မြန်မာ့ရေထွက်ကုန်များကို
ရုရှားဈေးကွက်မှ ဥရောပဈေးကွက်သို့ တင်ပို့နေသည့်
စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ပို့ကုန်များကို ၀ယ်ယူရန်
ကမ်းလှမ်းထားမှုများ ရှိကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များထံမှ
သိရသည်။ရေထွက်ကုန်များကို ဥရောပ ဈေးကွက်ကို တင်ပို့သည့်အတိုင်း
ရုရှားတာဝန်ရှိသူများမှ စက်ရုံများကို စစ်ဆေးပြီးမှသာ ပို့ကုန်များကို
ရုရှားဈေးကွက်သို့ တင်ပို့၍ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း
ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး
ဦးထွန်းအေးက ပြောကြားသည်။''ရုရှားနိုင်ငံမှ buyer တွေက
ရေထွက်ကုန်တွေကို အီးယူလိုပဲ တင်သွင်းလာရင်တော့ ၀ယ်ယူဖို့ အသင့်ပဲ။
ကျွန်တော်တို့ဆီကို အီးမေလ်းပေါင်း မြောက်မြားစွာ ပို့ထားတာတွေ ရှိပါတယ်။
ဒါပေမဲ့ ရုရှားက စက်ရုံတွေကို စစ်ဆေးတဲ့သူ လာစစ်ပြီးမှ ရုရှားဈေးကွက်ကို
တင်ပို့လို့ရမှာ ဖြစ်ပါတယ်။ ရုရှားဈေးကွက်မှာ G to G ချိတ်ပြီးတော့
တင်ပို့နိုင်ဖို့အတွက် အစိုးရဌာနက လုပ်ပေးဖို့ လိုအပ်ပါတယ်'' ဟု
အတွင်းရေးမှူး ဦးထွန်းအေးက ဆက်လက်ပြောသည်။
အမေရိကန်ဈေးကွက်နှင့် ဥရောပ ဈေးကွက်များသို့ မြန်မာရေထွက်ကုန်များ ဖြစ်သည့် ငါး၊ ပုစွန်များကို သတ်မှတ်စံနှုန်းများနှင့်အညီ တင်ပို့ရောင်းချလျက်ရှိကြော င်း သိရသည်။
အီးယူ၏ ဂျီအက်စ်ပီ အခွန်သက်သာခွင့်ကို လာမည့်ဇွန်လခန့်တွင် စတင်ရရှိ တော့မည် ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များကို ဥရောပဈေးကွက်၏ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ရှိကြောင်း သိရသည်။
''အီးယူဈေးကွက်ရဲ့ ဂျီအက်စ်ပီက တာ့ အခုအချိန်ထိ မရသေးပါဘူး။ အီးယူကတော့ ဂျီအက်စ်ပီပေးဖို့တော့ စီစဉ်နေပါပြီ။ မကြာခင်ရတော့မှာပါ။ ရာခိုင်နှုန်း ဘယ်လောက်ပေးမလဲဆိုတာ မသိသေးပါဘူး။ ဖွံ့ဖြိုးမှု နည်းပါးသေးတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ရာခိုင်နှုန်း'ဇီးရိုး'ဖို့ များပါတယ်'' ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဦးထွန်းအေးက ပြောကြားသည်။
မကြာမီကာလအတွင်း အီးယူ၏ ဂျီ အက်စ်ပီ ခွန်သက်သာခွင့် ရရှိတော့မည်ဖြစ်ပြီး အီးယူနိုင်ငံများမှ ပညာရှင်များသည် အီးယူ၏ ဂျီအက်စ်ပီနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးမှုပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အီးယူနိုင်ငံများသို့ တင်ပို့ခွင့်ရသည့် မြန်မာ့ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သည့် စက်ရုံ ၁၃ ရုံရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။
EMG
အမေရိကန်ဈေးကွက်နှင့် ဥရောပ ဈေးကွက်များသို့ မြန်မာရေထွက်ကုန်များ ဖြစ်သည့် ငါး၊ ပုစွန်များကို သတ်မှတ်စံနှုန်းများနှင့်အညီ
အီးယူ၏ ဂျီအက်စ်ပီ အခွန်သက်သာခွင့်ကို လာမည့်ဇွန်လခန့်တွင် စတင်ရရှိ တော့မည် ဖြစ်သောကြောင့် မြန်မာ့ရေထွက်ကုန်များကို ဥရောပဈေးကွက်၏ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ရှိကြောင်း သိရသည်။
''အီးယူဈေးကွက်ရဲ့ ဂျီအက်စ်ပီက တာ့ အခုအချိန်ထိ မရသေးပါဘူး။ အီးယူကတော့ ဂျီအက်စ်ပီပေးဖို့တော့ စီစဉ်နေပါပြီ။ မကြာခင်ရတော့မှာပါ။ ရာခိုင်နှုန်း ဘယ်လောက်ပေးမလဲဆိုတာ မသိသေးပါဘူး။ ဖွံ့ဖြိုးမှု နည်းပါးသေးတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ရာခိုင်နှုန်း'ဇီးရိုး'ဖို့ များပါတယ်'' ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ပို့ကုန