အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

အလုပ်သမား ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားရခြင်းတွင် စက်မှုဇုန် မီးပျက်ခြင်း၊ ဒေါ်လာဈေး တက်ခြင်းတို့မှာ အဓိက အကြောင်းအရာဖြစ်ဟု စက်မှုဇုန်ဥက္ကဋ္ဌ ပြောကြား

စက်မှုဇုန် မီးပျက်ခြင်း၊ ဒေါ်လာဈေး တက်ခြင်းတို့မှာ အလုပ်သမားဆန္ဒ ထုတ်ဖော်မှု ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းအရာဖြစ်ကြောင်း အလုပ်သမား ဆန္ဒထုတ်ဖော်မှု အများဆုံး ဖြစ်ပွားနေသည့် လှိုင်သာယာ စက်မှုဇုန်မှ ဥက္ကဌဖြစ်သူ ဦးမြတ်သင်းအောင်၏ ပြောကြားချက်အရ သိရသည်။
ယင်းသို့ ပြောကြားမှုကို မေ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သော လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးရုံး၌ ကျင်းပသည့် လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင်
ထည့်သွင်းပြောကြား ခဲ့ခြင်းလည်း ဖြစ်သည်။
"လုပ်ငန်းရှင်တွေကတော့ အတိုင်းအတာ တစ်ခုထိ တိုးမြှင့်ပေးခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ စက်မှုဇုန် လုပ်သားတွေက သူတို့ကို ကျပ် ၂၀၀၀၀ ထပ်တိုးမြှင့်ပေးဖို့ တောင်းဆိုထားပေမယ့် လုပ်ငန်းရှင် တော်တော်များများက မပေးနိုင်ကြလို့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ စက်မှုဇုန်တွေမှာ မီးပျက်တယ်။ မီးပျက်တော့ ကုန်ထုတ်လုပ်မှုတွေ လျော့ကြတယ်။ ပြီးတော့ မီးစက်တွေ ၀ယ်ရတယ်။ အဘက်ဘက်က ကုန်ကျစရိတ်တွေက ဘက်ပေါင်းစုံ များပြားလာတဲ့အတွက် စက်ရုံလုပ်ငန်းရှင်တွေဘက်ကို ပြန်ကြည့်သင့်တယ်" ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။
ယင်းအပြင် နိုင်ငံတကာတွင် ဒေါ်လာဈေးတက်နှုန်းမှာ နှစ်ရာခိုင်နှုန်း မပြည့်သေးသော်လည်း မြန်မာနိုင်ငံတွင်မှု တစ်လခွဲကျော်အတွင်း ၁၁ ရာခိုင်နှုန်းကျော်သည်ထိ ရှိနေမှုမှာလည်း စက်ရုံလုပ်သားတွေအပေါ် များစွာသက်ရောက်ခဲ့ကြောင်း၊ ယင်းအပြင် နွေရာသီ ဖြစ်နေသဖြင့် ပို့ကုန်မှာ ရှားပါးနေကြောင်း၊ ၎င်းအတွက် စက်ရုံလုပ်သားများအား ဘောနပ်ကြေး၊ ရှားပါးစရိတ်နှင့် လုပ်ခလစာ တိုးမြှင့်မှုတို့တွင် များစွာသက်ရောက်ကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် လှိုင်သာယာ စက်မှုဇုန်၌ အခြေခံ လုပ်ခလစာ တိုးမြှင့်ပေးရေးနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သည့် စက်ရုံ ၈၀ ခန့် ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဆန္ဒထုတ်ဖော်နေသည့် စက်ရုံ ၁၅ ရုံကျော် ရှိနေကြောင်း သိရသည်။      

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...