အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

NATO နှင့် ရုရှားရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်မည်

NATO နှင့် ရုရှားနိုင်ငံတို့သည် ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ပင်လယ်နက် အတွင်း၌ မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ ဆိုင်ရာ NATO သံတမန် အလက်ဇန္ဒြား ဂရက်ရှ်ကိုက မေ ၂၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ ရေတပ်ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းကို NATO နှင့် ရုရှား နိုင်ငံအကြား လေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အစပျိုး ဆောင်ရွက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဆောင် ရွက်ခြင်း ဖြစ်ကြောင်းနှင့် NATO နှင့် ရုရှားနိုင်ငံက ကမ ကထပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ ရေတပ် ပူးတွဲစစ်ရေး လေ့ကျင့်ခန်းသည် လေကြောင်းမှ တစ်ဆင့် အကြမ်းဖက် ခြိမ်းခြောက်မှုများကို ကာကွယ် တားဆီးရေး အတွက် ရည်ရွယ်သည့် စစ်ရေး လေ့ကျင့်မှုတစ်ရပ် ဖြစ်ကြောင်းနှင့် လေ့ကျင့်ခန်းတွင် တူရကီ၊ ပိုလန်နှင့် နော်ဝေနိုင်ငံ တို့လည်း ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

NATO အဖွဲ့အနေဖြင့်လည်း Steadfast Jazz-2013 အမည်ရှိ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို နိုဝင်ဘာလ အတွင်း၌ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မြပြင် လေ့ကျင့်ခန်းများ ကို ဘောလ်တစ် ဒေသတွင်း နိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယား နိုင်ငံတို့နှင့် ပိုလန် နိုင်ငံတို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လေ့ကျင့်ခန်းတွင် စစ်ဘက်ဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှု၊ ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းအား သိမ်းပိုက်ရရှိရေး ဆောင်ရွက်မှုနှင့် နိုင်ငံတစ်ခု၏ ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှု ခိုင်မာစေရေး ဆောင်ရွက်မှုတို့ ဆိုင်ရာ ဖြစ်စဉ် အကြောင်းအရာများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...