အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

03 June, 2013

တရုတ် ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ ဒါဇင် ခိုးယူခဲ့

တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်း အတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက် နက်နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရပါတယ်။
ယင်းလုပ်ရပ် အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆို တာတော့ မသိရသေးပါ ဘူး။ အမေရိကန်က ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့်အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှု မှတ်တမ်းနဲ့ နည်းပညာတွေလည်း ပါသွားပါတယ်။

အမေရိကန် စစ်တပ်တောင် ကောင်းကောင်း အသုံးမပြုရသေးတဲ့ ဦးဦးဖျားဖျား နည်းပညာ တွေပါ ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။ ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်က ဒေါကန်နေ ပါတယ်။ တရုတ်ဘက်က Cyber Attack အမြဲ ရှိနေ ပေမယ့် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။ ကြိုတင်လည်း ပြင်ဆင် မထားခဲ့ပါဘူး။ ဒါကြောင့် တရုတ် ဟက်ကာများရဲ့  ဖောက်ထွင်းမှုကို ခံလိုက်ရတာပါ။

တရုတ်ပြည်မှာ ဆိုင်ဘာ စစ်သား (ဟက်ကာ) များရဲ့  စစ်ဆင်ရေး ဟာ ၂၀၀၅ နောက်ပိုင်း ကတည်းက သိသိသာသာ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမေရိကန်မှ တရားဝင် တားမြစ်မှုတွေ ရှိခဲ့ပါသေးတယ်။ သို့ပေမယ့် နည်းပညာ အားနည်းချက်အပေါ် ဖောက်ထွင်း သွားမှု အတွက် အမေရိကန်လည်း ဘာမှမတတ်နိုင်ပါဘူး။ ယခုတော့ အချက်အလက်တွေကို ပိုမို လုံခြုံအောင် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။ အမေရိကန် ပင်တဂွန်မှ ဟက်ကာ စစ်သားများလည်း တရုတ် နိုင်ငံရဲ့  စစ်ဌာနချုပ်ကို ပြန်လည် တိုက်ခိုက်ဖွယ် ရှိတယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။

Ref: ushack

Aung Kham (TSJ team)

Techspace

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...