အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးအဖွဲ့ကတိမတည်မှု

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းမှာ မြေဖို့ လမ်းခင်းလုပ်ငန်း များကို ဆောင်ရွက် နေသောကြောင့် ၄၉လမ်း အပေါ်ဘက်ဖြစ် သော ရပ်ကွက်များမှာ မိုးရေနှင့် ဆည်ရေများ ၀ပ်နေပါသဖြင့် ရေနုတ်မြောင်းကို ပိတောက်လမ်းအတိုင်း ၅၁လမ်း အထိ ဖောက်ချရန် နှင့် ရပ်ကွက် အတွင်းရေများ မ၀င်ရောက်ရန် ပြုလုပ်ပေးမည်ဟု မြရည်နန္ဒာ အုပ်ချုပ်ရေးမှူးနှင့် လမ်းခင်းနေသော ကုမ္ပဏီ မှ
လာရောက် ပြောပြသဖြင့် အဆင်ပြေစေရန် ရပ်ကွက်သူ/သားများ လက်ခံခဲ့ပါသည် ။

 သို့သော် အမှန်တကယ် ဖောက်လုပ်သောအခါတွင်  ၅၁ လမ်းထိ ဖောက်လုပ်ပေးခြင်းမရှိပါသဖြင့် ရပ်ကွက်အတွင်း ရေ များ ၀င်ရောက်ကာ  ရပ်ကွက်သူ/သား များ ရေဘေးဒုက္ခများ ဖြစ်ပေါ်နေပါသည်။ ထိုပြင် လမ်းများပေါ် ရေများ ၀င်ရောက်နေသဖြင့်  ယာဉ်များ သွားလာရန် ခက်ခဲခြင်း လျက်ရှိပါသည်။

သက်ဆိုင်ရာ မြို့နယ်စည်ပင် သို့ တင်ပြထားပါသော် လည်း  ကွင်းဆင်း ကြည့်ရှုပြီး ပြုလုပ်ပေးမည့် ဟုပြောကာ ယခု အချိန်ထိ ဆက်လက် လုပ်ဆောင်ပေးခြင်း မရှိပါသဖြင့် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

မြရည်နန္ဒာ ရပ်ကွက်သူ/သားများ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...