အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

မြန်မာ့စွယ်စုံဆင်အား ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုရန် သီရိလင်္ကာသို့ လှူဒါန်း

သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းမည့် စွယ်စုံဆင်အား တွေ့ရစဉ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ မြန်မာ့စွယ်စုံဆင် တစ်ကောင်အား သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစွယ်တော် လှည့်လည်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။အဆိုပါ လှူဒါန်းပွဲကို မေ၂၈ ရက်နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်သက်သက်ဇင်နှင့် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.R. Piyasiri တို့မှ တက်ရောက်ခဲ့ကြသည်။

"သီရိလင်္ကာနိုင်ငံက ကန္နီမြို့ စွယ်တော်တိုက်မှာ တစ်နှစ်တစ်ကြိမ် စွယ်တော်လှည့်လည်ပွဲ လုပ်ပါတယ်။ အဲဒီအခါမှာ စွယ်တော်ကို ပင့်ဆောင်လှည့်လည်ရာမှာ စွယ်စုံဆင်တွေနဲ့ပဲ အသုံးပြုပါတယ်။

လက်ရှိစွယ်စုံဆင် တစ်ကောင်က သေသွားတဲ့အတွက် အခုလို မြန်မာနိုင်ငံဆီကနေ စွယ်စုံဆင် အလှူခံတာပါ။ ဒီဆင်ကို ဘာအလုပ်မှ မခိုင်းဘဲ စွယ်တော်လှည့်ဖို့ အတွက်ပဲ အသုံးပြုပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက် သွားမှာပါ။ သီရိလင်္ကာ နိုင်ငံဘက်ကနေလည်း အခြားတရိစ္ဆာန်တစ်ကောင် လက်ဆောင်ပြန်ပေးဖို့ အစီအစဉ် ရှိပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဒေါ်သန်းသန်းဇော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လှူဒါန်းသော အောင်လင်းဦးအမည်ရှိ စွယ်စုံဆင်မှာ အသက်ခြောက်နှစ်အရွယ်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သာယာဝတီ သစ်ထုတ်လုပ်ရေး ဒေသရှိ မြိုင်ဟေ၀န် ဆင်စခန်းမှဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာက စွယ်စုံဆင်တွေ မရှားပေမယ့် သီရိလကာင်္နိုင်ငံမှာက စွယ်စုံဆင် ရှားတဲ့အတွက် အခုလို လှူဒါန်းတာပါ။ စွယ်စုံဆင်ဆိုတာ အစွယ်နှစ်စုံက ရှေ့ဘက်ကို ရှည်ထွက်နေတဲ့ဆင်ကို ခေါ်တာပါ။ ဒီဆင်ကို လေးနှစ်သားကစပြီး ယဉ်ပါးအောင် သင်ကြားပေးထားပါတယ်" ဟု အဆိုပါဆင်အား လေ့ကျင့်ထိန်းကျောင်းပေးသူ သာယာဝတီ၊ မြိုင်ဟေ၀န်ဆင်စခန်းမှ ကိုထွန်းထွန်းဝင်းက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန အနေဖြင့် ၂၀၀၆ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စွယ်စုံနှစ်ကောင်အား သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်သို့လည်ကောင်း၊ ၂၀၀၉ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကိုလံဘိုမြို့၊ မဟာရာဇာဓိဟာရ၊ ကိုတေးဘုန်းတော်ကြီး ကျောင်းတိုက်သို့လည်းကောင်း လှူဒါန်းခဲ့ကြောင်းသိရသည်။

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...