အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

စစ်မှုထမ်းဆောင် ပြီးနောက် အနုပညာ လုပ်ငန်းများကို ပြန်လည် လုပ်ဆောင်တော့မည့် ရိန်း

တောင်ကိုရီးယား အဆိုတော် ရိန်းသည် စစ်မှုထမ်းဆောင် ပြီးနောက် ၎င်း၏ အနုပညာလုပ် ငန်းများကို ပြန်လည်စတင်ရန် Cube Entertainment ကုမ္ပဏီနှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
Cube Entertainment ကုမ္ပဏီမှ အမှုဆောင် အရာရှိ ဟောင်ဆောင်ဆုန်သည် အဆိုပါ သတင်းကို အေဂျင်စီ၏ တရားဝင် စာမျက်နှာတွင် ဖော်ပြခဲ့သည်။ မိမိတို့... အနေဖြင့် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ထောက်ပံ့ခဲ့ကြပြီး အကြံဥာဏ်ပေးရန် အတွက်လည်း တုံ့ဆိုင်းမှု မရှိခဲ့ကြောင်း၊ ထောက်ပံ့မှုများ ပေးနိုင်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ပြီး အောင်မြင်မှုများကို မြင်တွေ့ရသည့် အတွက် ဝမ်းသာကြောင်း ၎င်းက ပြောကြားထားသည်။

ဟောင်ဆောင်ဆုန်နှင့် ရိန်းတို့သည် လွန်ခဲ့သည့် ဆယ်နှစ်ကျော် ကတည်းက တစ်ဦးနှင့်တစ်ဦး သိရှိခဲ့သူများ ဖြစ်သည်။ ယခုအခါ ၎င်းတို့နှစ်ဦးသည် လာမည့် ဇူလိုင်လတွင် ရိန်း စစ်မှုထမ်း တာဝန်ပြီးဆုံး ပြီးနောက် အနုပညာ လုပ်ငန်းများကို ထပ်မံပူးတွဲ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...