အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

မူးယစ် ပူးပေါင်း နှိမ်နင်းရေး မဲခေါင် စီမံချက် လူ ၁ ထောင်ကျော် ဖမ်းဆီးနိုင်

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း ရဲတွေဟာ မဲခေါင်မြစ်တကြောမှာ ဧပြီလက စတင်ခဲ့တဲ့ မူးရစ်နှိမ်နင်းရေး စီမံချက် ပူးပေါင်း ဆောင်ရွက်နေရာမှာ မူးရစ်အမှုပေါင်း ၈၀၄ မှုနဲ့ သံသယရှိသူ လူ ၁၁၀၀ ကျော်ကို ဖမ်း ဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာက ဗုဒ္ဓဟူးနေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး မူရစ်ဆေး အမျိုးမျိုး ၃ တန်နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒါဟာ မူးရစ်ဆေးနဲ့ ဆက်စပ်ပြီး နောက်ဆက် တွဲ ရာဇ၀တ်မှု ကျူးလွန်မှုတွေလည်း မဲခေါင်မြစ် တလျှောက် ထိထိရောက်ရောက် ထိန်းသိမ်းတာဖြစ်တယ် လို့ ဆင်ဝှာသတင်းတပုဒ်က ဆိုပါတယ်။
ပူးပေါင်း စီမံချက်မှာ အကြီးဆုံး ဖမ်းဆီးရမိလိုက်တာကတော့ မြန်မာ- တရုတ် ရဲတွေက မေလ ၁၂ ရက်
နေ့မှာ မြန်မာနိုင်ငံ ကနေ တရားမ၀င် မက်သာဖက်တမင်း စိတ်ကြွဆေးတွေ တရုတ်ပြည်ကို ပို့နေ တဲ့ မြန်မာအုတ်စုတစုကို ဖော်ထုတ် စီးနင်း လိုက်တာဖြစ်ပြီ ၃ လတာ ပူးပေါင်းဆောင်ရွက်မှုအတွင်း အရေအတွက်အများဆုံး ဖမ်းမိတာလည်း ဖြစ်တယ်လို့ ဆိုတယ်။

အဲဒီဖမ်းဆီးမှုမှာ မက်သာဖက်တမင်း စိတ်ကြွဆေး ကီလို ၂၀ နဲ့အတူ လူ ၃ ဦး၊ ပစ္စတို တလက်၊ မော်တော် ယာဉ် ၂ စီး တို့ ကို ဖမ်းဆီးနိုင်လိုက်ပါတယ်လို့ ကြေညာချက် က ဆိုပါတယ်။

တရုတ်နိုင်ငံ ဟူနန်နဲ့ ယူနန်အနောက်တောင်ပိုင်းက ရဲတွေက မေလ ၁၂ ရက်နေ့မှာ အဓိကကျတဲ့ မူးရစ်ဆေးဝါး မှောင်ခို ဂိုဏ်းကြီးတခုကို စီးနင်းနိုင်ခဲ့ပြီး လူပေါင်း ၃၅ ဦး ကိုဖမ်းဆီးခဲ့ပါတယ်။

မူးရစ်တိုက်ဖျက်ရေး ပူးပေါင်းမှု စီမံချက် ဗဟိုဌာနချုပ် ရဲ့ ကွပ်ကဲမှုနဲ့ အဲဒီဖမ်းဆီးမှုမှာ စုစုပေါင်း မူးရစ်ဆေး ၁၂ ကီလိုဂရမ် ဖမ်းဆီးရမိလိုက်တယ်လို့ ဆင်ဝှာသတင်းက ဆိုတယ်။

မဲခေါင်မြစ်ကို ကယ်တင်ပါ ( Safe River) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပူးပေါင်း ရဲအဖွဲ့ရဲ့ မူးရစ်နှိမ်နင်းရေး ကင်ပိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က စပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာစတင် ကြေညာခဲ့တာပါ။

ဧရာဝတီblog
မဲခေါင်မြစ်၊ ဓာတ်ပုံ mekongcruisetrip.com

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...