အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

အသက် ၆ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေ

အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း Pershore မြို့ မှာ နေထိုင်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။
အသက် ၆ နှစ်သာ ရှိသေးပြီး ဖခင်ရဲ့ ရေဒိယို အသံလွင့်ဌာနမှာ ဒီဂျေ အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ TBFM Online အမည်ရ ရေဒီယို အသံလွင့်ဌာန တစ်ခုဖြစ်ပြီး သြစတေးလျ၊ အမေရိကန်၊ အဂ်လန်နဲ့ အခြား ကမ္ဘာတစ်ဝန်းက နိုင်ငံကြီးတွေမှာ နာမည်ရနေတဲ့ ရေဒီယိုလိုင်း တစ်ခု ဖြစ် ပါတယ်။
ညနေ Pershore မူလတန်းကျောင်းကနေပြန်တိုင်း ဖခင်ရှိရာ အသံလွင့် ဌာနသို့ သွားရောက်ပါတယ်။ ပြီးတော့ စတူဒီယိုမှာ ရှိတဲ့ စက်ပစ္စည်းတွေကို စမ်းသပ်အသုံးပြုရင်း သီချင်း၊ ဂီတကို ပါရမီပါတဲံ့ ၆ နှစ်အရွယ် Amber Jacobs က သီချင်းများကို စိတ်ကြိုက် ဖန်တီးပြသပါတယ်။ သူမရဲ့ ဖန်တီးချက်ဟာ အဆင့်မှီတဲ့အတွက် ရေဒီယို လှိုင်း မှာ ထုတ်လွင့်ကြည့်တော့ အားပေးတဲ့ သူ များပြားခဲ့ပါတယ်။
သူမရဲ့ ဖန်တီးချက်ကို အသိမှတ်ပြုပြီး အသက် ၆ နှစ်အရွယ် ကလေးမလေး လို့တောင် ဘယ်သူမှ မသိခဲ့ပါဘူး။ ကလေးတော်တော်များများက One Direction နဲ့ ဂျက်စတင်ဘီဘာတို့ကို စွဲလမ်းနေချိန် သူကတော့ ဟဲဗီးမယ်တယ်နဲ့ ရောခ့်ဂီတ ရူးသွတ်သူ ဖြစ်ပါတယ်။ Ozzy Osbourne နဲ့ Rob Zombie ဆိုတာ သူ ခရေဇီဖြစ်တဲ့ Heavy Metal အဆိုတော် နှစ်ဦး ဖြစ် ပါတယ်။ သူပြောတဲ့ ဂီတအကြောင်းအရာများကလည်း သာမန်လူအတွက် လိုက်လို့မမှီလောက်အောင် အိုင်ကျူမြင့်လှတယ်လို့ ရေဒီယို နားဆင်သူ အချို့ က Feedback ပြန်ပေးထားပါတယ်။ ဂီတ ဆော့ဖ်ဝဲများကို ပိုင်ပိုင်နိုင်နိုင် အသုံးပြု နိုင်သူလည်း ဖြစ်ပါတယ်။

စတူဒီယိုထဲမှာ တစ်ရက်ကို သူ့အတွက် ၂ နာရီ ထုတ်လွင့်ချိန်ပေးထားပြီး ယင်းအချိန်တွင်းမှာ သူက ခေါင်းဆောင် ဖြစ်ပါတယ်။ စတူဒီယိုထဲမှာ လက်ညိုးထိုး ခိုင်းစေနေတဲ့ သူဟာ ဝါရင့် ဒီဂျေတစ်ဦးမဟုတ်ပဲ ၆ နှစ်အရွယ် ပါရမီရှင်လေး ဖြစ်နေတာကို လူအများအံ့သြခဲ့ပါတယ်။

ယခုနောက်ပိုင်း နာမည်ကြီးလာပြီး သူမရဲ့  တစ်ကိုယ်တော် ဒီဂျေရှိုးတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပရဟိတ ရန်ပုံငွေပွဲတွေအပြင် အခြား ဂီအဖွဲ့  များနဲ့ ပူးပေါင်းပြီးလည်း ပရော်ဖက်ရှင်နယ် ဆန်ဆန် ဒီဂျေကစားပြအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမကို ကမ္ဘာ့ အသက်အငယ်ဆုံး ဒီဂျေ အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင် ရန် ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။
-----
Ref:Zumart
ရိုးရာလေး

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...