အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ကျောင်းအပ်စဉ် အလှူငွေကောက်ခံမှုကြောင့် အုပ်ချုပ်ရေးမှူးထံ တိုင်ကြား

ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်စဉ် အလှူငွေ ကောက်ခံခြင်းကို နှစ်စဉ်တင်းကျပ်စွာ တားမြစ်ထားသော်လည်း မြဝတီမြို့ရှိ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် အလှူငွေ ကောက်ခံခြင်းကြောင့် ကျောင်းသားမိဘများ ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မေလ ၂၆ ရက်နေ့တွင် လာရောက်တိုင်ကြား ထားကြောင်း အုပ်ချုပ်ရေးမှူး ဦးစိုးနောင် က The Voice သို့ပြောကြားသည်။
အဆိုပါကျောင်းမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတိုင်းကို ကျောင်းအပ်ရာတွင်
ငွေကျပ်သုံးထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ မိဘများထံမှ သိရသည်။
"အစိုးရက မူလတန်းအဆင့်တွေ အားလုံး အခမဲ့ပညာရေးစနစ် ဆောင်ရွက် နေချိန်မှာ ဒီလိုငွေကြေးတောင်းခံတာ မပြုလုပ်ရဘူးလို့ ပြောထားတဲ့အတွက် အရေးယူဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးကို တင်ထားတယ်"ဟု အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောဆိုသည်။

"ငွေကြေးကောက်ခံတဲ့ ပညာရေး ဝန်ထမ်းကို သေချာစစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမယ်" ဟု မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က The Voice သို့ ထပ်လောင်းပြောဆိုသည်။

ပညာရေးဝန်ကြီးဌာနက မသင်မနေရ မူလတန်းပညာရေးစနစ် အတွက် ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းဝင်ကြေး အခမဲ့အပြင် ပြဋ္ဌာန်းစာအုပ်များ၊ ဗလာ စာအုပ်ခြောက်အုပ်နှင့် ငွေကျပ်တစ်ထောင်စီ ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရားဝင် ကြေညာထားသည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...