အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

31 May, 2013

နမ့်စန်- ကျိုင်းတုံ လမ်းပိုင်းတွင် လမ်းချဲ့ မြေတူး ဖော်ခြင်း ဆောင်ရွက်စဉ် ဗုံးဟောင်း တစ်လုံး တွေ့ရှိ

မေ ၂၈ ရက် နံနက် ၁ဝ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ နမ့်စန်-ကျိုင်းတုံ လမ်းပိုင်း တစ်ဝိုက် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဘက်ဟိုး မြေတူးစက်ဖြင့် လမ်းချဲ့မြေတူးခြင်း ဆောင်ရွက်စဉ် အရှည် ၄ ပေ ၅ လက်မ၊ အချင်း ၁ ပေ၊ လုံးပတ် ၂ ပေခန့်ရှိ ဗုံးသီးအဟောင်း တစ်လုံးအား နမ့်စန်မြို့နယ်၊ နမ့်မော်ခေါက်ဆင့် တံတားအနီး မီတာ ၁ဝဝဝ ခန့်အကွာတွင် တူးဖော် တွေ့ရှိ၍ တံတား လုံခြုံရေး အဖွဲ့ထံ သွားရောက် အကြောင်းကြားခဲ့ရာ လုံခြုံရေး အဖွဲ့များမှ သွားရောက် စစ်ဆေးပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစေရန် အတွက် သဲအိတ်များဖြင့် စနစ်တကျ ကာရံ၍ မေ ၂၉ ရက် မွန်း လွဲ ၁ နာရီက နယ်မြေခံ တပ်မတော် မိုင်းရှင်းလင်း ဖောက်ခွဲရေး အဖွဲ့က ဖောက် ခွဲ ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...