အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

တောင် နှင့် အပြိုင် မြောက်ကိုရီးယားကလည်း ကမ္ဘာ့အဆင့်မီ ရေခဲပြင် စကိတ်ကွင်း တည်ဆောက်နေ

တောင်ကိုရီးယား က ၂ဝ၁၈ ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ လက်ခံ ကျင်းပရန်အတွက် ပြင်ဆင်နေသည့် နည်းတူ မြောက်ကိုရီးယားကလည်း ကမ္ဘာ့ အဆင့်မီ စကိတ်အပန်းဖြေစခန်းတစ်ခု တည်ဆောက်နေကြောင်းသိရသည်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က နိုင်ငံ၏ အရှေ့မြောက် အရပ်ရှိမာဆစ်တောင်တန်းပေါ်မှကမ္ဘာ့အဆင့်မီကစားကွင်းအပန်းဖြေစခန်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက် စစ်ဆေးခဲ့ကြောင်းနိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။
ယခုနှစ်ကုန်တွင် လက်စသတ် နိုင်မည့် အဆိုပါ အပန်းဖြေအားကစား ကွင်းတွင် ဟိုတယ်တစ်လုံး၊ ဟယ်လီ ကော်ပတာကွင်း၊ ကောင်းကင်
ကြိုးဆွဲ ကားနှင့် အရှည်မိုင် ၇ဝ ကျော်ရှိသည့် စကိတ်အားကစားမျိုးစုံ ကစားနိုင်မည့် ကွင်းပါ ရှိမည်ဟု KCNA က ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံတွင် ခေတ်ပညာ သင်ကြားခဲ့သော ကင်က ရေခဲပြင်
စကိတ် ကွင်းသည် ကမ္ဘာ့အဆင့်မီရုံမက ပို၍ စိတ်ဝင်စားဖွယ်များ
တွေ့ရမည်ဟု ဆိုသည်။

တောင်နှင့်မြောက်ကိုရီးယား နှစ် နိုင်ငံသည် ၂ဝဝဝ ခုနှစ် ဆစ်ဒနီ
နွေရာသီ အိုလံပစ်နှင့် ၂ဝဝ၄ ခုနှစ် အေသင် အိုလံပစ် အတွက် အတူပူးတွဲ လေ့ကျင့် မှုရှိခဲ့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးရွာ လာသဖြင့် ၂ဝဝ၈ ပေကျင်း အိုလံ ပစ်နှင့် ၂ဝ၁၂ လန်ဒန် အိုလံပစ်တို့ အတွက် ပူးတွဲ လေ့ကျင့်မှု မရှိခဲ့ပေ။

KYL
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...