အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

17 May, 2014

အနုပညာကို ချစ်တဲ့ စိတ်တစ်ခုတည်း နဲ့ ကြိုးစားနေသူ ရွှေစင်

အနုပညာကို ချစ်တဲ့ စိတ်တစ်ခုတည်း နဲ့ ကြိုးစားနေသူ ရွှေစင်
သရုပ်ဆောင် ရွှေစင် က ဗီဒီယို ရိုက်ကူးရေး တွေကို ခပ်စိပ်စိပ်လေး သရုပ် ဆောင်လာ တာ တွေ့ရပြီး ဓာတ်ပုံတစ်ပုံ ရဲ့အလှတရား ကို မေးကြည့်တော့ ရွှေစင်က “ဓာတ်ပုံ post ဆိုလာရင် အမျိုးမျိုး ရှိတယ်။ ကိုယ်ရိုက်မယ့် နေရာဒေသ အပေါ် မူတည်ပြီး အဝတ်အစား ၊ မိတ်ကပ် အပြင်အဆင်က အ ရေးကြီးတယ် ။


ရွှေစင် ကဓာတ်ပုံ ပြိုင်ပွဲ ကနေ အနုပညာ လောက ကိုဝင်လာတယ် ဆိုတာက လည်း ဓာတ်ပုံ ရိုက်တာကို ဝါသနာပါ လို့ပါ။ ဓာတ်ပုံပြိုင်ပွဲမှာ ဆုရတုန်းကဆိုရင် မျက်ရည်တောင် ကျတယ်။ ဓာတ်ပုံ တစ်ပုံရဲ့ အလှတရား ဆိုရင် ရွှေစင် နားလည်တဲ့ ပုံစံကိုယ် ခံယူတာက မျက်နှာက သိပ်အရေးကြီးတယ်။ ပညာရှင် မဟုတ်တော့ အကျယ်တဝင့် မပြောတတ်ဘူး” လို့ ပြောပြခဲ့ပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး စိတ်ပင်ပန်းမှု စိတ်ဆင်းရဲမှု နဲ့ကော ကြုံတွေ့ ဖူးလား မေးကြည့်တော့ “ကိုယ် မဟုတ်ဘူး။ ဒါပေမဲ့ အပြောခံရတယ်။ ဒီကောလာဟလ ဆိုတာ ကို ခံရတိုင်း ဝမ်းနည်းမိတယ်။ကိုယ်မ ဟုတ်တာ ကို ပြောရ လားဆိုပြီး ပြန်ဖြေရှင်း မှပြဿနာက ကြီးလာပြီး ဒီထက်ပို ခံစားရမှာ လည်း စိုးရိမ်တယ်။ မဖြေရှင်းဘဲနေ ရအောင် လည်း ကိုယ်မှ မဟုတ်တာကို ဒီနှစ်ခုကြားမှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ရပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အနေအထားမှာ ဒီအနု ပညာကို ချစ်တဲ့စိတ် နဲ့ ဝါသနာပါတဲ့ စိတ်နဲ့ ကြိုးစားတယ်။
ပရိသတ် အားပေးမှ အနုပညာကို လုပ်ခွင့်ရမှာ ဆိုတော့ ကိုယ့်ကို တစ်မျိုးမြင် မှာကိုလည်း စိုးရိမ် တဲ့စိတ်က တအား ပူလောင် တယ်။ ပရိသတ်တွေ ရဲ့ အားပေး မှုနဲ့အခက် အခဲတွေကိုမမှုဘဲ စိတ်ကို ဒီအနုပညာထဲ မှာ နှစ်ထား ပြီး ကြိုးစားခဲ့တယ်။
အခု ဗီဒီယို တွေတောက်လျှောက် ရိုက်ကူး ခွင့်ရတာ လည်း ပရိသတ်တွေ ကြောင့် ပါ”လို့ ပြောပြခဲ့ပါတယ်။ ရွှေစင်က လတ်တလောမှာ သူထူးစံ နဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးပြီးပါက ချောင်းသာ ကမ်းခြေမှာ ဗီဒီယိုဇာတ်ကား အသစ် ထပ်ရိုက်ကူးဖို့ ရှိကြောင်း သရုပ်ဆောင် ရွှေစင်က ပြောပြ ခဲ့ပါတယ်။ 
ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...