြီး '' Fistula ''ဒဏ်ရာ ဖြစ်ပေါ်လာခဲ့သည်။ အမျိုးသမီး၏ အင်္ဂါဇာတ်နှင့် ဆီးအိမ်၊ ဆီးအိတ် သို့မဟုတ် အူမကြီး အောက်ပိုင်း စအိုကြား အခေါင်းပေါက်ဒဏ်ရာ ဖြစ်သွားစေသည်။ သူမ၏ ကလေးသည်လည်း အသက်ရှင် နိုင်ခြေ မရှိပေ။ အကယ်၍ မိခင် အသက် ရှင်သည့်တိုင်အောင် သူမသည် ဆီးကို ထိန်းသိမ်းနိုင်မည် မဟုတ် ဘဲ တစ်ခါတစ်ရံတွင် ဝမ်းသွား သည်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း ဒေါက်တာ ဂျက်စတင် ပါလုကုလူစီက ပြောကြားသည်။
Fistula ဖစ်တူလာ ရောဂါ ခံစားနေရ သူသည် အမြဲတမ်းလိုလို ဆီးထွက်၊ မစင်ထွက်နေ တတ်ကာ အနံ့ နံနေသည့် ဇနီးသည်ကို ခင်ပွန်းသည်တို့က စွန့်ပစ် သွားလေ့ရှိသည်။ ရွာသူရွာသား များကလည်း ရှောင် ကွင်း သွားလေ့ရှိပြီး ကလေး မမွေးနိုင်သည့် မိန်းမကို ခင်ပွန်း စွန့်ပစ်သည်မှာ အဆန်း မဟုတ်တော့ပေ။ ဤသို့သော အမျိုးသမီးများ အနေဖြင့် အရှက်ရပြီး ကြောက်လန့်စိတ် ဝင်နေကြရသည်။ အနံ့ကို ဖုံးအုပ်ရန် ရေမွှေး ဝယ်သုံးရသဖြင့် ငွေကုန်ကြေးကျ များနေလေ့ရှိကြောင်း စိန့်လူးဝစ်ရှိ ဝါရှင်တန် တက္ကသိုလ်၌ ဒေါက်တာ ဘွဲ့ယူရန် ကြိုးစားနေသူ အလီဆန်ဟဲလား (Alison Heller)က ပြောကြားသည်။
သူသည် နိုက်ဂျာနိုင်ငံ (Niger)၌ Fistula ရောဂါ ခွဲစိတ်မှု ခံယူမည့် အမျိုးသမီး ၅ဝ ဦးကို သုတေသန ပြုလုပ်သူ ဖြစ်သည်။ ထိုအမျိုးသမီးများသည် အသက် ၁၅ နှစ်မှ ၇ဝ အတွင်းရှိသည်။ တန်ဇန်နီးယား အမျိုးသမီး များသည် သားအိမ်လမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူပြီး ပြန်ကောင်း လာမည်ဟု မျှော်လင့်ချက် ထားရှိ သူများ ဖြစ်ကြသည်။ ပါလုကုလူစီ၏ Fistula လူနာ ၂ဝ ရာခိုင်နှုန်းသည် သူတို့၏ လူ့အဖွဲ့ အစည်းမှ ဝိုင်းပယ်ခြင်း ခံနေရသည်။ လင်မယား ကွာရှင်းမှုများကိုလည်း တွေ့နေ မြင်နေကျ ဖြစ်နေပေသည်။
ပါလု ကုလူစီသည် အာဖရိကတိုက် HEAL ဆေးရုံတွင် အခြေချ နေထိုင်ကာ ဆေးဝါး ကုသမှုများကို စတင် ဆောင်ရွက် ပေးနေသည်။ အဆိုပါ ဆေးရုံတွင် Fistula ဝေဒနာကို ကုသမှု ခံယူရန် လူနာများ အတွက် ခုတင် ၁၅၅ ခုရှိသည်။ ဤရောဂါသည်များသည် စုန်းမများဖြစ်၍ ကံဆိုးနေကြသူများ ဖြစ်ကြောင်း ယူဆခြင်း Fistula Foundation ၏ ခန့်မှန်းချက် အရ အာရှတိုက်နှင့် အာဖရိက သဲကန္တာရ တစ်ခြမ်းမှ ဤရောဂါ ဖြစ်နေသူများသည် ဆေးဝါး ကုသမှု မခံယူဘဲ ရှိနေကြကြောင်း သိရှိရသည်။ ငွေကြေး မပြည့်စုံ သူများ လည်း ဖြစ်ကြသည်။ ခေတ်အလိုက် ဆက်သွယ်မှု ပုံစံ ကင်းမဲ့နေကြ၍ အမျိုးသမီးများသည် သူတို့ ခံစားနေရသည့် ရောဂါကို ဆွေးနွေးရန် တွန့်ဆုတ် နေကြလေ့ရှိသည်။
ဒေါက်တာဘွဲ့ယူရန် ကြိုးစားနေသူ အလီဆန်ဟဲလား၏ အဆိုအရ အမျိုးသမီးများသည် ဤရောဂါ အကြောင်းကို နားမလည်ဘဲ ကုသ၍ ရကြောင်းကိုလည်း သဘောပေါက်မှု မရှိကြကြောင်း သိရှိရသည်။ အကယ်၍ ရောဂါအကြောင်း သိရှိသည့် တိုင်အောင် ခွဲစိတ်ကုသမှု ခံယူလျှင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၅ဝ ကို မတတ်နိုင် ကြသည့်အပြင် အဝေး တစ်နေရာ၌ ရှိနေသော ဆေးရုံသို့ တက်နိုင်ခြင်း မရှိကြပေ။
ဝါရှင်တန်တွင် နေထိုင်သူ အိုလီဗီယာ ဘိုဝင်း (Olivia Bowen ) ဆိုသော အမျိုးသမီးသည် အာဖရိကတိုက်မှ အမျိုးသမီးများ၏ အဆိုပါ ရောဂါ ခံစား နေရသည့် အကြောင်း အသေးစိတ် ရေးသား ဖော်ပြထားသည့် စာအုပ်ကို ဖတ်ရသဖြင့် ''One Week to End Fistula " ဆောင်ပုဒ်ဖြင့် ချို့တဲ့သော သူများအတွက် ရန်ပုံငွေ ရှာပေးနေသည်။ ဘိုဝင်းသည် အကျိုးအမြတ် မယူသော အဖွဲ့တစ်ဖွဲ့မှ ဖြစ်သည်။ အခြား အဖွဲ့အစည်းကြီး များသည် ဆင်းရဲမွဲတေမှု၊ မိခင်များ၏ ကျန်းမားရေးနှင့် လူ့အခွင့်အရေးများ အတွက် ကိုင်တွယ် ပေးနေကြစဉ် ဤ Fistula ရောဂါသည် အမျိုးသမီး တစ်ဦး၏ ပြဿနာ မဟုတ်ဘဲ လူသားအားလုံး၏ အရေးကိစ္စ ဖြစ်ကြောင်း ဘိုဝင်းက ပြောကြားသည်။ ။
မြ၀တီ