နေပြည်တော်တွင်
ကျင်းပမည့် (၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင်
မိုးကုတ်ကျောက် အပါအ၀င် ကျောက်မျက် အတွဲ ၂၅၀ ကျော်၊ ပုလဲအတွဲ ၂၅၅ တွဲနှင့်
ကျောက်စိမ်းအတွဲ ၁၀၀၀၀ ကျော် ရောင်းမည်ဟု သိရသည်။ကျောက်မျက်အတွဲ ၂၅၀ ကျော်ကို အခြေခံဈေး ယူရို ၅၀၀ မှ ၂၀၀၀၀ ကျော်အထိ
သတ်မှတ်ကာ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ပုလဲအတွဲ ၂၅၅ တွဲကို
အခြေခံဈေး ယူရို ၂၀၀၀ မှ ၁၀၀၀၀ ကျော်အထိ သတ်မှတ်ကာ ဈေးပြိုင်စနစ်ဖြင့်
ရောင်းချမည်ဟု သိရသည်။ ကျောက်စိမ်းကို အခြေခံဈေး ယူရိုငွေ ၄၀၀၀ မှ ၂၀၀၀၀၀
အထိ သတ်မှတ်ကာ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။ ကျောက်မျက် အတွဲ ၂၅၀ ကျော်အား တင်ဒါခေါ်ရာတွင် လွတ်လပ်စွာ
ဝယ်ယူခွင့် ရရှိရန်အတွက် လုပ်ငန်းရှင်အချို့က မျှော်လင့်လျက်ရှိကြောင်း
သိရသည်။
ယခင်ပြပွဲတွင် ကျောက်မျက်အတွဲ လေလံဆွဲဝယ်ယူရာ၌ လုပ်ငန်းရှင်အချို့မှ ၀ယ်ယူလိုသူများ ၀ယ်ရခက်စေရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းခဲ့သည့် အတွက် ၀ယ်ယူခွင့် မရရှိခြင်း၊ ကျောက်မျက်များအား လွတ်လပ်စွာ ကြည့်ရှုခွင့် မရခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်တချို့က အတွဲအချို့အား မည်သူမျှ ၀ယ်ယူခြင်း မပြုနိုင်စေရန် နည်းလမ်းစုံသုံးခဲ့သည့် အပေါ် ''ကျောက်မျက်အတွဲက ပြပွဲမှာနည်းတယ်။ ကျောက်စိမ်းအတွဲ အများဆုံး ရောင်းတာ။ တချို့လုပ်ငန်းရှင်တွေက အရင်ပြပွဲတုန်းကဆိုရင် သူတို့ဝယ်ဖို့ လုပ်ထားတဲ့ အတွဲကို သူများတွေ မ၀ယ်နိုင်အောင် လုပ်ကြတယ်။ တကယ်တော့ အပြိုင်အဆိုင်ဆိုရင် ကျောက်ကောင်းရင် ကောင်းသလောက် တစ်သန်းလည်း ရနိုင်တယ်လေ။ နိုင်ငံလည်းနာတယ်။ တကယ် ၀ယ်ချင်တဲ့သူလည်း မရဘူး။ ဒီနှစ်တော့ ဒါမျိုးမရှိနိုင်တော့ဘူးလို့  မျှော်လင့်ထားတယ်'' ဟု ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
Eleven Media Group
ယခင်ပြပွဲတွင် ကျောက်မျက်အတွဲ လေလံဆွဲဝယ်ယူရာ၌ လုပ်ငန်းရှင်အချို့မှ ၀ယ်ယူလိုသူများ ၀ယ်ရခက်စေရန် နည်းလမ်းစုံဖြင့် ကြိုးပမ်းခဲ့သည့် အတွက် ၀ယ်ယူခွင့် မရရှိခြင်း၊ ကျောက်မျက်များအား လွတ်လပ်စွာ ကြည့်ရှုခွင့် မရခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
လုပ်ငန်းရှင်တချို့က အတွဲအချို့အား မည်သူမျှ ၀ယ်ယူခြင်း မပြုနိုင်စေရန် နည်းလမ်းစုံသုံးခဲ့သည့် အပေါ် ''ကျောက်မျက်အတွဲက ပြပွဲမှာနည်းတယ်။ ကျောက်စိမ်းအတွဲ အများဆုံး ရောင်းတာ။ တချို့လုပ်ငန်းရှင်တွေက အရင်ပြပွဲတုန်းကဆိုရင် သူတို့ဝယ်ဖို့ လုပ်ထားတဲ့ အတွဲကို သူများတွေ မ၀ယ်နိုင်အောင် လုပ်ကြတယ်။ တကယ်တော့ အပြိုင်အဆိုင်ဆိုရင် ကျောက်ကောင်းရင် ကောင်းသလောက် တစ်သန်းလည်း ရနိုင်တယ်လေ။ နိုင်ငံလည်းနာတယ်။ တကယ် ၀ယ်ချင်တဲ့သူလည်း မရဘူး။ ဒီနှစ်တော့ ဒါမျိုးမရှိနိုင်တော့ဘူးလို
Eleven Media Group