အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူး ဗိုလ်မှူးကြီး ဝင်းမောင်နှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမှ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့သည် ခန်းမစင်မြင့်ထက်သို့ ရောက်ရှိနေရာ ယူကြရာ အခမ်းအနားသို့ တက်ရောက်လာသူ အားလုံး က အရို အသေပြု နှုတ်ဆက်ကြသည်။

ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တော်ဝင်ဘွဲ့တံဆိပ် အဆောင်အယောင် များအား Protocol Officer ထံသို့ ပေးအပ်သည်။

ယင်းနောက် သံတမန် အရာရှိက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိမိ တာဝန်ကို ထူးချွန် အောင်မြင်စွာ ဆောင်ရွက်နိုင်သည် သာမက မြန်မာ- ထိုင်း တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရေးကို တိုးတက်အောင် မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်သဖြင့် ထိုင်းဘုရင်မင်းမြတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မွန်မြတ်သော ဆောင်ရွက်ချက်များကို ချီးကျူး ဂုဏ်ပြုသောအားဖြင့် ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင် ဘွဲ့တံဆိပ်အား ပေးအပ်ချီးမြှင့် ပါကြောင်းဖြင့် တော်ဝင်ဘွဲ့တံဆိပ် ခန့်အပ်လွှာအား ဖတ်ကြား တင်ပြသည်။

၎င်းနောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တော်ဝင်ဘွဲ့အဆောင် အယောင်စလွယ်နှင့် အဆောင်အယောင် တံဆိပ်တို့အား တပ်ဆင်ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။

ဆက်လက်၍ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂုဏ်ပြုကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျေးဇူး တင်ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်းဖြင့် ပြန်လည် ပြောကြားသည်။

ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူ ကြူလှအား စင်မြင့်ထက်သို့ ခေါ်ဆောင်၍ ဂုဏ်ပြုနှုတ်ဆက်သည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ နှင့်ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက ဂုဏ်ပြု နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် General Tanasak Pati- mapragorn တို့အား အခမ်းအနား တက်ရောက်သူ အားလုံးက သံတမန် အရာရှိ အမိန့်ဖြင့် စင်မြင့်ထက်မှ မထွက်ခွာမီ ဂါရဝ ပြုကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ နှင့်ဇနီးများ စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် စစ်ရေးပြကွင်းရှိ အလေးပြုခံ စင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏ နှုတ်ဆက် အလေးပြုခြင်းကို ခံယူသည်။

ထိုအချိန်တွင် ထိုင်းဘုရင့် တပ်မတော် စစ်တီးဝိုင်း အဖွဲ့က Maharerk သီချင်းအား တီးမှုတ်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ရုံး၊ စစ်ရေးပြကွင်းမှ မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာရာ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...